"ကိုးကွယ်ရာ ရတနာသုံးပါး"

လူတစ်ဦးတစ်ယောက်သည် ဗုဒ္ဓဘာသာနှင့် စပ်လျဉ်း၍ ယုံကြည့်ရမည့် အချက်များကို ယုံကြည်ပါမှ ဗုဒ္ဓဘာသာတစ်ယောက် ဖြစ်နိုင်ပါသည်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်သည် ရတနာ သုံးပါး၊ ကံနှင့် ကံ၏ အကျိုးတရား၊ မျက်မှောက်လောကနှင့် တမလွန်လောက စသည်တို့ ကို ယုံကြည့်နိုင်ရမည်။


'ရတနာ သုံးပါး'


(က) ဗုဒ္ဓ ရတနာ
ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ဗုဒ္ဓရတနာ၊ ဓမ္မရတနာနှင့် သံဃာရတနာတည်းဟူသော ရတနာသုံးပါကို ကိုးကွယ်ရမည်ဖြစ်ပါသည်။ သတ္တ၀ါတို့ ၏ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်ဆီးတတ်သောကြောင့် ဗုဒ္ဓ၊ ဓမ္မနှင့် သံဃာတည်းဟူသော ရတနာသုံးပါးကို သရဏဟူ၍လည်း ခေါ်ဝေါ်ပါသည်။
မြတ်ဗုဒ္ဓကို ကိုးကွယ်ပူဇော်ရခြင်းမှာ ဗုဒ္ဓရှင်တော်ဘုရား၏ သတ္တ၀ါတို့ ကို ကြီးပွားချမ်းသာကြောင်း နည်းလမ်း၌ ဖြစ်စေခြင်း၊ မကြီးပွား မချမ်းသာကြောင်း မကောင်းသော နည်းလမ်းမှ ဆုတ်နစ်စေခြင်းနှင့် အပြစ်ဒေါသ အလုံးစုံ ကင်စင်၍ ဂုဏ်ကျေးဇူးအလုံးစုံနှင့် ပြည့်စုံစေခြင်းတို့ ကြောင့်ပင်ဖြစ်သည်။
(ခ) ဓမ္မ ရတနာ
ဓမ္မရတနာတည်းဟူသော ဘုရား၏ တရားတော်ကို ကိုးကွယ်ရခြင်းမှာ တရားတော်ကို   ကျင့်ကြံလိုက်နာသူတို့ ကို ဘ၀သံသရာခရီးခဲမှ ထုတ်ဆွဲကယ်တင်ခြင်း၊ တရားကျင့်တုန်း အခိုက်နှင့် ကျင့်ပြီး နောက်ကာလတို့ ၌လည်း သက်သာမှုကိုပေးစေခြင်းဖြင့် သတ္တ၀ါတို့ ၏ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်ဆီးစေနိုင်ခြင်းကြောင့် ဖြစ်ပါသည်။
(ဂ) သံဃာ ရတနာ
သံဃာတော်ကို ကိုးကွယ်ခြင်းမှာ အနည်းငယ်မျှသော ကောင်းမှုကုသိုလ်တို့ ကို
ကြီးကျယ်ဖွံ့ ဖြိုးအကျိုးများစေရန် ပြုခြင်းဖြင့် သံဃာတော်များသည် သတ္တ၀ါတို့ ၏ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်ဆီးနိုင်ခြင်းကြောင့် ဖြစ်ပါသည်။

ထိုရတနာသုံးပါးအား ကြည့်ညိုလေးစား ကိုကွယ်ဆည်းကပ်သောသူကို သရဏဂုံတည်သူဟု ခေါ်ပါသည်။ ထိုသူသည် ကောင်းမြတ်သော ဘ၀သို့ ရောက်ရမည် ဖြစ်သည့်ပြင် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ အခြွေအရံပေါများခြင်း စသော အကျိုးများကို ရရှိမည် ဖြစ်ပါသည်။
ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ၊ ဆရာ၊ မိဘ တည်းဟူသော အနန္တောအနန္တ ငါးပါးကို တစ်ဂိုဏ်းတည်းထား၍ ပူဇော်ကိုးကွယ်ကြရသည်။

အနန္တောအနန္တ ငါးပါး
(၁) ဗုဒ္ဓဂုဏော အနန္တော၊
(၂) ဓမ္မဂုဏော အနန္တော၊
(၃) သံဃာဂုဏော အနန္တော၊
(၄) မာတာပိတုဂုဏော အနန္တော၊
(၅) အာစရိယဂုဏော အနန္တော၊
* ဗုဒ္ဓဂုဏော-မြတ်စွာဘုရား၏ ဂုဏ်တော်ကျေးဇူးတော်သည်၊ အနန္တော-အဆုံးမရှိ ကျယ်ဝန်းလှ၏။
*ဓမ္မဂုဏော-တရားတော်၏ ဂုဏ်တော်ကျေးဇူးတော်သည်၊ အနန္တော-အဆုံးမရှိ ကျယ်ဝန်းလှ၏။
* သံဃာဂုဏော -သံဃာတော်မြတ်၏ ဂုဏ်တော်ကျေးဇူးတော်သည်၊ အနန္တော-အဆုံးမရှိ ကျယ်ဝန်းလှ၏။
* မာတာပိတုဂုဏော-အမိအဘတို့ ၏ ဂုဏ်တော်ကျေးဇူးတော်သည်၊ အနန္တော-အဆုံးမရှိ ကျယ်ဝန်းလှ၏။
* အာစရိယဂုဏော-ဆရာသမားတို့ ၏ ဂုဏ်တော်ကျေးဇူးတော်သည်၊ အနန္တော-အဆုံးမရှိ ကျယ်ဝန်းလှ၏။

"စိတ်ထားကြည်ဖြူ၊ ဖေးမကူ"

ဗိုလ်ကြီးသီဟဖြိုးအတွက် ရုရှားနိုင်ငံတွင် ပညာသင်ကြားနေသော ကျောင်းများမှ အလှူငွေ ကောက်ခံရရှိမှုစာရင်း





စဉ် ကျောင်းအမည် ကောက်ခံရရှိငွေ
၁။ MAI၁၄၀၀၀ ရူဘယ်
၂။ BMSTU (Moscow) ဒေါ်လာ ၁၀၀ + ၁၈၄၉၅ ရူဘယ်
၃။ MPEI ၈၇၆၀ ရူဘယ်
၎။ MEPHI ဒေါ်လာ ၆၀၀
၅။ BMSTU (Kaluga) ၁၃၃၇၀ ရူဘယ်
၆။ KSTU ၅၄၂၀ ရူဘယ်
၇။ MADI ၇၄၅၀ ရူဘယ်
၈။ MSU ၄၀၇၀ ရူဘယ်
၉။ MSMU ဒေါ်လာ ၁၀၀ + ၁၁၀၀ ရူဘယ်
၁၀။ MISA ဒေါ်လာ ၁၀၃ + ၂၆၇၀ ရူဘယ်
၁၁။ MIET ၁၀၉၆၈ ရူဘယ်
၁၂။ စုစုပေါင်း ဒေါ်လာ ၉၀၃ + ၈၃၇၀၃ ရူဘယ်


