"လူ့ဘဝ၏ အောင်မြင်တိုးတက်ခြင်း သို့သွားရာ လှေခါး (၃၀)"
၁။ ကတိအပေးနည်းပါစေ။
၂။ အမှန်ကို အမြဲပြောပါ။
၃။ မိတ်ကောင်းဆွေကောင်းထားရှိပါ။
၎။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။
၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။ှ
၆။ မိမိ၏ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိပါစ။
၇။ မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။
၈။ သဒ္ဓါမရောက်မီ တရားမျှတမှု ရှိပါစေ။
၉။ လောင်းကစားမှုကို လုံးဝရှောင်ကြဉ်ပါ။
၁၀။ လျှို့ဝှက်သင့်သည်ကို မပေါက်ကြားပါစေနှင့်။
၁၁။ အကျင့်စာရိတ္တကောင်းခြင်းမွန်သည်သာ ဘဝ၏အောင်မြင်တိုးတက်ခြင်းကိုဖြစ်စေသည်။
၁၂။တတ်နိုင်ပါက ချေးငှားမှုအား ဘယ်သောအခါမှ မပြုပါနှင့်။
၁၃။ သင်၏ပျော်ရွှင်ချမ်းမြေ့ခြင်းသည် သင့်၏ကျေနပ်မှုနှင့်လုပ်ငန်းအပေါ်မှာမူတည်ပါလိမ့်မယ်
၁၄။ ကြွယ်ဝချမ်းသာမှုကို ဆောင်ရွက်ရာတွင် အလောသုံးဆယ်မပြုလုပ်သင့်။
၁၅။ သူတစ်ပါးအား ပြောဆိုရန်ရှိလျှင် ထိုသူ့မျက်နှာကို ကြည့်ရ်ျပြောပါ။
၁၆။ မယားတစ်ယောက်ကို လုပ်ကြွေးနိုင်မှ ထိမ်းမြားမင်္ဂလာ ပြုသင့်ရာသည်။
၁၇။ ကြီးလာသည့်အခါ သုံးစွဲနိုင်ရန် ငယ်ရွယ်စဉ်က ချွေတာစုဆောင်းရာ၏။
၁၈။ အပေါ်ယံသာယာမှုကိုကြည့်၍ အပျော်အပါးများအားမလိုက်စားသင့်
၁၉။သူတစ်ပါးတို့အားကူညီရာတွင် ကဲ့ရဲ့ ပြစ်တင်ရှုတ်ချမှုကိုဂရုမစိုက်သင့်။
၂၀။ ကောင်းသောစိတ်ထားခြင်း၊ကောင်းသောစကား ဆိုခြင်းသည် မွန်မြတ်ခြင်းဖြစ်၏။
၂၁။ မှန်မှန်ကန်ကန်နှင့်ကြိုးစားမှုကြောင့်တိုးတက်ခြင်းသည်ထိုက်တန်အောင်မြင်ခြင်းဖြစ်၏။
၂၂။ ညအိပ်ယာဝင်သည့်အခါတစ်နေ့တာလုပ်ဆောင်ခဲ့သမျှကို ပြန်လည်သုံးသပ်ခြင်းသည်
နောက်နေ့လုပ်ဆောင်ရမည့်အလုပ်အတွက် တိကျမှုကိုဖြစ်စေ၏။
၂၃။ သင့်အပြုအမူဆောင်ရွက်ချက်မှလွဲရ်ျ သင့်အကျင့်စာရိတ္တကိုထိခိုက်စေမည့်အကြောင်းမရှိနိင်။
၂၄။ အလုပ်တစ်ခုကို စဉ်းစားဆုံးဖြတ် သုံးသပ်ပြီးမှအကောင်အထည်ဖေါ်ရာ၏။
၂၅။ အလုပ်နှင့်ဘယ်အခါမှ ကင်းကွားမှုမဖြစ်စေပဲ လက်များကိုအကျိုးရှိစွာအသုံးချပါ။
၂၆။ကိုယ့်အကျိုးသာကြည့်ပြီး သူတစ်ပါးအကျိုးမကြည့်သောသူများအားမိတ်ဆွေအဖြစ်မပြုသင့်။
၂၇။အကျင့်စရိုက်ကြမ်းတန်းသူများနှင့်အတူတကွမနေသင့်။
၂၈။သြဇာအားဏာရှိသူသော်ငြားလည်း ယုတ်မာရက်စက်လူမဆန်သူများနှင့်ဝေးဝေးနေသင့်၏။
၂၉။သူတော်မဟုတ်သူယုတ်တို့နှင့်ကင်းကင်းနေက ကိုယ် စိတ်နှစ်ဖြာချမ်းသာရ၏။
၃၀။ကိုယ့်အကျိုး သူ့အကျိုး မျှမျှတတဆောင်ရွက်ငြားက မိတ်ကောင်းသဟာပေါကြွယ်ပါ၏။
မှတ်ချက်။ ။http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A406930&xgs=1&xg_source=msg_share_post ကူးယူဖော်ပြသည်။
"လူတွေရဲ့ ကွဲပြားခြားနားတဲ့ အချက်လေးများ"
ခင်ပွန်း
တစ်ခါတလေမှာ သူဟာ ကလေးဆိုးကြီးနဲ့ တူတတ်တယ်။
ရုံးဝတ်စုံကို ချွတ်ပြီးနောက် သူ့ပုံစံကို တစ်မျိုးပြောင်းခွင့်ပေးလိုက်ပါ။
သွားတိုက်ဆေးဗူးကို လုံအောင်မပိတ်တတ်တဲ့ သူ့ကို ဗွေမယူပါနဲ့။
သွယ်ဝိုက်ပြီး အကြိမ်ကြိမ် သတိပေးမှ ကိုယ့်မွေးနေ့ကို မှတ်မိတတ်တဲ့သူ့ကို
ခွင့်လွတ်နားလည်ပေးပါ။တကယ်တော့... သန်မာထွားကြိုင်းတဲ့ သူ့ခန္ဓာအောက်က အသဲနှလုံးတစ်စုံဟာ
ကိုယ့်ဆီက ခွင့်လွတ်နားလည်မှု နည်းနည်းနဲ့ ချစ်ခြင်းမေတ္တာတွေကို လိုအပ်နေပါတယ်။
ဇနီး
သူ့ဆီမှာ ကိုယ်တောင်းဆိုတဲ့အရာတွေက ကိုယ့်မိခင်ဆီ ကိုယ်တောင်းဆိုတဲ့အရာလို
သဘာဝကျပါသလား?
