"စာကြည့်တိုက် အလှူတော်"

ကျွန်တော်တို့  ကာလုဂါ မြန်မာကျောင်းသားများ (BMSTU) မှ Village KD ၏ စတုတ္ထအကြိမ်အလှူအဖြစ် လှူဒါန်းခဲ့သော ရန်ကုန်တိုင်၊ လှည်းကူးမြို့နယ်၊ အင်ကြင်းတောင်ခြေ၊ စာဘူးတောင်းကျေးရွာရှိ မြန်မာ့စိမ်းလန်းမြေ လူငယ်ဖွံ့ဖြိုးရေးဂေဟာတွင် လိုအပ်နေသော စာကြည့်တိုက် အလှူအတွက် မြန်မာငွေ ၁ သိန်း ကျပ် (၁၀၀၀၀၀/ိ) ပေးပို့ လှူဒါန်းခဲ့ပါသည်။ မြန်မာနိုင်ငံသို့  ကိုးသောင်းကိုးထောင့် နှစ်ရာကျပ်(၉၉၂၀၀/ိ) ရောက်ရှိခဲ့ပါသည်။ ကျောင်းသားများ ထည့်ဝင်သော အလှူငွေ (၃၆၅၀)ရူဘယ်။ မြန်မာငွေလဲနှုန်း ၁ ဒေါ်လာ = ၈၈၀ ကျပ်။ ပိုငွေ ၁၃၀ ရူဘယ်။ အလှူငွေကို ဒေါ်မြသူဇာအေး (၇/လပတ(နိုင်)092688) သို့  ကမ္ဘောဇ ဘဏ်မှ တဆင့် လွဲပို့ လှူဒါန်းခဲ့ပါသည်။ ထိုစာကြည့်တိုက်သည် မိဘမဲ့ကလေးသုံးဆယ်ကျော်နှင့် ရွာနီးစပ်ချုပ်ရှိ ကလေးငယ်များ၊ ရွာသူရွာသားများပါ အသိဥာဏ်ဖွင့်ဖြိုးစေရန် ရည်ရွယ်ပြီး ဖွင့်လစ်မည်ဖြစ်သည်။ လှူဒါန်းမှုများအတွက် သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ပါကြောင်း…………………။

0 comments:

 

‘တရားတော်များ’

Powered by Blogger.