ဗိုလ်ကြီး သီဟဖြိုးအတွက် ကောက်ခံရရှိငွေ စုစုပေါင်းမှာ (83703) ရူဘယ်+ 903 ဒေါ်လာဖြစ်ပါသည် ။ စေတနာ သဒ္ဓါတရား နည်းများ မဆို ပါဝင်လှူဒါန်းကြသော ညီတော် ၊ နောင်တော် ၊ သူငယ်ချင်းများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည် ။ ကောက်ခံရရှိငွေများအား ဗိုလ်ကြီးသီဟဖြိုး၏အမေ ဒေါ်ညွန့်လှိုင် ၊ မှတ်ပုံတင်အမှတ်-၁၂/မဘန (နိုင်) ၁၀၃၃၅၁ သို့

(1) 11.04.11 ရက်နေ့တွင် (6) သိန်း(860 ကျပ်နှုန်း) ၊ 19674 ရူဘယ်
(2) 22.04.11 ရက်နေ့တွင် (3သိန်း 5 သောင်း)(860 ကျပ်နှုန်း)၊ 11476 ရူဘယ်
(3) 23.04.11 ရက်နေ့ တွင် (2 သိန်း 5 သောင်း)(860 ကျပ်နှုန်း) ၊ 8197 ရူဘယ်
(4) 25.04.11 ရက်နေ့ တွင် (2 သိန်း)(860 ကျပ်နှုန်း) ၊ 6558 ရူဘယ်
(5) (2.5.11)ရက်နေ့ တွင် (4)သိန်း 2 သောင်း(840 ကျပ်နှုန်း) ၊ 13600 ရူဘယ်
(6) 3.5.11ရက်နေ့တွင် (4)သိန်း(840 ကျပ်နှုန်း) 12952 ရူဘယ်
(7) 20.5.11 ရက်နေ့တွင် (11)သိန်း(840 ကျပ်နှုန်း) 11260 ရူဘယ် + 903 ဒေါ်လာ

စုစုပေါင်းမြန်မာငွေ ကျန် ( 33 သိန်း 2 သောင်း) တိတိ အားလွှဲပေးခဲ့ပါသည် ။ လှူဒါန်းကြသူများ ငါတို့လှူသောအလှူ အလှူခံပုဂ္ဂိုလ်ဆီမှ ရောက်မှ ရောက်ပါလေမလား လို့ ဒွိဟ မဖြစ်ရလေအောင် ၊ လှူပြီသား အလှူတစ်ခုအား စေတနာ သုံးတန်ဖြင့် ၀မ်းသာ ပီတိဖြစ်ရလေအောင် အသေးစိတ် ရေးပေးရခြင်းဖြစ်ပါသည် ။ အားလုံးပဲ စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး ဒီ့ထက်မက လှူနိုင် တန်းနိုင် သော ပုဂ္ဂိုလ်များဖြစ်နိုင်ကြပါစေ ။ အခု လို ပါဝင် လှူဒါန်းကြသော ကိုကြီးများ ၊ သူငယ်ချင်းများ ၊ ညီလေးများ အားလုံး စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်း နှင့်ပြည့်စုံပြီး ကောင်းကျိုး လိုရာဆန္ဒများ တစ်လုံး တစ်ဝတည်း ပြည့်ဝနိုင်ကြပါစေဗျာ။ ရောက်မရောက်အား သိရှိလိုပါက အောက်ပါ လိပ်စာအတိုင်းဆက်သွယ်မေးမြန်းနိုင်ပါသည်ခင်ဗျာ ။

ဗိုလ်ကြီး သီဟဖြိုး + မခင်စန်းဌေး
+66806569231
+9595049485
ဒေါ်ညွန့်လှိုင် ၊
အမှတ် (၂) ရပ်ကွက် ၊
မင်းရဲကျော်စွာလမ်း ၊ မှော်ဘီမြို့နယ် ။
၁၂/မဘန (နိုင်) ၁၀၃၃၅၁
စော်ဘွားကြီးကုန်းရိုးမဘဏ် ။

"ပန်ကြားချက်"

ကျွန်တော် တင်ထားသော ပို့စ်များ တွင် အခြားဆိုဒ်များတွင် တင်ပြီးသားဖြစ်နေပါက နားလည်ပေးစေလိုပါသည်။သိစေ မှတ်စေ ချင်သော စိတ်စေတနာဖြင့်ဖော်ပြပေးခြင်းဖြစ်ပါသည်။ လိုအပ်သည်များကို ဝေဖန် အကြံပေးနိုင်ပါသည်။

"ပရိယတ္တိစာသင်တိုက် အလှူတော် "

စစ်တက္ကသိုလ် အမှတ်စဉ်(၄၉) ကျောင်းဆင်းအရာရှိများ၏ ရာထူးတိုးမြှင့်ခြင်း အထိမ်းအမှတ် လှူဒါန်းပွဲ အခမ်းအနားကို အသင်းမှအကျိုးဆောင်၍ ၃.၄.၂၀၁၁ (တနင်္ဂနွေ)နေ့၊ ပြင်ဦးလွင်မြို့နယ်၊ ရေချမ်းအိုးကျေးရွာ၊ မေတ္တာ ရေချမ်း ပရိယတ္တိစာသင်တိုက် တွင် ပြုလုပ်ဖြစ်ခဲ့တယ်။ ပထမဦးစွာ နံနက် ၆း၁၅ တွင် ထိုကျောင်တိုက်အတွင်း သီတင်းသုံးနေထိုင်လျှက်ရှိသော သံဃာတော်အရှင် သူမြတ်တို့အား အာရုံဆွမ်း (မုန့်ဟင်းခါး) ဆပ်ကပ်လှူဒါန်းခဲ့ကြပါတယ်။ ထို့နောက် ဆွမ်းပဒေသာပင် အလှူငွေ ၆၀၉၀၀၀ိ/ (ခြောက်သိန်းကိုးထောင်ကျပ်တိတိ) ကို ကျောင်းထိုင်ဆရာတော်အား လှူဒါန်းခဲ့ကြတယ်။ ဆက်လက်၍ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ဆွမ်းအနုမောဒနာ တရားတော်ကို နာယူခဲ့ကြပါတယ်။ ထို့နောက် ကုသိုလ်ကောင်းမှု အစုစုတို့အား ရေစက်ချ အမျှပေးဝေခဲ့ပါတယ်။ဆရာတော်မှ တရားနာယူကြသော အလှူရှင်များအား ဆရာတော်ကိုယ်တိုင် ရေးသားသော “လူ့ဘ၀ တစ်ခဏတာ” စာအုပ်ကို စွန့်လှူခဲ့ပါတယ်။ အလှူတော်ကို ဗိုလ်ကြီးမျိုးဝင်း၊ ဗိုလ်ကြီးရဲထွဋ်အောင်၊ ဗိုလ်ကြီးမျိုးတင့်၊ ဗိုလ်ကြီးရဲလင်းထွန်း၊ ဗိုလ်ကြီးအောင်ဆွေဦး၊ ဗိုလ်ကြီးယဉ်မင်းထွန်း နှင့် ဗိုလ်ကြီးတေဇာထိန်ဝင်း တို့ သွားရောက်လှူဒါန်းခဲ့ကြခြင်း ဖြစ်ပါတယ်။ လှူဒါန်းမှု မှတ်တမ်းအစုစုတို့အား ပတ္တာနုမောဒနာ ဖြစ်နိုင်ပါစေရန်နှင့် အပရစေတနာ ပွားများနိုင်စေရန် အလို့ငှာ မှတ်တမ်းပုံများဖေါ်ပြလိုက်ပါတယ်။

