လောကတွင် မိတ်ဆွေ ကောင်းရှိသလို မိတ်ဆွေတု လည်း ရှိပါသည်။ယခု ဖော်ပြပေးမဲ့ အကြောင်းအရာကတော့ မိတ်ဆွေ တုလေးပါး ပဲဖြစ်ပါတယ်။
ကျမ်းကိုး။ ။ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု စာအုပ်..
- အယူသာရှိ၍ အပေးမရှိသော မိတ်ဆွေတု(အညဒတ္တုရမိတ်တု)
- နှုတ်သာပါ၍ လက်မပါသော မိတ်ဆွေတု(၀စီပရမမိတ်တု)
- ရှေ့တွင်သာ အကောင်းပြောသော မိတ်ဆွေတု(အနာပိယဘာဏီမိတ်တု)
- ယုတ်မာမှုတွင် အဖော်ညှိသော မိတ်ဆွေတု(အပါယသဟာမိတ်တု)
အယူသာရှိ အပေးမရှိသော မိတ်တုလေးယောက် အဂါင်္(၄)ပါး
- အယူသာရှိ၍ အပေးမရှိသူ၊
- နည်းနည်းပေးပြီး များများရလိုသူ၊
- ဘေးရန်ကြုံမှ လုပ်ကိုင်ပေးသူ၊
- ကိုယ်ကျိုးငဲ့၍ ပေါင်းသူ၊
နှုတ်သာဆို လက်မပါ မိတ်တုလေးယောက် အဂါင်္(၄)ပါး
- လွန်ပြီးသားကို ပြော၍ လောကွတ်ပြုသူ၊
- အနာဂတ်ကိုပြော၍ လောကွတ်ပြုသူ၊
- ပစ္စည်းမပါ ဗလာချည်းနှီးဖြင့် လောကွတ်ပြုသူ၊
- လောလောဆယ် ပျက်စီးမှုကို အကြောင်းပြုသူ၊
ရှေ့တွင်အကောင်းပြော မိတ်တုလေးယောက် အဂါင်္(၄)ပါး
- မကောင်းရာကို ခွင့်ပြုသူ၊
- ကောင်းရာကိုလည်း ခွင့်ပြုသူ၊
- ရှေ့တွင်သာ ချီးမွမ်းသူ၊
- ကွယ်ရာ၌ ကဲ့ရဲ့သူ၊
ယုတ်မာမှု အဖော်ညှိ မိတ်တုလေးယောက် အဂါင်္(၄)ပါး
- အရက်သောက်ရာ၌ အဖော်လုပ်သူ၊
- အခါမဲ့သွားရာ၌ အဖော်လုပ်သူ၊
- ပွဲသဘင်သွားရာ၌ အဖော်လုပ်သူ၊
- လောင်းကစားရာ၌ အဖော်လုပ်သူ၊
ကျမ်းကိုး။ ။ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု စာအုပ်..
0 comments:
Post a Comment