တစ်ခြားကဏ္ဍကနေ ပါဝင်ကြည့်ပါ။
တစ်ခါတလေ ကလေးနို့ပုလင်းကို ကိုင်ကြည့်ပါ။
တစ်ခါတလေ မီးဖိုချောင်ဝင်ကြည့်ပါ။
လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆားအပြင် ဂရုစိုက်မှု၊ နားလည်မှုနဲ့
ချိုမြိန်တဲ့ စကားတွေ သူ့ကိုနည်းနည်း ပိုပေးလိုက်ပါ။
သားသမီး
သေးငယ်တဲ့ သူ့ရဲ့လက်တွေ နောင်တစ်ချိန်မှာ ဘယ်လိုလက်ဖဝါးကြီးမျိုး
ဖြစ်နိုင်မလဲ?Child
ရီပို့ကတ်ပေါ်က အမှတ်တွေကို သူ့ဆီက ကိုယ်တောင်းဆိုသလို ပတ်ဝန်းကျင်၊
သဘာဝတရားတွေကို သူခံစားတတ်အောင် သင်ပေးပါ။
စိတ်ဓာတ်တွေ သန်မာကြံ့ခိုင်အောင် သင်ပေးသလို နူးညံ့ပျော့ပျောင်းတဲ့
နှသားသားတစ်စုံ ရှိသင့်ကြောင်းလည်း ပြောပြပါ။
သူကြီးပြင်းရာ လမ်းတစ်လျှောက်မှာ လမ်းညွှန်ဆုံးမသူအဖြစ် အဖော်ပြုပေးပါ။
မိဘ
အချိန်မီသေးတဲ့အချိန်မှာ တန်ဖိုးထားပါ။
ကိုယ့်သားသမီးတွေရဲ့ ငိုသံက ကိုယ့်မိဘတွေရဲ့ သက်ပြင်းချသံထက်
ပိုကြင်နာမှုရခဲ့ပါတယ်။
သားသမီးတွေ ကျောင်းလွတ်တဲ့အချိန်ကို
ကိုယ်မမေ့ပေမယ့်
ကိုယ်အိမ်ပြန်ချိန်ကို မျှော်နေတတ်တဲ့ မိဘတွေရဲ့ ဂရုစိုက်မှုကိုတော့
ကိုယ်လျှစ်လျှူရှူမိတတ်တယ်။
လောဘရမ္မက်ရဲ့ တောင်းဆိုမှုကို ဥစ္စာပစ္စည်းတွေက မဖြည့်တင်းပေးနိုင်ပါဘူး။
အရေးကြီးတာက မိဘတွေကို ကိုယ့်ရဲ့အချိန်တွေ နည်းနည်းပိုပေးဖို့ပါပဲ။
မောင်နှမ
stand by me ကိုယ့်ဖက်မှာပဲ
သူရှိနေခဲ့တယ်။
အဖေက အစ်ကို့ကို ပိုအလိုလိုက်တယ်လို့ ထင်ခဲ့တယ်။
အမေက ညီမလေးကို ပိုချစ်တယ်လို့ ထင်ခဲ့တယ်။
တကယ်တော့... လက်ဖဝါးချင်းပါပဲ၊ သွေးရင်းတွေပါပဲ
ကိုယ်လိုအပ်ချိန်မှာ သူတို့က ကိုယ်ဖက်မှာ ရှိနေခဲ့ပါတယ်။
ချစ်သူ
အချစ်က တစ်လမ်းသွားမဟုတ်ပါဘူး။
ရောင်ပြန်ဟပ်တတ်ပါတယ်။
ကိုယ်ပေးဆပ်သလောက် ပြန်ရတာပါပဲ။
စိတ်ဆိုးချိန်မှာ သူ(သူမ)ရဲ့ ကောင်းကွက်ကို ရှာကြည့်ပါ။
မကျေနပ်ချိန်မှာ သူ(သူမ)ရဲ့ အနစ်နာခံခဲ့တာကို သတိရပါ။
အေးစက်ချိန်မှာ သူ(သူမ)ရဲ့ နွေးထွေးမှုကို အမှတ်ရပါ။
ပေးဆပ်ခြင်းကို နှစ်ယောက်စလုံးနားလည်ခဲ့ရင် အချစ်က ထာဝရတည်တံ့ပါတယ်။
နှလုံးသားချင်းထပ်ပြီး နှစ်ယောက်အတူ ချစ်ဖို့ရာ မလွယ်ကူပါဘူး။
လမ်းခွဲတဲ့စကားကို လွယ်လွယ်ကူကူ မပြောလိုက်ပါနဲ့။
ဒီပို့စ်လေးကတော့ ဘာသာရေး၊စိတ်အင်အားနဲ့ ဘာမှတော့ မသက်ဆိုင်ပါဘူး။ဒါပေမဲ့ ဒီပို့စ်လေးကို သင်ဖတ်ပြီး သင့်ရင်ထဲမှာ တစ်ခုခု ကျန်ခဲ့မယ် ဆိုရင် ကျွန်တော် ကျေနပ်ပါသည်။
မှတ်ချက်။ ။http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A405903&xgs=1&xg_source=msg_share_post မှ ကူးယူဖော်ပြသည်။
"ဘ၀ကို ပျော်ရွှင်အောင်နေနည်း"
၁။ မျှော်လင့်ထားတာထက် ပေးကမ်းလိုက်ပါ။
၂။ သင်နှင့်လေပေးဖြောင့်သူကို လက်ထပ်ပါ။
၃။ ကြားသမျှမယုံ၊ ရှိသမျှမသုံး၊ အိပ်ချင်သလောက်မအိပ်ပါနှင့်။
၎။ “မင်းကိုချစ်တယ် ”ဟု အလေးအနက်ပြောပါ။ (ဒါကိုသူငယ်ချင်းတွေအားလုံးကျင့်သုံးကြည့်နော်.)
၅။ “စိတ်မကောင်းပါဘူး” ဟု ထိုသူ၏မျက်လုံးကို ကြည့်ပြီးမှပြောပါ။
၆။ အနည်းဆုံးခြောက်လစေ့စပ်ပြီးမှ လက်ထပ်ပါ။
၇။ မြင်မြင်ချင်း ချစ်တတ်တာကို ယုံပါ။
၈။ သူများ၏မျှာ်လင့်ချက်အိပ်မက်များကို ပြက်ရယ်မပြုပါနှင့်။
၉။ နက်နက်ရှိုင်းရှိုင်းချစ်မြတ်နိုးပါ။
၁၀။ တရားသဖြင့် ငြင်းခုံပါ။
၁၁။ ဆွေမျိုးအသိုင်းအ၀ိုင်းကို ကြည့်ပြီး အကဲမဖြတ်ပါနှင့်။
၁၂။ ဖြည်းဖြည်းပြောပါ။ လျှင်မြန်စွာ စဉ်းစားပါ။
၁၃။ မဖြေချင်သည့်မေးခွန်းကို မေးလျှင်“ဘာလို့ သိချင်တာလဲ” လို့ ပြုံးပြုံးလေးမေးလိုက်ပါ.