Pulpit rock
Pulpit rock

"ရွှေစေတီကျောင်းအလှူ"

စစ်တက္ကသိုလ် အမှတ်စဉ်(၄၉) ကျောင်းဆင်းအရာရှိများ၏ ရွှေစေတီကျောင်း၊ ခ/၃ ရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းသို့ လှူဒါန်းမှု့အား ထေရဝါဒဗုဒ္ဓဘာသာ လူငယ်များအသင်းမှ အကျိုးဆောင်၍ သွားရောက်လှူဒါန်း ခဲ့ပါသည်။ သွားရောက်လှူဒါန်းချိန်တွင် ယခင်စုံစမ်းခဲ့ တဲ့ ကြွေပြားခင်းရန်၊ အိမ်သာဆောက်ရန်အတွက်မှာ အလှူရှင်များပေါ်ပေါက်သွားသည်ဖြစ်ပါ၍ ယခု လှူဒါန်းခဲ့မှုသည် ကျောင်းသားများ နေထိုင်ရန် ကျောင်းဆောင်အတွက် အခန်းတစ်ခန်း တိုးချဲ့နိုင်ရန်နှင့် အခြားလိုအပ်ရာ သုံးစွဲနိုင်ရန် လှူဒါန်းခဲ့ပါသည်။ လှူဒါန်းမှု မှတ်တမ်းအစုစုတို့အား ပတ္တာနုမောဒနာ ဖြစ်နိုင်ပါစေရန်နှင့် အပရစေတနာ ပွားများနိုင်စေရန် အလို့ငှာ မှတ်တမ်းပုံများဖေါ်ပြလိုက်ပါတယ်။


Pulpit rock

"သီလရှင်စာသင်တိုက် အလှူတော်"

အသောကာရာမ သီလရှင်စာ သင်တိုက်၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့ နယ်၊ ရန်ကုန်တိုင်း ဒေသကြီး သို့ ထေရဝါဒဗုဒ္ဓဘာသာလူငယ်များ အသင်းမှ အကျိုးဆောင်အဖွဲ့နှင့် ကိုဇော်ဇော်အောင်၊ ကိုဇော်လင်းခိုင်(M.Med.Sc သင်တန်းသား) မိသားစုတို့ မှ (၁၀-၄-၂၀၁၁) ရက်နေ့ မနက် (၁၀း၅၃) နာရီတွင် - ထေရဝါဒ ဗုဒ္ဓဘာသာ အသင်း၏ (၁၅)ကြိမ်မြောက် လစဉ်အလှူတော်ငွေ (၂၀၇၀၀၀)၊ ရုရှားပြန် စတသ(၄၈)အဖွဲ့မှ လှူသော နှစ်သောင်းခွဲမှ (၈၁၀၀/ိ-ကျပ်) အလှူငွေနှင့် စတသ အမှတ်စဉ်(၄၉)၏ လှူဒါန်းငွေ (၂၇၀၀၀၀) ပေါင်းပြီး စုစုပေါင်း ၄၈၅၁၀၀/ိ-ကျပ်ဖိုးဖြင့် ကွန်ပျူတာ တစ်စုံ၊ ပရင့်တာ(၁)လုံးလှူဒါန်းခဲ့သည်။ ဗကဇော်လင်းခိုင်မိသားစု မှလည်း ဆရာလေးတစ်ပါး ကွန်ပျူတာသင်တန်းဆက်ရန် အလှူငွေနှစ်သောင်းကျပ် လှူဒါန်း ဆက်ကပ်ခဲ့ကြသည်။ ကွန်ပျူတာဝယ် သွားသည့် (၉.၄.၂၀၁၁) ရက်နေ့တွင် မင်္ဂလာဒုံမှဆူးလေ၊ ပန်းဆိုးတန်းလမ်း အသွားအပြန် Taxi ငှါးခ ၉၀၀၀/ိ-ကျပ်၊ကွန်ပျူတာ သွားလှူသည့်နေ့တွင် မင်္ဂလာဒုံကားကွင်းမှ ကျောင်းအထိကားငှါးခ ၅၀၀၀/ိ-ကျပ်အား အလှူငွေမှ အသုံးပြုခဲ့ကြသည်။

အသုံးပြုလှူဒါန်းငွေ စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(၁) ကွန်တစ်စုံ = ၃၅၀၀၀၀ ကျပ်
(၂) မီးကြိုး = ၅၀၀၀ ကျပ် ( ၁၀၀၀ ကျပ်လျှော့)
(၃) Box = ၃၀၀၀ ကျပ် ( ၅၀၀၀ ကျပ်လျှော့)
(၄) Laser Printer ၁ လုံး = ၁၁၀၀၀၀ ကျပ်
(၅) ကွန်ဝယ်ခရီးစရိတ် = ၉၀၀၀ ကျပ်
(၆) A4 ၁ ထုပ် = ၂၆၀၀ ကျပ်
(၇) CD ၃ ချပ် = ၅၀၀ ကျပ်
(၈) မင်္ဂလာဒုံ(အရာရှိရိပ်သာ)မှ ကျောင်းအထိ ကားခ = ၅၀၀၀ ကျပ်
စုစုပေါင်းအသုံးပြုလှူဒါန်းငွေ = ၄၈၅၁၀၀ ကျပ်

