ကံသုံးပါး ကိုလူတိုင်းနေ့တိုင်းကျုးလွန်နေကြစမြဲပါ။ကျွန်တော်လည်း ပါပါတယ်အဲအထဲမှာ။ကာယကံနဲ့ မနောကံကို မကျုးလွန်ဘူး ဆိုရင်တောင်မှ ၀စီကံကိုတော့ နေ့တိုင်းကျူးလွန်ကြမှာပါ။ဒါကြောင့် ကံသုံးပါး ကျူးလွန်ရင် ဘာတွေ ဖြစ်မယ်ဆိုတာကို ဖော်ပြလိုက်ရပါတယ်။
- ကာယကံ-ကိုယ်ဖြင့်ပြုသောအမှု၊
- ၀စီကံ-နှုတ်ဖြင့်ပြုသောအမှု၊
- မနောကံ-စိတ်ဖြင့်ကြံသောအမှု၊
ကာယကံ(၃)ပါး
- ပါဏာတိပါတ-သူ့အသက်သတ်ခြင်း၊
- အဒိန္နာဒါန-သူ့ဥစ္စာခိုးယူခြင်း၊
- ကာမေသုမိစ္ဆာစာရ-သူ့သားမယား အိမ်ရာပြစ်မှားခြင်း။
ဝစီကံ(၄)ပါး
- မုသာဝါဒ-မဟုတ်မမှန်စကားပြောခြင်း၊
- ပိသုဏ၀ါစာ-ချောပစ်ကုန်းတိုက်သော စကားပြောခြင်း၊
- ဖရုသ၀ါစ-ကြမ်းတမ်းသော စကားပြောခြင်း(အယုတ်တမာ ဆဲရေးခြင်း)၊
- သမ္ဖပ္ပလာပ-သိမ်ဖျင်းသော စကားပြောခြင်း(အနှစ်မဲ့ စကားပြောကြားခြင်း)၊
မုသာဝါဒ အပြစ် (၄)ပါး
- ငရဲသို့ လားစေတတ်၏။
- တိရစ္ဆာန် အမျိုး၌ ဖြစ်စေတတ်၏။
- ပြိတ္တာဘုံသို့ ရောက်စေတတ်၏။
- မဟုတ်မတရား အစွပ်စွဲခံရတတ်၏။
ပိသုဏ၀ါစာ အပြစ်(၄)ပါး
- ငရဲသို့ လားစေတတ်၏။
- တိရစ္ဆာန် အမျိုး၌ ဖြစ်စေတတ်၏။
- ပြိတ္တာဘုံသို့ ရောက်စေတတ်၏။
- မိတ်ဆွေများနှင့် ကွဲပြားစေတတ်၏။
ဖရုသ၀ါစ အပြစ်(၄)ပါး
- ငရဲသို့ လားစေတတ်၏။
- တိရစ္ဆာန် အမျိုး၌ ဖြစ်စေတတ်၏။
- ပြိတ္တာဘုံသို့ ရောက်စေတတ်၏။
- မနှစ်သက်ဖွယ်သော အသံကို ဖြစ်စေတတ်၏။
သမ္ဖပ္ပလာပ အပြစ်(၄)ပါး
- ငရဲသို့ လားစေတတ်၏။
- တိရစ္ဆာန် အမျိုး၌ ဖြစ်စေတတ်၏။
- ပြိတ္တာဘုံသို့ ရောက်စေတတ်၏။
- မယူအပ်သောစကားကို ဖြစ်စေတတ်၏။
မနောကံ(၃)ပါး
- အဘိဇ္ဈာ-သူတစ်ပါး စည်းစိမ်ကို မတရားကြံစည်ခြင်း၊
- ဗျာပါဒ-သူတစ်ပါး ပျက်စီးအောင် ဖျက်ဆီးခြင်း၊
- မိစ္ဆာဒိဋ္ဌိ-အယူမှားခြင်း။
ကျမ်းကိုး။ ။ဗုဒ္ဓဘာသာ ယဉ်ကျေးမှု လက်စွဲစာအုပ်။
0 comments:
Post a Comment