၁၄။ ထူးကဲသောချစ်ခြင်းနှင့်အောင်မြင်မှုများမှာ နက်ရှိုင်းသောစွန့် စားမှု ပါနေသည်ကို သတိရပါ။
၁၅။ ဆုံးရှုံးရချိန်တွင် သင်ခန်းစာယူပါ။
၁၆။ သဘောထားကွဲလွဲမှုကြောင့် ကြီးမားသောခင်မင်ရင်းနှီးမှုကို မထိခိုက်ပါစေနှင့်။
၁၇။ အမှားလုပ်မိကြောင်းသိသိချင်း ပြင်ဆင်ဖို့ ကြိုးစားပါ။
၁၈။ တယ်လီဖုန်းကောက်ကိုင်ချိန်မှာ ပြုံးနေပါ။
၁၉။ တစ်ချို့ အချိန်တွေမှာ တစ်ကိုယ်တည်းနေပါ။
၂၀။ တစ်ယောက်ရဲ့အမှားကို တစ်ယောက်က ထောက်ပြပေးပါ။
၂၁။
အထင်လွဲတာ ၊ စိတ်ကောက်တာမျိုး အတတ်နှိုင်ဆုံးမလုပ်မိအောင် ရှောင်ပါ။
၂၂။
တနေ့ ကိုမိနစ်အနည်းတော့ကိုယ်ကြိုက်နှစ်သက်ရာကိုလုပ်ပေးပါ။
မှတ်ချက်။ ။ http://www.myanmarfamily.org/forum/showthread.php?t=16521 ကူးယူဖော်ပြသည်။
"မမှီဘူးဆိုတာ မလိုက်လို့ပါ"
ကျွန်တော် တင်းနစ် ကစားနေတာကို ဖေဖေက ပထမဦးဆုံး လာကြည့်တယ်။ ကျွန်တော်ကတော့
ကျွန်တော့်ကစားဟန်အတိုင်း သွက်သွက်လက်လက် ကစားပြတယ်။ ဖြစ်ချင်တော့ ကျွန်တော်နဲ့
တတိယ ကစားတဲ့ သူတစ်ယောက်က အတော် ကျွမ်းကျင်တယ်။ ကျွန်တော် လျင်လျင်မြန်မြန်
ကျွန်တော့်ကစားနေကြ အတိုင်း ကစားရင်းကို သူ့ရဲ့ လက်ပြန်ဘောတွေက ကျွန်တော်
လွတ်နေတဲ့ နေရာတွေကို တဖွဲဖွဲကျတယ်။ ကျွန်တော် အပြေးအလွှားလိုက်ရင်လည်း
မမှီနိုင်တဲ့ နေရာတွေ။ လိုက်လို့ မမှီနိုင်ဘူး ဆိုတဲ့ နေရာတွေ ဆိုတော့
ကျွန်တော်လည်း အသေအကြေ မလိုက်မိဘူး။ ဒါနဲ့ ပွဲပြီးတော့ ကျွန်တော်
နှစ်ပွဲပြတ်နဲ့ ရှုံးတယ်။
ဖေဖေ လာကြည့်တော့မှ ဘယ်ကမှန်း မသိတဲ့ ကိုယ့်ထက် အတန်းကြီးက လူတစ်ယောက်ကို
ခွက်ခွက်လန်အောင် ရှုံးတော့ ကျွန်တော် သိပ်ပြီး မကျေနပ်။ ဒီလူကိုလည်း ကျွန်တော်
တစ်နေ့ နိုင်အောင် ကစားမယ် လို့ ကျွန်တော် စိတ်ထဲမှာ မှတ်ထားလိုက်တယ်။ ဖေဖေနဲ့
အိမ်ပြန်လာတော့ ဖေဖေက လမ်းမှာ ဘာမှ သေချာ မပြောဘူး။ သူ့ဖာသာ အေးဆေး
လျှောက်လာတယ်။ ဖေဖေ ဘာမှ မပြောတော့ ကျွန်တော် စိတ်ထဲ တစ်မျိုး ဖြစ်လာတယ်။
တကယ်ဆို ကျွန်တော် တင်းနစ်ကစားတာ ဖေဖေ ပထမဦးဆုံး လာကြည့်တဲ့ ပွဲ။ ဖေဖေ
တစ်ခုခုတော့ ပြောဖို့ ကောင်းတယ်။
ကျွန်တော်ကလည်း ဖေဖေ လာကြည့်တဲ့ ပွဲမှ နှစ်ပွဲပြတ်နဲ့ ရှုံးရတယ်လို့။ ဒီလူရဲ့
ရိုက်ချက်တွေက အသာလေးဆိုပေမဲ့ ကျွန်တော် လိုက်လို့ မမှီနိုင်တဲ့ နေရာတွေကို
သူက သူရဲ့ လက်ပြန်ရိုက်ချက်တွေနဲ့ ပို့သွားတာ။ ဟူး...ဒီရိုက်ချက်တွေ
ပြန်တွေးရင်း ကျွန်တော် ဘေးနားက ဖေဖေ့ကို တစ်ခုခု ပြောချင်တယ်။ ဖေဖေရဲ့ဘာမှ
မပြောပဲ တိတ်ဆိတ်နေတာကလည်း ကျွန်တော့်ကို ပိုပြီး အနေရခက်စေတယ်။ ဒါကြောင့်
ဖေဖေ့ကို ကျွန်တော် စကားစလိုက်တယ်။
“ ဒီနေ့ ကျွန်တော်နဲ့ ကစားတဲ့သူက တော်တော်ကောင်းတယ်နော် ဖေဖေ။ သားမမှီတဲ့
နေရာတွေကို သူ့ရဲ့ လက်ပြန်ရိုက်ချက်နဲ့ သူရိုက်ပြီး ကစားသွားတာ။ ”
ကျွန်တော် ပြောတာကို ဖေဖေက နားထောင်ပြီး...