လှူဒါန်းမှုမှတ်တမ်း အစုစုတို့ကို သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန်အတွက် အလှူရှင်များနှင့် ဓမ္မမိတ်ဆွေအပေါင်းတို့အား ဖော်ပြပေးလိုက်ပါတယ်။ ကုသိုလ်ကောင်းမှု အစုစုတို့အား ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ကြပါစေ။ ဓမ္မမိတ်ဆွေအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ညီညွတ်ချမ်းသာကြပြီး သာသနာတော်အား အစဉ်ထောက်ပံ့နိုင်ကြပါစေ။


Pulpit rock

"ပဲခူးမြို့အလှူတော်"

ရွှေတောင်ကျောင်း၊ ဇိုင်းဂနိုင်း မြောက်ပိုင်း၊ ပဲခူးမြို့ သို့ စစ်တက္ကသိုလ် အမှတ်စဉ်(၄၉) သင်တန်းဆင်းအရာရှိများ၏ အလှူတော်အား ထေရဝါဒဗုဒ္ဓဘာသာ လူငယ်များအသင်းမှ အကျိုးဆောင်အဖွဲ့နှင့် တဆတ ကျောင်းဝန်းရှိ (သိမ်းကုန်းကျောင်း)မှ ဦးပဉ္စင်း ဦးဝိစာရတို့သည် (၂၃-၄-၂၀၁၁) ရက်နေ့တွင် ကျောင်းအုပ် ဆရာတော်ဦးဝိလာသအား န၀ကမ္မ၀တ္ထုငွေ ၃၄၄၀၀၀/ိ-ကျပ် လှူ ဒါန်းဆက်ကပ်ခဲ့ပြီး ခရီးအသုံးစရိတ် အဖြစ် လေးထောင်ကျပ် အသုံးပြုခဲ့သည်။ အလှူနေ့တွင် ကျောင်း၌ “စတုတ္ထအကြိမ်” ယဉ်ကျေးလိမ္မာသင်တန်း ဆောင်ရွက် လျက်ရှိရာ ကလေးများကို “ဖန်ဆင်းရှင်သုံးဦးကဗျာ”ကို ကိုထွန်းထွန်းလှိုင်မှ သင်ကြားပို့ချပေးခဲ့သည်။ လှူဒါန်းမှုမှတ်တမ်း အစုစုတို့ကို သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ပါကြောင်း။

Pulpit rock

"ဧရာဝတီတိုင်းဒေသကြီး အလှူတော်"

တူးမြောင်းကျေးရွာ၊ ဒေးဒရဲမြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီး သို့ စစ်တက္ကသိုလ် အမှတ်စဉ်(၄၉) သင်တန်းဆင်း အရာရှိများ၏ လှူဒါန်းမှုအား (၂၂-၄-၂၀၁၁) ရက်နေ့ တွင် ထေရဝါဒဗုဒ္ဓဘာသာလူငယ်များ အသင်းမှ အကျိုးဆောင်၍ အလှူငွေ (၁၇၄၀၀၀၀)ကျပ် အားအလှူနေရာသို့ သွားရောက်လှူဒါန်းခဲ့သည်။ လှူဒါန်းမှုမှတ်တမ်း အစုစုတို့ကို သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန် အတွက် အလှူရှင်တွေ အားလုံးနှင့် ဓမ္မမိတ်ဆွေ အပေါင်းတို့အား ဖော်ပြပေးလိုက်ပါတယ်။ ကုသိုလ်ကောင်းမှု အစုစုတို့အား ၀မ်းမြောက်ဝမ်းသာ သာဓုခေါ် ဆိုနိုင်ကြပါစေ။ ဓမ္မမိတ်ဆွေအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ညီညွတ် ချမ်းသာကြပြီး သာသနာတော်အား အစဉ်ထောက်ပံ့နိုင်ကြပါစေ။

Pulpit rock

"ကျောင်းတိုက်အလှူတော်"

ပုဂံတောရကျောင်း၊ ပြည်မြို့၊ ဂန္ဓကုဋီကျောင်းတိုက် သို့ စစ်တက္ကသိုလ် အမှတ်စဉ်(၄၉) သင်တန်းဆင်း အရာရှိများ၏ အလှူတော်အား ထေရဝါဒဗုဒ္ဓဘာသာ လူငယ်များအသင်းမှ အကျိုးဆောင်၍ (၁၇-၄-၂၀၁၁) ရက်နေ့တွင် အလှူငွေ ၁၇၄၀၀၀/ိ-ကျပ်ကို သွားရောက်လှူဒါန်းခဲ့သည်။ လှူဒါန်းမှုမှတ်တမ်း အစုစုတို့ကို သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန်အတွက် အလှူရှင်တွေအားလုံးနှင့် ဓမ္မမိတ်ဆွေအပေါင်းတို့အား ဖော်ပြပေးလိုက်ပါတယ်။ ကုသိုလ်ကောင်းမှု အစုစုတို့အား ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ကြပါစေ။ ဓမ္မမိတ်ဆွေအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ညီညွတ်ချမ်းသာကြပြီး သာသနာတော်အား အစဉ်ထောက်ပံ့နိုင်ကြပါစေ။

အလှူမှတ်တမ်းဓာတ်ပုံများ
Pulpit rock
Pulpit rock


"အနှိုင်းမဲ့အလှူ - ၂"

Pulpit rock

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
uncomparable donation 2

"ကံ"

ကံဆိုသည်မှာ ရုပ်နမ်ဓမ္မ သမူဟသာဖြစ်သော လူသား၏ ကာယ၊ ၀ါစာ၊ မန အမူအရာ လုပ်အား ဖြစ်ပေသည်။
ကျွန်ုပ်တို့ သည် သက်ရှိလူသား တစ်ဦးစီအား စူးစူးစိုက်စိုက်ဥာဏ်ဖြင့် နှိုက်၍ ကြည့်ရှုဆင်ခြင်ပါမူ သူသည် သူ၏ ကိုယ်ကာယဖြင့်လည်း အလုပ်လုပ်နေသည်။ နှုတ်ဝစီဖြင့်လည်း ပြောဆိုနေသည်။ ကိုယ်လက်အမူအရာနှင့် ခံတွင်းမှ ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း အတွင်းစိတ်နှင့် ကျိတ်မှိတ်ကာ စိတ်သက်သက်ဖြင့်လည်း ကြံစည်လုပ်ကိုင်နေတတ်သည်။ ဤသို့ သော မူမှန်သဘာဝတို့ ကို အမှန်အတိုင်း သိမြင်ကြရပေမည်။ ထို ကာယ၊ ၀ါစာ၊ မန အမူအရာများကို ဖယ်ရှားကြည့်လျှင် လူသားတို့ ကို "အသုဘ" အနေဖြင့်သာ တွေ့ ရပေမည်။

