“လောကုတ္တရာ ဥစ္စာရတနာ”

"နေ့အခါမြှောက်၊ ညမှာခြောက်၊ ရွံ့ ကြောက်ဖွယ်ရာ၊ လောကီပါ။
နေ့အခါပျော်၊ ညမှာပျော်၊ နှစ်ဖော်ချမ်းသာ လောကုတ္တရာ။"
"တစ်ဘ၀အကျိုး၊ သယ်ဆောင်ပိုး၊ တန်းခိုးနည်းရှာ၊ လောကီပါ။
ဘ၀များမြောင်၊ ချမ်းသာဆောင်၊ မြင့်ခေါင်လှစွာ၊ လောကုတ္တရာ။"
"လောကီဥစ္စာ ရတနာ မှတ်ပါဘုံဆိုင်ပစ္စည်းတည်း။
လောကုတ္တရာ ရတနာ မှတ်ပါကိုယ်ပိုင်ပစ္စည်းတည်း။"



၁။ ရတနာသုံးဖြာနဲ့  ကံကံရဲ့ အကျိုးကို ယုံကြည်မှု သဒ္ဓါတရား။
၂။ ကိုယ်နှင့်နှုတ်ကို စောင့်စည်းထိန်းသိမ်းမှု သီလတရား။
၃။ အကြားအမြင် များမှု သုတတရား။
၎။ စွန့် ကြဲပေးကမ်းမှု စာဂတရား။
၅။ အမှန်တရားကို သိနိုင် မြင်နိုင်မှု ပညာတရား။
၆။ မကောင်းမှုပြုရမှာကို ရှက်တတ်မှု ဟိရီတရား။
၇။ မကောင်းမှုပြုရမှာကို ကြောက်လန့် တတ်မှု သြတ္တပ္ပတရား။


"ဉာဏ်(၃)မျိုး"


၁။ သုတမယဉာဏ်-ကြားသိ ဉာဏ်
သုတမယဉာဏ်ဆိုသည်မှာ သူများ ဟောလို့  ပြောလို့ ဖြစ်စေ၊ မိမိကိုယ်တိုင် စာပေကြည့်ရှုလေ့လာခြင်းမှဖြစ်စေ ဖြစ်ပေါ်လာသော အသိ ဉာဏ်ကို ခေါ်ဆိုသည်။

၂။ စိန္တာမယ ဉာဏ်-တွေးသိ ဉာဏ်
စိန္တာမယ ဉာဏ်-တွေးသိ ဉာဏ်သည် သူများ ဟောလို့  ပြောလို့  ဖြစ်ပေါ်လာတဲ့  ဉာဏ်မျိုး မဟုတ်ဘဲ ကိုယ်တိုင်တွေးခေါ် စဉ်းစား စိတ်ကူးရာက ဖြစ်ပေါ် ရရှိလာသော အသိ ဉာဏ်ဖြစ်သည်။

၃။ ဘာဝနာမယ ဉာဏ်-ပွားသိ ဉာဏ်
ဘာဝနာမယ ဉာဏ်ကတော့ သူများ ဟောလို့  ပြောလို့  သိသောအသိလည်းမဟုတ်၊ ကိုယ်တိုင်တွေးခေါ် စဉ်းစားဆင်ခြင်ရုံသက်သက်နဲ့  သိသော အသိမျိုးလည်းမဟုတ်၊ ကိုယ်တိုင် အကျင့်မှန်ကို လက်တွေ့  ကျင့်ကြံ ပွားများအားထုတ်လို့  ဖြစ်ပေါ်ရရှိလာသော အသိ ဉာဏ်မျိုး ဖြစ်သည်။

Ditulis Oleh : ကိုငယ် // 12:53
Kategori:

0 comments:

 

‘တရားတော်များ’

Powered by Blogger.