“ သူ ကောင်းတယ် ဆိုတာလည်း ဟုတ်တယ်။ သူရဲ့ လက်ပြန်ရိုက်ချက်တွေ ကောင်းတယ်
ဆိုတာလည်း ဟုတ်တယ်။ သူက သားလွတ်နေတဲ့ နေရာတွေကို ရိုက်တယ် ဆိုတာလည်း ဟုတ်တယ်။
ဒါပေမဲ့ တစ်ခုတော့ မဟုတ်ဘူးသား။ ”
“ ဗျာ...၊ ဘာလဲ ဖေဖေ။ ”
“ ဘာလဲ ဆိုတော့ သူ့ရိုက်ချက်တွေကို လိုက်ဆယ်ဖို့ သားက မမှီဘူးလို့ ပြောတာလေ။
တကယ်တော့ သူ့ရိုက်တွေ ကောင်းတယ် ။ သားလွတ်နေတဲ့ နေရာကို လိုက်ရိုက်တယ်
ဆိုတာလည်း ဟုတ်တယ်။ ဒါပေမဲ့ သားရယ် ၊ သားသေချာ စဉ်းစားပါဦး။ တင်းနစ် ရိုက်တယ်
ဆိုတာ သူများ ဟာကွက် လွတ်ကွက် ဆီကို ရိုက်ရတာ မဟုတ်လား။
တကယ်တော့ ဒီနေ့ သူရဲ့ ရိုက်ကွက်တွေ ကောင်းတယ် ဆိုတာထက် ငါ့သားက
သူရိုက်လိုက်တာတွေ ငါ မမှီတဲ့ နေရာကို ရောက်နေပါလား ဆိုပြီး မလိုက်လို့ ဒီနေ့
သား ရှုံးရတာပါ။ ”
ဖေဖေ ဒီလို ပြောတော့ ကျွန်တော်လည်း အံ့သြသွားပြီး . .
“ မဟုတ်ဘူးလေ.ဖေဖေ။ သူ့ရိုက်တာတွေကို သားမှ မမှီတာလေ။ ”
ဒီတော့ ဖေဖေက ပြုံးကြည့်ပြီး. . .
“ ဟုတ်တယ်။ ငါ့သားစိတ်ထဲမှာ ဒါကတော့ မမှီပါဘူးလို့ ရှိနေတယ်လေ။ ဒါကြောင့်
မလိုက်တာ။ မလိုက်တော့ မမှီဘူး။ မမှီဘူးလို့ ထင်နေတော့ မလိုက်ဖြစ်ဘူး။ ဒါကြောင့်
ငါ့သား ရှုံးခဲ့တာပဲ။ တကယ်တော့ “ မမှီဘူးဆိုတာ မလိုက်လို့ပါ။ ” တကယ်လို့
ငါ့သားသာ ဒီဘောလုံးကို မှီရမယ် ဆိုတဲ့ စိတ်နဲ့ လိုက်ကြည့်စမ်းပါ။ ဒီဘောလုံး
ရပ်နေသလို ငါ့သားဆီက စွမ်းအင်တွေ ထွက်လာပြီး မှီလာပါလိမ့်မယ်။
မမှီနိုင်ဘူး ထင်နေသ၍တော့ ဘယ်တော့မှ မှီလာလိမ့်မယ် မဟုတ်ဘူး. . သား။ ငါ မှီရမယ်
ဆိုတဲ့ စိတ်နဲ့ လိုက်ကြည့်စမ်းပါ။ မှတ်ထားသား ဘယ်အရာ မဆို *“ မမှီဘူးဆိုတာ
မလိုက်လို့ပါ။ ”* ”
ဖေဖေ ဒီလို ပြောတော့ ကျွန်တော် လက်မခံချင်ဘူး။ ဒါပေမဲ့ ဘာမှ တော့
ပြန်မပြောဖြစ်ပဲ အိမ်ရောက်လာခဲ့တယ်။ ကျွန်တော် အဲဒီညက တစ်ညလုံး
အိပ်မပျော်ခဲ့ပါ။ တစ်ညလုံး စဉ်းစားနေခဲ့တယ်။ ငါ တကယ်ကို မမှီတာလား ။
မမှီဘူးထင်ပြီး မလိုက်ဖြစ်တာလား ၊ ဖေဖေ ပြောသလိုရော တကယ်လား။ ကျွန်တော်
ကစားခဲ့တဲ့ တင်းနစ်ပွဲတွေ ကျွန်တော် ပြန်တွေးကြည့်တယ်။ ဒီနေ့ ကစားတဲ့ ပွဲကို
ကျွန်တော် ပြန်တွေးကြည့်တယ်။ ဖေဖေ ပြောတာ အမှန်ပဲလို့ ကျွန်တော် တွေ့လိုက်ရတယ်။
မမှီနိုင်ဘူးလို့ ကျွန်တော် ကိုယ် ကျွန်တော် ထင်နေတာက ကျွန်တော့်ကို
တင်းနစ်ဘောလုံးနောက်ကို မလိုက်ပဲ အရှုံးပွဲတွေနဲ့ တွေ့စေခဲ့ပါလားလို့လည်း
ကျွန်တော် တွေ့လာခဲ့တယ်။ တကယ်လို့ ငါ အားစိုက်လိုက်ရင် မှီချင်မှီလာနိုင်တယ်
ဆိုပြီးလည်း ကျွန်တော် တွေးမိတယ်။ ငါ.မှီအောင် လိုက်ကြည့်မယ် လို့လည်း
ကျွန်တော် သံဓိဌာန်ချမိတယ်။
နောက်နေ့ကစပြီး ဘောလုံးနားရောက်တော့မှ ကျွန်တော် ရိုက်ခွင့်မရပဲ
ချော်ချင်ချော်သွားပါစေ ကျွန်တော် ဘောလုံးနောက်ကို အားစိုက်ပြီး လိုက်ခဲ့တယ်။
ဒီတော့ အရင်က ကျွန်တော် မမှီနိုင်ပါဘူးဆိုတဲ့ ဘောလုံးလေးတွေကို ကျွန်တော်
လက်တစ်ကမ်း အမှီမှာ လိုက်ပြီး ရိုက်နိုင်လာတယ်။ နောက်ဆုံး မမှီဘူးဆိုရင်လည်း
ကျွန်တော့်အတွက် သက်လုံကောင်းလာခဲ့တယ်။
ဒါနဲ့ ကျွန်တော့်ကို လက်ပြန်ရိုက်ချက်တွေနဲ့ လွတ်နေတဲ့ နေရာတွေကို ရိုက်ခဲ့ပြီး
နှစ်ပွဲဆက် ရှုံးစေခဲ့တဲ့ အတန်းကြီးက ကျောင်းသားနဲ့ ကျွန်တော် ပြန်တွေ့တော့
သူ့ရဲ့ ရိုက်ချက်တွေကို ကျွန်တော် အတင်းလိုက်တယ်။ တကယ်ကို အံ့သြစရာပါပဲဗျာ.