ထို ကာယ၊ ၀ါစာ၊ မန အမူအရာ အလုပ်တို့ ကို ပါဠိဘာသာအားဖြင့် ဝေါဟာရတပ်ဆင်သောအခါ-
*ကာယ ကမ္မ= ကာယကံ= ကိုယ်အမူအရာဖြင့် ပြုလုပ်မှု။
*၀စီ ကမ္မ= ၀စီကံ= စကားဖြင့် ပြုလုပ်ဆောင်ရွက်မှု။
*မနော ကမ္မ= မနောကံ= အတွင်းစိတ်သက်သက်ဖြင့် အတွင်းကျိတ် ကြံစည်ပြုလုပ်မှု။

ကံနှင့် လူသားသည် တခြားစီ မဟုတ်၊ ကံဟူသည် လူသား၏ စွမ်းရည်တစ်မျိုးသာ ဖြစ်ကြောင်း သဘောပေါက်ရပေမည်။ အချို့ သော သူများသည် ကံကြမ္မာသည် သီးသီးသန့် သန့်  ရှိနေသလို အထင်အမှတ်မှားနေကြသည်။ "အတ္တ" ရှိသည်ဟု ထင်သကဲ့ သို့  ဖြစ်ပါသည်။ ကံသည် တစ်နည်းအားဖြင့် ဆိုလျှင် စေတနာသာ ဖြစ်ပါသည်။ 'ကမ္မသတ္တိ၏ စွမ်းရည်သည် မည်သည့်အဆင့်ရောက်မှ အကျိုးဖြစ်ထွန်းလာသည်။ မိမိတွင် ဘယ်သို့ သော ကမ္မသတ္တိရှိနေသည်' ကို အတပ်မသိရှိဘဲ ' ရှေးအတိတ်ကံကို ယုံပြီး စောင်ခြုံအိပ်နေမည်၊ ပျော့စိစိ ဆုတ်ဆုတ် နစ်နစ် ဖြစ်နေမည်' ဆိုပါက ရှေူးအကြောင်းကံရှိမှ ချမ်းသာမည်ဟု ကံတစ်ခုတည်း စွဲယူမှုမျိုး ဖြစ်၍ ကျွန်တော်တို့ ၏ ဗုဒ္ဓလမ်းစဉ်မှ သွေဖည်နေပြီဟု နားလည်ရပေမည်။ ဖြစ်သမျှ ရှေးအတိတ်ကံလက်ချက်ဟု ပုံမချရ၊ အတိတ်နှင့် ပစ္စုပ္ပန် ပေါင်းစပ်ယူရသည်။ အတိတ်ကံ နှင့် ပစ္စုပ္ပန်ကံ တို့ ကို ပေါင်းစပ်ယူရသည်။ အတိတ်ကံနှင့် ပစ္စုပ္ပန်ကံပေါင်းစပ်ပြီး လက်ရှိဘ၀ ကောင်းကျိုးကို ရှာရမည် ဖြစ်သည်။ အနာဂတ်ကောင်းကျိုးကို ထူထောင်ရမည် ဖြစ်ပါသည်။

လူတိုင်း၌ "ကံ၊ ဥာဏ်၊ ၀ီရိယ" သုံးမျိုးရှိသည်။ "ဥာဏ်၊ ၀ီရိယ" တို့ နှင့်ပတ်သက်၍ ပြဿနာ မပေါ်သေးချေ။ လူတိုင်းက လက်ခံကြသည်။ "ကံ" နှင့် စပ်လျဉ်း လာလျှင် ကံ မရှိဟု ဆိုသူကဆို၊ ကံ ကိုမယုံဟု ပြောသူကပြော အမျိုးမျိုးပင်တွေ့ ရပေမည်။
ကံမရှိဘူးဟု သတ်မှတ်ကြသူ၊ ကံကိုမယုံသူ များသည် မိမိအခြေအနေ မိမိ၏အပြုအမူကို မသုံးသပ် မဆင်ခြင်မိကြသဖြင့် မိမိကိုယ်ကို ပြန်လည်ဆန့် ကျင်မိကြသူများသာ ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုသူများသည် မိမိတို့  မယုံဘူးဆိုသည့် ကံကိုပင် နေ့ စဉ် နေ့ တိုင်း ပြုလုပ်နေကြသောကြောင့် ဖြစ်ပါသည်။
ပါဠိဘာသာ 'ကမ္မ' မှ 'ကံ' ဟူသော မြန်မာဝေါဟာရ ဖြစ်လာသည်။ အဓိပ္ပါယ်မှာ အလုပ် ဖြစ်ပါသည်။ မိမိလုပ်နေသော အလုပ်သည်ပင် မိမိ၏ ကံ ဖြစ်ပါသည်။ နေ့ စဉ်လုပ်ရှားနေကြသော လောက လူသားတိုင်းသည် မည်သူမဆို အလုပ်နှင့် ကင်းနိုင်ကြမည် မဟုတ်ပါ။ စားဝတ်နေရေး ပြေလည်မှုအတွက် နေထွက်သည်မှ နေ၀င်သည်အထိ ရုန်းကန်လှုပ်ရှားနေကြရသူများချည်း သာ ဖြစ်ကြသည်။

"ပါရမီ"

ပါရမီဆိုသည်မှာ "မြင့်မြတ်သူတို့ ၏ လုပ်ငန်း" ဖြစ်ပါသည်။ "မြင့်မြတ်သူတို့ ၏ လုပ်ငန်း" ဆိုသည်မှာ ကိုယ်ကျိုးကို ပဓာနမထားဘဲ သူတစ်ပါးကောင်းကျိုးကို လည်းကောင်း၊ သံသရာမှ လွတ်မြောက်ဖို့ ကို လည်းကောင်း ရည်ရွယ်၍ လုပ်ကိုင်ပြုလုပ်သောအလုပ်များကို ခေါ်ဆိုသည်။ ထိုကဲ့ သို့ သော အလုပ်များကို လုပ်ကိုင်နိုင်သူများသည်လည်း "မြင့်မြတ်သူများ" ပင်ဖြစ်ကြပါသည်။ လောကကို မိမိဘ၀အတွက် အသုံးမချဘဲ မိမိဘ၀ကိုသာ လောကအတွက် အသုံးချသူများ ဖြစ်ကြပါသည်။ မြင့်မြတ်သော သူတို့ ၏ လုပ်ငန်းများကို "ပါရမီ" ဟူ၍ ခေါ်ဆိုသည်။ ကျွန်တော်တို့  ဗုဒ္ဓမြတ်စွာဘုရားသည် မြင့်မြတ်သူများထဲတွင် အမြင့်မြတ်ဆုံး ဖြစ်ပါသည်။ ထို့ ကြောင့် မြတ်စွာဘုရား၏ ဆောင်ရွက်ချက်များသည် ပါရမီ မြောက်သောဆောင်ရွက်ချက်များချည်းသာ ဖြစ်သည်။

