"ငရဲကြီး(၈)ထပ်"

ငရဲ ရှိတယ်လို့ ကမ္ဘာ့သိပ္ပံပညာရှင်များက ယနေ့ လက်ခံ ခဲ့ကြသလို ကျွန်တော်တို့တွေကလည်း ငယ်ငယ်ကလေးတည်းက ငရဲရှိတယ်လို့ ဗုဒ္ဓဘာသာအယူဝါဒမှာ သိခဲ့ကြပြီးဖြစ်ပါတယ်။ကောင်းတာလုပ်ရင် နိဗ္ဗာန်ရောက်မယ်၊မကောင်းတာလုပ်ရင် ငရဲကြမယ်လို့ ငယ်ငယ်တုန်းက လူကြီးတွေ ပြောစကားအရ နားရည်ဝခဲ့ပါပြီ၊အခုဖော်ပြမဲ့ အကြောင်းအရာက တော့ ငရဲကြီး(၈)ထပ် အကြောင်းနဲ့ ဘယ်ငရဲက ဘယ်နှစ်နှစ် ကျခံရမယ်၊ ဘယ်လိုခံစားရမယ်ဆိုတာကို ဖော်ပြပေးချင်ပါတယ်။

၁။ သိဉ္ဇိုးငရဲ-အဖန်တလဲလဲ အသက်ရှင်ခံရသော ငရဲ။
-တရားစောင့် ရဟန်း၊ပုဏ္ဏား တို့ကို ပြစ်မှားသူတို့ ကျခံရသည်။
-ငရဲအသက် နှစ်(၅၀၀) ရှိသည်။

၂။ ငရဲသားကိုယ်ပေါ်တွင် မျဉ်းနက်ဆွဲသားပြီး ပခွပ်၊ဓား စသည်တို့ဖြင့် ခုတ်ဆွဲခံရသော ငရဲ ဖြစ်သည်။
-ရဟန္တာ စသောသူတော်စင်တို့ကို မရိုမသေ တုတ်၊ဓား၊လှံ စသည်တို့ဖြင့် ညှဉ်းဆဲသောသူတို့ ခံရသည်။
-ငရဲ သက်တမ်း (၁၀၀၀)ရှိသည်။

၃။ သံဃာတငရဲ-မီးစွဲတောက်နေသော သံတောင်းကြီးတို့ဖြင့် အမြဲကြိတ်ခံနေရသော ငရဲ။
-သူ့အသတ်သတ်ခြင်း စသောမကောင်းမှုပြုသူတို့ ခံစားရသည်။
-ငရဲ သက်တမ်း (၂၀၀၀) ရှိသည်။

၎။ ရောရုဝငရဲ-ကြိးကျယ်သော အသံတို့ဖြင့် အမြဲ မပြတ် ငိုကြွေးနေရသော ငရဲ။
-မကောင်းမှု အကုသိုလ် အလိုအလျောက် စိတ်နောက်ကိုယ်ပါ ပြုသူတို့ ခံရသည်။
-ငရဲ သက်တမ်း (၄၀၀၀) ရှိသည်။

၅။ မဟာရောရုဝငရဲ- ရောရုဝငရဲ ထပ်ကြီးလေးပြင်းထန်စွာ ခံရသောငရဲ။
-သီလ၊သမာဓိ၊ပညာနှင့် ပြည့်စုံသော ရဟန်း၊သံဃာ တို့ကိုပြစ်မှားခြင်း စသောမကောင်းမှုပြုသူတို့ ခံရသောငရဲဖြစ်သည်။
-ငရဲ သက်တမ်း(၈၀၀၀) ရှိသည်။

၆။ တာပနငရဲ-အမြဲပူလောင်စွာ ခံစားနေရသော ငရဲ။
-လင်ယောကျာ်း ကိုမရိုမသေ၊မလေးမစား ပြုသောမိန်းမတို့ ခံစားရသော ငရဲ ဖြစ်သည်။
-ငရဲ သက်တမ်း (၁၆၀၀၀) ရှိသည်။

၇။ မဟာတာပနငရဲ-တာပနငရဲထက် ဆင်းရဲဒုက္ခ ပိုမိုခံစားရသောငရဲ။
-အဂတိတရားလိုက်စားသူနှင့် လင်ယောကျာ်းကို နိုင်လိုမင်းထက် ရက်စက်ကြမ်းကြုတ်စွာ ပြုသော မိန်းမတို့ ခံစားရသည်။
-ငရဲ သက်တမ်း အန္တရကပ် တစ်ဝက်ရှိသည်။

၈။ အ၀ီစိငရဲ-ငရဲမီးလျှံ မပြတ်၊ဆင်းရဲဒုက္ခ အကြားအလပ် မရှိသောခံစားရသော ငရဲ။
-ပဉ္ဇာနန္တရိယကံ ကျုးလွန်သူတို့ ကျရောက်ခံရသည်။
-ငရဲ သက်တမ်း အန္တရကပ် တစ်ဝက်ရှိသည်။

ငရဲကြီးတစ်ထပ် တစ်ထပ်လျှင် ငရဲငယ် လေးခု ခြံရံလျက် ရှိသည်။ ယင်းကို ဥဿဒ ငရဲငယ်ဟုခေါ်သည်။

ငရဲငယ်(၄)ခု
  • ဘင်ပုပ်ငရဲ
  • ပြာပူငရဲ
  • လက်ပံတော ငရဲ
  • သန်လျက်ငရဲ
ယင်းသည် အရပ်လေးမျက်နှာတွင်ရှိ၍ ၄-နှင့်မြှောက်က ငရဲတစ်ထပ်လျှင် ငရဲငယ်(၁၆) ခုရှိသည်။ ယင်းငရဲငယ်(၁၆) ခုကို ငရဲကြီး (၈) ထပ်နှင့်မြှောက်ပါက ငရဲငယ်ပေါင်း(၁၂၀) ရှိသည်။





ကျမ်းကိုး။ ။ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု လက်စွဲစာအုပ်။

Ditulis Oleh : သားငယ် // 11:23
Kategori:

0 comments:

 

‘တရားတော်များ’

Powered by Blogger.