အရင်က မမှင်္ီပါဘူးဆိုပြီး လက်ပြန်ရိုက်ချက်တွေနဲ့ ကျွန်တော့်လွတ်ကွက်နေရာ
ရိုက်ခဲ့သူကို ကျွန်တော် နှစ်ပွဲပြတ် ၊ အမှတ်ပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။
ဒီတစ်ပွဲထဲမှာ မဟုတ်ပါဘူး.။ ကျွန်တော် နောက်ထပ် ဆက်ရိုက်သမျှ ပွဲတွေကိုလည်း
ကျွန်တော် မမှီဘူးဆိုတာ မဖြစ်အောင် ဘောလုံးနောက် အားစိုက်ပြီး လေအဟုန်ကဲ့သို့
ကျွန်တော် လိုက်တယ်။ ဘောလုံးနောက် လိုက်သူ ဘောလုံးရတာ မဆန်းပါဘူး။ ဒါကြောင့်
ကျွန်တော့်မှာ လွတ်ထွက်သွာတယ် ဆိုတဲ့ ဘောလုံး ရှားလာသလို ကျွန်တော်လည်း
အဆင့်တွေ တတ်ပြီး ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။
ကျွန်တော့်ကို ချန်ပီယံ ဖြစ်စေတဲ့ အရာက ဘာလဲ ဆိုရင် ကျွန်တော့်မှာ ပြောစရာ
စကားတစ်ခွန်းကိုပဲ ထုတ်ပြရမှာပါ။
“ မမှီဘူး ဆိုတာ မလိုက်လို့ပါ။ ”
ဒီကောင်လေးကတော့ စပိန်နိုင်ငံကို ကိုယ်စားပြုပြီး ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့တဲ့ ၊
အသက်ငယ်ငယ်ရွယ်ရယ်နဲ့ ကွင်းထဲမှာ တလွှားလွှား ပြေးလွားနေတတ်တဲ့ *Rafael Nadal *ပဲ
ဖြစ်ပါတယ်။
“လောကုတ္တရာ ဥစ္စာရတနာ”
"နေ့အခါမြှောက်၊ ညမှာခြောက်၊ ရွံ့ ကြောက်ဖွယ်ရာ၊ လောကီပါ။
နေ့အခါပျော်၊ ညမှာပျော်၊ နှစ်ဖော်ချမ်းသာ လောကုတ္တရာ။"
"တစ်ဘ၀အကျိုး၊ သယ်ဆောင်ပိုး၊ တန်းခိုးနည်းရှာ၊ လောကီပါ။
ဘ၀များမြောင်၊ ချမ်းသာဆောင်၊ မြင့်ခေါင်လှစွာ၊ လောကုတ္တရာ။"
"လောကီဥစ္စာ ရတနာ မှတ်ပါဘုံဆိုင်ပစ္စည်းတည်း။
လောကုတ္တရာ ရတနာ မှတ်ပါကိုယ်ပိုင်ပစ္စည်းတည်း။"
၁။ ရတနာသုံးဖြာနဲ့  ကံကံရဲ့ အကျိုးကို ယုံကြည်မှု သဒ္ဓါတရား။
၂။ ကိုယ်နှင့်နှုတ်ကို စောင့်စည်းထိန်းသိမ်းမှု သီလတရား။
၃။ အကြားအမြင် များမှု သုတတရား။
၎။ စွန့် ကြဲပေးကမ်းမှု စာဂတရား။
၅။ အမှန်တရားကို သိနိုင် မြင်နိုင်မှု ပညာတရား။
၆။ မကောင်းမှုပြုရမှာကို ရှက်တတ်မှု ဟိရတရား။
၇။ မကောင်းမှုပြုရမှာကို ကြောက်လန့် တတ်မှု သြတ္တပ္ပတရား။
"ဉာဏ်(၃)မျိုး"
၁။ သုတမယဉာဏ်-ကြားသိ ဉာဏ်
သုတမယဉာဏ်ဆိုသည်မှာ သူများ ဟောလို့  ပြောလို့ ဖြစ်စေ၊ မိမိကိုယ်တိုင် စာပေကြည့်ရှုလေ့လာခြင်းမှဖြစ်စေ ဖြစ်ပေါ်လာသော အသိ ဉာဏ်ကို ခေါ်ဆိုသည်။
၂။ စိန္တာမယ ဉာဏ်-တွေးသိ ဉာဏ်
စိန္တာမယ ဉာဏ်-တွေးသိ ဉာဏ်သည် သူများ ဟောလို့  ပြောလို့  ဖြစ်ပေါ်လာတဲ့  ဉာဏ်မျိုး မဟုတ်ဘဲ ကိုယ်တိုင်တွေးခေါ် စဉ်းစား စိတ်ကူးရာက ဖြစ်ပေါ် ရရှိလာသော အသိ ဉာဏ်ဖြစ်သည်။
၃။ ဘာဝနာမယ ဉာဏ်-ပွားသိ ဉာဏ်
ဘာဝနာမယ ဉာဏ်ကတော့ သူများ ဟောလို့  ပြောလို့  သိသောအသိလည်းမဟုတ်၊ ကိုယ်တိုင်တွေးခေါ် စဉ်းစားဆင်ခြင်ရုံသက်သက်နဲ့  သိသော အသိမျိုးလည်းမဟုတ်၊ ကိုယ်တိုင် အကျင့်မှန်ကို လက်တွေ့  ကျင့်ကြံ ပွားများအားထုတ်လို့  ဖြစ်ပေါ်ရရှိလာသော အသိ ဉာဏ်မျိုး ဖြစ်သည်။
"ငရဲကြီး(၈)ထပ်"
ငရဲ ရှိတယ်လို့ ကမ္ဘာ့သိပ္ပံပညာရှင်များက ယနေ့ လက်ခံ ခဲ့ကြသလို ကျွန်တော်တို့တွေကလည်း ငယ်ငယ်ကလေးတည်းက ငရဲရှိတယ်လို့ ဗုဒ္ဓဘာသာအယူဝါဒမှာ သိခဲ့ကြပြီးဖြစ်ပါတယ်။ကောင်းတာလုပ်ရင် နိဗ္ဗာန်ရောက်မယ်၊မကောင်းတာလုပ်ရင် ငရဲကြမယ်လို့ ငယ်ငယ်တုန်းက လူကြီးတွေ ပြောစကားအရ နားရည်ဝခဲ့ပါပြီ၊အခုဖော်ပြမဲ့ အကြောင်းအရာက တော့ ငရဲကြီး(၈)ထပ် အကြောင်းနဲ့ ဘယ်ငရဲက ဘယ်နှစ်နှစ် ကျခံရမယ်၊ ဘယ်လိုခံစားရမယ်ဆိုတာကို ဖော်ပြပေးချင်ပါတယ်။
၁။ သိဉ္ဇိုးငရဲ-အဖန်တလဲလဲ အသက်ရှင်ခံရသော ငရဲ။