ပါရမီမြောက်သော ကျင့်ကြံဆောင်ရွက်ချက် ဟုတ် မဟုတ် သိနိုင်ရန်အတွက် ပဓာနကျသော အင်္ဂါနှစ်ရပ်ရှိပါသည်။ ယင်းအင်္ဂါနှစ်ရပ်မှာ သူတစ်ပါးအပေါ် ကရုဏာရှိခြင်းနှင့် သံသရာမှ လွတ်မြောက်နိုင်ရန် အတွက် ရည်မှန်းချက် ရှိခြင်းပင် ဖြစ်ပါသည်။ ထိုအင်္ဂါနှစ်ရပ်အပေါ် အခြေခံ၍ ဒါနစသော လုပ်ငန်းများကို လုပ်မှသာ ပါရမီ မြောက်သောလုပ်ငန်းများ ဖြစ်ပါသည်။
သာမန်လူသည် သာမန်ကိုသာ မြင်ပြီး သာမန်လိုတွေး၍ သာမန်သာ သဘောပေါက်မည်ဖြစ်သည်။ ပါရမီ ဟူသည်မှာ သာမန်လူများအတွက် မဟုတ်၊ မြင့်မြတ်သူများ အတွက်သာ ဖြစ်ပါသည်။ အမှန်အားဖြင့် ဘ၀ဟူသည်မှာ အနှစ်သာရ မရှိသဖြင့် အနတ္တ၊ မမြဲသဖြင့် အနိစ္စ၊ ဆင်းရဲ အတိဖြစ်သဖြင့် ဒုက္ခလည်း ဖြစ်ပါသည်။ ဤသို့  အနိစ္စ၊ဒုက္ခ၊အနတ္တ ဖြစ်သော ဘ၀ကို ရင်နှီးပြီး ယခု စာဖတ်သူများလည်း အတိုင်းမသိသော သုခများကို ခံစားနိုင်ကြပါစေ.........
 

"U Know"

ခေါင်းစဉ်လေးက "U Know" တဲ့။ကျွန်တော်တို့ အကုန်လုံး သိကြပါတယ်။ဒါပေမဲ့ သိတာလေးကို မသိချင်ယောင် ဆောင်ပြီး အမှုမဲ့ အမှတ်မဲ့နေနေ ကြတာကြီးပါပဲ။လောကမှာ ကိုယ့်ဘ၀သာယာ ဖြောင့်ဖြူးဖို့ အတွက်ကောင်းတာကို ဆောင်၊မကောင်းတာ ကိုရှောင် ကြရမှာပါ။အခု ကျွန်တော် တင်ပြတဲ့ ပို့စ်ကို ကြည့်ပြီး သင့်အတွက် တခုခု ကျန်မယ်ဆိုလျှင် ကျွန်တော် ကျေနပ်ပါသည်။

(1)The most selfish one-letter word is' I' . Avoid it.
အက္ခရာတစ်လုံးတည်းရှိတဲ့ တကိုယ်ကောင်းအဆန်ဆုံးစကားလုံးကတော့`ငါ´ ပါ။ အဲဒါကိုရှောင်ကျဉ်ပါ ... တဲ့။

(2)The most satisfying two-letters word is' We ' . Use it.
အက္ခရာ နှစ်လုံးပါတဲ့ စိတ်ကျေနပ်စရာအကောင်းဆုံးစကားလုံးကတော့ `ငါတို့´ပါ။ အဲဒါကိုအသုံးပြုပါ တဲ့။

(3)The most poisonous three-letters word is 'Ego' . Kill it.
အက္ခရာသုံးလုံးနဲ့ဖွဲ့စည်းထားတဲ့ အဆိပ်အပြင်းဆုံးစကားလုံးဟာ `အတ္တ´ ပါ။ အဲဒါကိုသတ်ပစ်ပါ။

(4)The most used four-letters word is ' Love ' . Value it.
အက္ခရာလေးလုံးပါတဲ့ လူသုံးအများဆုံးစကားလုံးကတော့ `ချစ်ခြင်းမေတ္တာ´ပါ။ အဲဒါကိုတန်ဖိုးထားပါ။

(5)The most pleasing five-letters word is ' Smile '. Keep it.
အက္ခရာငါးလုံးပါတဲ့ ကြည်နူးစရာအကောင်းဆုံးစကားလုံးကတော့ `အပြုံး´ ပါ။အဲဒါကိုဆောင်ထားပါ တဲ့။

(6)The fastest spreading six-letters word is ' Rumour '. Ignore it.
အက္ခရာခြောက်လုံးပါပြီးအလျင်မြန်ဆုံးပျံ့နှံ့လွယ်တဲ့စကားလုံးကတော့`ကောလဟာလ´ပါ။အဲဒါကိုလျစ်လျှူရှုပါ တဲ့။

(7)The hardest working seven-letters word is ' Success'. Achieve it.
အက္ခရာခုနှစ်လုံးနဲ့ဖွဲ့စည်းထားပြီး အပြင်းထန်ဆုံး ကြိုးစားရယူရတဲ့ စကားလုံးကတော့ `အောင်မြင်မှု´ ပါ။ အဲဒါကို အရယူပါ တဲ့။

(8)The most troublesome eight-letters word is ' Jealousy'. Distance it.
အက္ခရာရှစ်လုံးနဲ့ဖွဲ့စည်းထားတဲ့ ဒုက္ခအပေးဆုံးစကားလုံးကတော့`မနာလိုဝန်တိုမှု´ ပါ။ အဲဒါကို ဝေးဝေးရှောင်ပါ တဲ့။

(9)The most powerful nine-letters word is ' Knowledge'. Acquire it.
အက္ခရာကိုးလုံးနဲ့တည်ဆောက်ထားတဲ့ အင်အားအရှိဆုံး စကားလုံးကတော့`အသိပညာဗဟုသုတ´ ပါ။ အဲဒါကို ကြိုးစားရယူပါ တဲ့။

(10)The most essential ten-letters word is ' Confidence'. Build it.
အက္ခရာဆယ်လုံးနဲ့ဖွဲ့စည်းထားတဲ့ မရှိမဖြစ်အလိုအပ်ဆုံး စကားလုံးကတော့`ယုံကြည်မှု´ ပါ။ အဲဒါကိုတည်ဆောက်ယူပါ တဲ့။

"၀ဋ် အမြဲ ငရဲ အပ"