-တရားစောင့် ရဟန်း၊ပုဏ္ဏား တို့ကို ပြစ်မှားသူတို့ ကျခံရသည်။
-ငရဲအသက် နှစ်(၅၀၀) ရှိသည်။
၂။ ငရဲသားကိုယ်ပေါ်တွင် မျဉ်းနက်ဆွဲသားပြီး ပခွပ်၊ဓား စသည်တို့ဖြင့် ခုတ်ဆွဲခံရသော ငရဲ ဖြစ်သည်။
-ရဟန္တာ စသောသူတော်စင်တို့ကို မရိုမသေ တုတ်၊ဓား၊လှံ စသည်တို့ဖြင့် ညှဉ်းဆဲသောသူတို့ ခံရသည်။
-ငရဲ သက်တမ်း (၁၀၀၀)ရှိသည်။
၃။ သံဃာတငရဲ-မီးစွဲတောက်နေသော သံတောင်းကြီးတို့ဖြင့် အမြဲကြိတ်ခံနေရသော ငရဲ။
-သူ့အသတ်သတ်ခြင်း စသောမကောင်းမှုပြုသူတို့ ခံစားရသည်။
-ငရဲ သက်တမ်း (၂၀၀၀) ရှိသည်။
၎။ ရောရုဝငရဲ-ကြိးကျယ်သော အသံတို့ဖြင့် အမြဲ မပြတ် ငိုကြွေးနေရသော ငရဲ။
-မကောင်းမှု အကုသိုလ် အလိုအလျောက် စိတ်နောက်ကိုယ်ပါ ပြုသူတို့ ခံရသည်။
-ငရဲ သက်တမ်း (၄၀၀၀) ရှိသည်။
၅။ မဟာရောရုဝငရဲ- ရောရုဝငရဲ ထပ်ကြီးလေးပြင်းထန်စွာ ခံရသောငရဲ။
-သီလ၊သမာဓိ၊ပညာနှင့် ပြည့်စုံသော ရဟန်း၊သံဃာ တို့ကိုပြစ်မှားခြင်း စသောမကောင်းမှုပြုသူတို့ ခံရသောငရဲဖြစ်သည်။
-ငရဲ သက်တမ်း(၈၀၀၀) ရှိသည်။
၆။ တာပနငရဲ-အမြဲပူလောင်စွာ ခံစားနေရသော ငရဲ။
-လင်ယောကျာ်း ကိုမရိုမသေ၊မလေးမစား ပြုသောမိန်းမတို့ ခံစားရသော ငရဲ ဖြစ်သည်။
-ငရဲ သက်တမ်း (၁၆၀၀၀) ရှိသည်။
၇။ မဟာတာပနငရဲ-တာပနငရဲထက် ဆင်းရဲဒုက္ခ ပိုမိုခံစားရသောငရဲ။
-အဂတိတရားလိုက်စားသူနှင့် လင်ယောကျာ်းကို နိုင်လိုမင်းထက် ရက်စက်ကြမ်းကြုတ်စွာ ပြုသော မိန်းမတို့ ခံစားရသည်။
-ငရဲ သက်တမ်း အန္တရကပ် တစ်ဝက်ရှိသည်။
၈။ အ၀ီစိငရဲ-ငရဲမီးလျှံ မပြတ်၊ဆင်းရဲဒုက္ခ အကြားအလပ် မရှိသောခံစားရသော ငရဲ။
-ပဉ္ဇာနန္တရိယကံ ကျုးလွန်သူတို့ ကျရောက်ခံရသည်။
-ငရဲ သက်တမ်း အန္တရကပ် တစ်ဝက်ရှိသည်။
ငရဲကြီးတစ်ထပ် တစ်ထပ်လျှင် ငရဲငယ် လေးခု ခြံရံလျက် ရှိသည်။ ယင်းကို ဥဿဒ ငရဲငယ်ဟုခေါ်သည်။
ငရဲငယ်(၄)ခု
  • ဘင်ပုပ်ငရဲ
  • ပြာပူငရဲ
  • လက်ပံတော ငရဲ
  • သန်လျက်ငရဲ
ယင်းသည် အရပ်လေးမျက်နှာတွင်ရှိ၍ ၄-နှင့်မြှောက်က ငရဲတစ်ထပ်လျှင် ငရဲငယ်(၁၆) ခုရှိသည်။ ယင်းငရဲငယ်(၁၆) ခုကို ငရဲကြီး (၈) ထပ်နှင့်မြှောက်ပါက ငရဲငယ်ပေါင်း(၁၂၀) ရှိသည်။
ကျမ်းကိုး။ ။ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု လက်စွဲစာအုပ်။
"ကံသုံးပါး"
ကံသုံးပါး ကိုလူတိုင်းနေ့တိုင်းကျုးလွန်နေကြစမြဲပါ။ကျွန်တော်လည်း ပါပါတယ်အဲအထဲမှာ။ကာယကံနဲ့ မနောကံကို မကျုးလွန်ဘူး ဆိုရင်တောင်မှ ၀စီကံကိုတော့ နေ့တိုင်းကျူးလွန်ကြမှာပါ။ဒါကြောင့် ကံသုံးပါး ကျူးလွန်ရင် ဘာတွေ ဖြစ်မယ်ဆိုတာကို ဖော်ပြလိုက်ရပါတယ်။
  • ကာယကံ-ကိုယ်ဖြင့်ပြုသောအမှု၊
  • ၀စီကံ-နှုတ်ဖြင့်ပြုသောအမှု၊
  • မနောကံ-စိတ်ဖြင့်ကြံသောအမှု၊
ကာယကံ(၃)ပါး
  • ပါဏာတိပါတ-သူ့အသက်သတ်ခြင်း၊
  • အဒိန္နာဒါန-သူ့ဥစ္စာခိုးယူခြင်း၊
  • ကာမေသုမိစ္ဆာစာရ-သူ့သားမယား အိမ်ရာပြစ်မှားခြင်း။
ဝစီကံ(၄)ပါး
  • မုသာဝါဒ-မဟုတ်မမှန်စကားပြောခြင်း၊
  • ပိသုဏ၀ါစာ-ချောပစ်ကုန်းတိုက်သော စကားပြောခြင်း၊
  • ဖရုသ၀ါစ-ကြမ်းတမ်းသော စကားပြောခြင်း(အယုတ်တမာ ဆဲရေးခြင်း)၊
  • သမ္ဖပ္ပလာပ-သိမ်ဖျင်းသော စကားပြောခြင်း(အနှစ်မဲ့ စကားပြောကြားခြင်း)၊
မုသာဝါဒ အပြစ် (၄)ပါး
  • ငရဲသို့ လားစေတတ်၏။
  • တိရစ္ဆာန် အမျိုး၌ ဖြစ်စေတတ်၏။
  • ပြိတ္တာဘုံသို့ ရောက်စေတတ်၏။
  • မဟုတ်မတရား အစွပ်စွဲခံရတတ်၏။
ပိသုဏ၀ါစာ အပြစ်(၄)ပါး
  • ငရဲသို့ လားစေတတ်၏။
  • တိရစ္ဆာန် အမျိုး၌ ဖြစ်စေတတ်၏။
  • ပြိတ္တာဘုံသို့ ရောက်စေတတ်၏။
  • မိတ်ဆွေများနှင့် ကွဲပြားစေတတ်၏။
ဖရုသ၀ါစ အပြစ်(၄)ပါး
  • ငရဲသို့ လားစေတတ်၏။
  • တိရစ္ဆာန် အမျိုး၌ ဖြစ်စေတတ်၏။
  • ပြိတ္တာဘုံသို့ ရောက်စေတတ်၏။
  • မနှစ်သက်ဖွယ်သော အသံကို ဖြစ်စေတတ်၏။
သမ္ဖပ္ပလာပ အပြစ်(၄)ပါး
  • ငရဲသို့ လားစေတတ်၏။
  • တိရစ္ဆာန် အမျိုး၌ ဖြစ်စေတတ်၏။
  • ပြိတ္တာဘုံသို့ ရောက်စေတတ်၏။
  • မယူအပ်သောစကားကို ဖြစ်စေတတ်၏။
မနောကံ(၃)ပါး
  • အဘိဇ္ဈာ-သူတစ်ပါး စည်းစိမ်ကို မတရားကြံစည်ခြင်း၊
  • ဗျာပါဒ-သူတစ်ပါး ပျက်စီးအောင် ဖျက်ဆီးခြင်း၊
  • မိစ္ဆာဒိဋ္ဌိ-အယူမှားခြင်း။
ကျမ်းကိုး။ ။ဗုဒ္ဓဘာသာ ယဉ်ကျေးမှု လက်စွဲစာအုပ်။
"မိတ်ဆွေတု၊ မိတ်ဆွေစစ်"
လူ့ လောကထဲတွင် မည်သူမဆို မိတ်ဆွေများ ရှိကြပေသည်။ မိတ်ဆွေအပေါင်းအသင်းမရှိသောလူ ဟူ၍ ရှားပါးလောက်ပေသည်။ အနည်းဆုံးမိတ်ဆွေစစ် မရှိလျှင် မိတ်ဆွေတုတော့ ရှိကြပေလိမ့်မည်။ သေရည်ဆိုင်၌သာ အဖော်ဖြစ်သောသူသည် သောက်ဖော်သောက်ဖက် မိတ်ဆွေမည်၏။ မိတ်ဆွေမိတ်ဆွေဟု ခေါ်၍ မျက်မှောက်၌သာ အဖော်သဟဲဖြစ်လျက် မျက်ကွယ်၌ ရန်သူသဖွယ်ဖြစ်သောသူသည် ဟန်ဆောင်မိတ်ဆွေ မည်၏။ အကြင်သူသည် အကြောင်းကိစ္စ ဖြစ်ပေါ်လတ်သော် အဖော်သဟဲ ဖြစ်၏။ ထိုသူသည် မိတ်ဆွေစစ် မည်၏။
မိတ်ဆွေတု
*ယူသာ ယူတတ်သော မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတု။(အညဓတ္ထုဟရ မိတ်ဆွေတု)
*နှုတ်မျှဖြင့်သာလျှင် (လောကွတ်) ပေးတတ်သော မိတ်ဆွေစစ် မဟုတ်သည့် မိတ်ဆွေတု။(၀စီပရမ မိတ်ဆွေတု)
*အကြိုက်ကိုလို၍ ပြောဆိုတတ်သော မိတ်ဆွေတု။(အနုပ္ပိယဘာဏီ မိဆွေတု)
*ပျက်စီးကြောင်း၌ အပေါင်းအဖော်ဖြစ်သော မိတ်ဆွေတု။(အပါယသဟာယ မိတ်ဆွေတု)
မိတ်ဆွေစစ်
*ကျေးဇူးပြုတတ်သော ကောင်းသော စိတ်နှလုံးရှိသည့် မိတ်ဆွေစစ်။(ဥပကာရ မိတ်ဆွေ)
*ချမ်းသာအတူ ဆင်းရဲလည်းအတူဖြစ်သော ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေစစ်။(သမာနသုခဒုက္ခ မိတ်ဆွေ)
*အကျိုးစီးပွားကို ပြောကြားတတ်သော ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေစစ်။(အတ္ထက္ခာယီ မိတ်ဆွေ)
*အစဉ်သနားတတ်သော ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေစစ်။(အနုကမ္ပက မိတ်ဆွေ)
မိတ်ဆွေတုကို ရှောင်
ထိုမိတ်ဆွေမျိုးသည် စင်စစ်ယူသာယူတတ်၏။ ထိုမိတ်ဆွေသည် နှုတ်ဖြင့်သာ ပေးတတ်၏။ ထိုမိတ်ဆွေသည် အကြိုက်ကိုသာ လိုက်၍ ပြောဆိုတတ်၏။ ထိုမိတ်ဆွေသည် ပျက်စီးကြောင်း၌ အပေါင်းအဖော် ဖြစ်၏။ မိတ်ဆွေစစ် မဟုတ်သော ဤလေးယောက်တို့ ကို ပညာရှိသည် ဘေးရန်ရှိသောခရီးကို ဝေးစွာ ရှောင်းကြဉ်သကဲ့သို့  ဝေးစွာ ရှောင်ကြဉ်ရမည်။
မိတ်ဆွေစစ်ကို ချဉ်းကပ်
ထိုမိတ်ဆွေမျိုးသည် ကျေးဇူးပြုတတ်၏။ ထိုမိတ်ဆွေသည် ချမ်းသာအတူ ဆင်းရဲအတူ ဖြစ်၏။ ထိုမိတ်ဆွေသည် အကျိုးစီးပွားကို ပြောကြားတတ်၏။ ထိုမိတ်ဆွေသည် အစဉ်သနားတတ်၏။ ပညာရှိတို့ သည် ဤမိတ်ဆွေလေးယောက်တို့ ကို အမိသည် ရင်၌ ဖြစ်သောသားသို့  ချဉ်းကပ်သကဲ့ သို့  ရိုသေစွာ ချဉ်းကပ်ရမည်။ သီလနှင့် ပြည့်စုံသော ပညာရှိမိတ်ဆွေသည် တောင်ထိပ်၌ တောက်လောင်သော မီးကဲ့ သို့  ထွန်းလင်းတင့်တယ်ပါသည်။
"မိတ်ဆွေတု လေးယောက်"
လောကတွင် မိတ်ဆွေ ကောင်းရှိသလို မိတ်ဆွေတု လည်း ရှိပါသည်။ယခု ဖော်ပြပေးမဲ့ အကြောင်းအရာကတော့ မိတ်ဆွေ တုလေးပါး ပဲဖြစ်ပါတယ်။