ကျွန်တော်ကတော့အဲ့ ဒီ စကားကိုအရင်က စိုင်းထီးဆိုင် သီချင်းထဲမှာရယ်၊ မြန်မာစကားပုံထဲမှာရယ် ကြားဖူးပါတယ်။ ဘယ်လောက်လေးနက်တယ်ဆိုတာကိုတော့ မတွေးမိခဲ့ ပါဘူး။ အဲ့ ဒီစကားဟာ ကျွန်တော်တို့ မြတ်ဗုဒ္ဓ၏ တရားဓမ္မနှင့် ဆက်စပ်နေပြီး သဘောအဓိပ္ပါယ် တော်တော် လေးနက်တဲ့  စကားဖြစ်ပါတယ်။

ဝဋ်
'၀ဋ် ' ဆိုသည်မှာ ' ၀ဋ'္ဋ ဟူသော ပါဠိစကားမှ ဆင်းသက်လာပါသည်။ သံသရာ လည်ပတ်ခြင်း၊ အကြောင်းပြီး အကျိုး - အကျိုးပြီးအကြောင်း ဆက်စပ်ဖြစ်ပျက်ခြင်း၊ မကောင်းမှုပြုသည့်အတွက် သံသရာဘ၀ခရီး၌ ဆိုးကျိုးတစုံတရာကို ခံစားရခြင်း စသော အဓိပ္ပါယ်များ ရှိပါသည်။ ၀ဋ် သုံးမျိုးရှိပါသည်-
(၁) ကိလေသ၀ဋ် (အ၀ိဇ္ဇာ) တဏှာ၊ ဥပါဒါန်သုံးပါး၊
(၂) ကမ္မ၀ဋ် (ကုသိုလ်ကံ၊ အကုသိုလ်ကံ)၊
(၃) ၀ိပါက၀ဋ် (အကျိုးတရားများ)၊
ဝဋ် သည် နောက်ဆုံးအချက် ၀ိပါက၀ဋ် (အကျိုးတရားများ) နှင့်သက်ဆိုင်နေပါသည်။ သို့ ဖြစ်၍ '၀ဋ်' နှင့် '၀ိပါက' သည် စကားလုံး ကွဲပြားသော်လည်း ဘဘောအဓိပ္ပါယ် မကွဲပြားပါ။ ထို့ ကြောင့် တစ်စုံတစ်ယောက်သည် ဒုက္ခကြီးစွာ ခံစားနေရလျှင် '၀ဋ်ခံနေရတယ်၊ ၀ဋ်ကြီးတယ်' ဟူ၍လည်းကောင်း 'သူတပါးကို မညှင်းဆဲနဲ့ ၊ ၀ဋ် လိုက်တတ်တယ်၊ ၀ဋ် မှာအမြဲ ငရဲမှာ အပတဲ့ ' ဟူ၍လည်းကောင်း အစဉ်အလာ ဆုံးမပြောဆိုကြခြင်း ဖြစ်ပါသည်။

ငရဲ
'ငရဲ' သည် 'နိရယ' ဟူသော ပါဠိစကားမှ ဆင်းသက်လာပါသည်။ {နိ+(ရ) အယ။ အယ=ချမ်းသာခြင်း+နိ =မရှိ} ချမ်းသာသုခကို ရခွင့်မရှိသောကြောင့် ငရဲဟုခေါ်ခြင်းဖြစ်ပါသည်။ ငရဲကြီး ရှစ်ထပ်ရှိသည်။ သိဥ္ဇိုဝ်း၊ ကာလသုတ်၊ သံဃာတ၊ ရောရုဝ၊ မဟာရောရုဝ၊ တာပန၊ မဟာတာပန၊ အ၀ီစိငရဲတို့ ဖြစ်ကြပါသည်။ ထို ဘုံရှစ်ဘုံကိုပေါင်း၍ ငရဲဘုံ ဟု သုံးနှုန်းခေါ်ဝေါ်ကြပါသည်။ ထို ငရဲ တစ်ထပ်တစ်ထပ်စီတွင်လည်း ဘင်(မစင်)ပုပ်ငရဲ၊ ပြာပူငရဲ၊ လက်ပံတောငရဲ၊ သံလျက်ရွတ်ငရဲ၊ ကြိမ်ပိုက်ချောင်းငရဲဟု ငါးထပ်စီ တံတိုင်းခတ်သလို ရံပတ်တည်ရှိနေကြပါသည်။ ထိုအားလုံးကို ငရဲ ဟု ခေါ်ခြင်းဖြစ်ပါသည်။

ဝဋ် မြဲခြင်း
တစုံတယောက်သည် တစုံတစ်ယောက်အား ပြစ်မှားမိပါက ထိုသူသည် ငရဲ၌ ဆင်းရဲဒုက္ခ ခံစားနေရမည်ဖြစ်ပါသည်။ ငရဲမှ လွတ်လျှင်လည်း ဆင်းရဲဒုက္ခတစ်မျိုးမျိုး ကို ပြုမိခဲ့ သော အကုသိုလ်အားလျော်စွာ ခံစားရတတ်ပြန်သည်။ ထိုကဲ့ သို့  ခံစားရခြင်းကိုပင် ၀ဋ် ဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။ ထို ၀ဋ် ခေါ် မကောင်းမှုအကျိုးကို မည်သူမှ ရှောင်လွဲ၍ မရနိုင်ပါ။ မိမိပြုခဲ့ သော အကုသိုလ်ကံကြောင့် ငရဲသို့  ကျရောက်ရုံမျှဖြင့် မပြီးသေး။ အခွင့်သင့်သော ဘ၀တွင်လည်း ၀ဋ် ခေါ် ဆင်းရဲဒုက္ခတစ်မျိုးမျိုးကို ဆက်လက်ခံစားရသေးသည်။ မခံစားရအောင် မည်သူမျှ မရှောင်လွှဲနိုင်ကြပေ။ သို့ ဖြစ်၍ "၀ဋ်မှာ အမြဲ ငရဲမှာ အပ" ဟုဆိုထုံးပြုခဲ့ ကြခြင်း ဖြစ်ပါသည်။

ငရဲပခြင်း
ငရဲကား ၀ဋ် ကဲ့ သို့ မဟုတ်၊ မကောင်းမှု အကုသိုလ်ကို ပြုလုပ်လျှင် ငရဲသို့  ကျရောက်တတ်၏ဟု ဆိုသော်လည်း အကုသိုလ်ပြုမိတိုင်း ငရဲသို့ ရောက်ကြရသည်မဟုတ်၊ အကုသိုလ်ကို အမှန်တကယ် ပြုပါလျက် ငရဲနှင့် လွဲချင်လွဲတတ်ပါသည်။ မိမိပြုသော ကုသိုလ်ကံများဖြင့်လည်း ငရဲကို အပ ပြုနိုင်ပါသည်။ လတ်တလော ကုသိုလ်ကံကြောင့် နတ်ပြည်တို့  ရောက်နိုင်သော်လည်း ကုသိုလ်ကံ အရှိန်ကုန်လျှင် (အပါယ်တံခါးပိတ်နိုင်သော မဂ်ကုသိုလ်တစ်မျိုးမျိုးကို မရသေးလျှင်) ငရဲသို့  ရောက်နိုင်ပေသေးသည်။ ယခုစာဖတ်သူများလည်း ငရဲကို ယာယီ အပ ပြုနိုင်ခြင်းမဟုတ်ဘဲ၊ အလွန်အားကောင်းသော ကုသိုလ်ကံအဆင့်များမှ အကုသိုလ်ကံများကို ဘယ်တော့မှ အကျိုးပေးခွင့်မရအောင် ချေဖျက်ပစ်နိုင်သော အဆုံးသတ် အပ ပြုနိုင်သော၊ အကုသိုလ်ကံများအားလုံးသည် အဟောသိကံ(အချည်းနှီးကံ၊ အလကားကံ) များ ဖြစ်နိုင်သော၊ အကုသိုလ်ကံမှန်သမျှ ပျက်စီးသွားပြီဖြစ်၍ အပါယ်အကျိုး၊ ငရဲ အကျိုးကို ဘယ်သောကာလမှ မပေးနိုင်သော ပုဂ္ဂိုလ်များ ဖြစ်နိုင်ကြပါစေ.................။

လေးစားလျှက်
ကိုငယ်

"စိတ်ထား"

မူကြိုကျောင်းတစ်ကျောင်းမှာရှိ တဲ့ ဆရာမတစ်ယောက်ဟာ သူ့အတန်းထဲက ကလေးတွေနဲ့ ဂိမ်းတစ်ခုဆော့ဖို့ စီစဉ်ခဲ့တယ်။ အတန်းထဲမှာရှိတဲ့ ကလေးတိုင်းဟာကျောင်းကိုလာတိုင်း အာလူးထည့်ထားတဲ့ အိတ်တစ်လုံးစီ ယူလာရမယ်လို့ ဆရာမကပြောတယ်။ အာလူးတစ်လုံးစီမှာ သူတို့သိပ်မုန်းတယ်ဆိုတဲ့လူရဲ့ နာမည်ကိုရေးရမယ်။ ဒါကြောင့် သူတို့တစ်ယောက်စီရဲ့အိတ်မှာပါမယ့် အာလူးအရေအတွက်ဟာသူတို့ လူဘယ်နှယ်ယောက်လောက် မုန်းသလဲ ဆိုတာပေါ်မှာမူတည်နေတယ်။ နောက်နေ့မှာ ကလေးတိုင်းဟာ နာမည်ရေးထားတဲ့ အားလူးတွေ ကိုယ်စီသယ်လာကြတယ်။တချို့က(၂)လုံး၊ တချို့ကျ (၃)လုံး၊(၅)လုံးထိယူလာတဲ့လူတောင် ရှိတယ်။ဆရာမက အဲဒီအာလူးအိတ်ကို သူတို့ ဘယ်သွားသွား ကိုယ်နဲ့မကွာ ယူသွားရမယ်လို့မှာတယ်။ အိမ်သာတက်ရင်လည်း မချန်ခဲ့ရဘူး။ တစ်ပတ်တိတိလုပ်ရမယ်တဲ့။ရက်အနည်းငယ်ကြာတော့ ကလေးတချို့က စပြီးစောဒကတက်လာတယ်။ အာလုံးအပုတ်တွေကနေအနံ့ထွက်လာပြီကိုး။တချို့ကျ အာလူး (၅)လုံးတောင်သယ်ရတာဆိုတော့ လေးလံနေကြတာပေါ့။တစ်ပတ်ပြည့်တော့ ဂိမ်းကပြီးပြီလေ။ ဒါကြောင့် ကလေးတွေလည်း စိတ်လက်ပေါ့ပါးသွားတာပေါ့။ ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံး အာလူးအိတ်ကြီး သယ်ပြီးလျှောက်သွားနေတာဘယ်လိုခံစားရလဲ လို့ ဆရာမကမေးတော့ သူတို့ရဲ့ စိတ်ပျက်စရာကောင်းတဲ့ အတွေ့အကြုံတွေကို ပြောပြကြတယ်။ဘယ်ကိုပဲသွားသွား အဲဒီ လေးလည်းလေး နံလည်းနံတဲ့
အားလူးအိတ်ကြီးကို ဘယ်သူက သယ်သွားချင်ကြမှာတုန်း။ ဒီတော့ ဆရာမက ဒီဂိမ်းကစားရခြင်းရဲ့ ရည်ရွယ်ချက်ကို ရှင်းပြတယ်။အခုမင်းတို့ ခံစားခဲ့ရတဲ့ အခြေအနေဟာ ဘာနဲ့တူသလဲဆိုတော့ လူတစ်ယောက်ပေါ်မှာထားတဲ့အာဃာတ အမုန်းတွေကို သားတို့ရဲ့နှလုံးသားထဲမှာထည့်ပြီး လျှောက်သွားနေတာနဲ့ တူတယ်။ အကယ်၍ အဲဒီ
အာလူးပုတ်ရဲ့ အနံ့အသက်ကို တစ်ပတ်လေးတောင်မှမခံနိုင်ဘူးဆိုရင် သားတို့စဉ်းစားကြည့်စမ်း။ အမုန်းအာဃာတတွေကို မင်းတို့ရဲ့ နှလုံးသားထဲမှာ ဘ၀တလျှောက်လုံး သယ်သွားမယ်ဆိုရင်ဘယ်လိုနေမလဲ။ လူတွေအပေါ်မှာထားတဲ့ အမုန်းတွေကို လွှင့်ပစ်လိုက်ပါ။ ဘ၀တလျှောက်လုံး အဲဒီဒုက္ခကို သယ်မသွားပါနဲ့။ ခွင့်လွတ်ခြင်းဆိုတာ အမြင့်မြတ်ဆုံး စိတ်ဓါတ်ပါ။ မင်းမကြိုက်ဘူးဆိုတဲ့လူကိုတောင် မေတ္တာထားပါ။ မေတ္တာစစ် မေတ္တာမှန်ဆိုတာ ပြီးပြည့်စုံတဲ့လူကိုချစ်တာမဟုတ်ပါဘူး။မပြည့်စုံတဲ့သူကို ပြည့်ပြည့်၀၀ ချစ်တာပါ။  ။

 

‘တရားတော်များ’

Powered by Blogger.