  • အယူသာရှိ၍ အပေးမရှိသော မိတ်ဆွေတု(အညဒတ္တုရမိတ်တု)
  • နှုတ်သာပါ၍ လက်မပါသော မိတ်ဆွေတု(၀စီပရမမိတ်တု)
  • ရှေ့တွင်သာ အကောင်းပြောသော မိတ်ဆွေတု(အနာပိယဘာဏီမိတ်တု)
  • ယုတ်မာမှုတွင် အဖော်ညှိသော မိတ်ဆွေတု(အပါယသဟာမိတ်တု)
အယူသာရှိ အပေးမရှိသော မိတ်တုလေးယောက် အဂါင်္(၄)ပါး
  • အယူသာရှိ၍ အပေးမရှိသူ၊
  • နည်းနည်းပေးပြီး များများရလိုသူ၊
  • ဘေးရန်ကြုံမှ လုပ်ကိုင်ပေးသူ၊
  • ကိုယ်ကျိုးငဲ့၍ ပေါင်းသူ၊
နှုတ်သာဆို လက်မပါ မိတ်တုလေးယောက် အဂါင်္(၄)ပါး
  • လွန်ပြီးသားကို ပြော၍ လောကွတ်ပြုသူ၊
  • အနာဂတ်ကိုပြော၍ လောကွတ်ပြုသူ၊
  • ပစ္စည်းမပါ ဗလာချည်းနှီးဖြင့် လောကွတ်ပြုသူ၊
  • လောလောဆယ် ပျက်စီးမှုကို အကြောင်းပြုသူ၊
ရှေ့တွင်အကောင်းပြော မိတ်တုလေးယောက် အဂါင်္(၄)ပါး
  • မကောင်းရာကို ခွင့်ပြုသူ၊
  • ကောင်းရာကိုလည်း ခွင့်ပြုသူ၊
  • ရှေ့တွင်သာ ချီးမွမ်းသူ၊
  • ကွယ်ရာ၌ ကဲ့ရဲ့သူ၊
ယုတ်မာမှု အဖော်ညှိ မိတ်တုလေးယောက် အဂါင်္(၄)ပါး
  • အရက်သောက်ရာ၌ အဖော်လုပ်သူ၊
  • အခါမဲ့သွားရာ၌ အဖော်လုပ်သူ၊
  • ပွဲသဘင်သွားရာ၌ အဖော်လုပ်သူ၊
  • လောင်းကစားရာ၌ အဖော်လုပ်သူ၊
ကျမ်းကိုး။ ။ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု စာအုပ်..
"မိတ်ကောင်းမိတ်စစ် လေးယောက်"
လောကတွင် လူရယ်လို့ ဖြစ်လာရင် မိတ်ဆွေ ဆိုတာရှိကြစမြဲပါ။ လူတိုင်းအတွက်လိုအပ်သော အရာထဲမှာ မိတ်ဆွေစစ် မိတ်ဆွေမှန် ဟာလည်းအရေးကြီးသော အရာတစ်ခုဖြစ်ပါတယ်။ကျွန်တော် ကြားဖူးတဲ့ စာသားလေးကို ပြောပြရမယ်ဆိုရင်တော့ "သူငယ်ချင်းကောင်း(မိတ်ဆွေ) ဆိုတာ ကိုယ်စိတ်ညစ်လို့ သူပျော်ရင် အဲဒါရန်သူပါ၊ ကိုယ်ပျော်လို့ သူပျော်ရင် အဲဒါသူငယ်ချင်းပါ၊ ကိုယ်စိတ်ညစ်လို့ သူစိတ်ညစ်ရင် အဲဒီသူကို ကိုယ့်ရင်ထဲမှာ ထာဝရသိမ်းထားလိုက်ပါ" အဲဒီစာသားလေးဟာ ကျွန်တော် အရမ်းကြိုက်သော စာသား ဖြစ်ပါတယ်။အောက်ဖော်ပြပါ အကြောင်းအရာများကတော့ မိတ်ကောင်းမိတ်စစ် လေးယောက် ဖြစ်ပါတယ်။
  • မိမိအား ကျေးဇူးပြုသော မိတ်ဆွေစစ်(ဥပကာရ မိတ်စစ်)
  • ချမ်းသာအတူ ဆင်းရဲအတူ ဖြစ်သော မိတ်ဆွေစစ်(သမာနသုခဒုက္ခ မိတ်စစ်)
  • အကျိုးစီးပွားကို ပြောကြားတတ်သော ဆရာနှင့်တူသော မိတ်ဆွေစစ်(အတ္တက္ခာယီ မိတ်စစ်)
  • ညှာညှာတာာတာ စောင့်ရှောက်တတ်သော မိတ်ဆွေစစ်(အနုကမ္မ မိတ်စစ်)
ကျေးဇူးပြု မိတ်စစ် လေးယောက်အဂါင်္ (၄)ပါး
  • မေ့လျောသောမိတ်ဆွေကို စောင့်ရှောက်သူ၊
  • မေ့လျော့သော မိတ်ဆွေဥစ္စာကို စောင်ရှောက်သူ၊
  • ဘေးအန္တရာယ်ကြုံက အားကိုရသူ၊
  • အရေးကြုံက နှစ်ဆပေး၍ ကူညီသူ၊
ချမ်းသာအတူ ဆင်းရဲအတူ မိတ်စစ်လေးယောက် အဂါင်္(၄)ပါး
  • မိတ်ဆွေဖြစ်သူအား လျှို့ဝှက်သော စကားကို ပြောကြားသူ၊
  • မိတ်ဆွေဖြစ်သူ၏ လျှို့ဝှက်သင့်သော ကိစ္စကို လျှို့ဝှက်ထားသူ၊
  • မိတ်ဆွေဖြစ်သူ ဘေးအန္တရာယ်ကြုံတွေ့သော် မစွန့်သူ၊
  • မိတ်ဆွေ၏ အကျိုးငှာ အသက်ကိုစွန့်သူ၊
အကျိုးစီးပွားပြော မိတ်စစ်လေးယောက် အဂါင်္(၄)ပါး
  • မကောင်းရာကို တားမြစ်သူ၊
  • ကောင်းရာကို သက်ဝင်စေသူ၊
  • မကြားဖူးသေးသော ကုသိုလ်တရားကို ပြောကြားသူ၊
  • နတ်ရွာနိဗ္ဗာန်ခရီးကို ညွှန်ပြတတ်သူ၊
ညှာညှာတာတာ စောင့်ရှောက် မိတ်စစ်လေးယောက် အဂါင်္(၄)ပါး
  • မိတ်ဆွေဖြစ်သူ ဆုတ်ယုတ်ပျက်စီးမည်ကို မလိုလားသောသူ၊
  • မိတ်ဆွေဖြစ်သူ တိုးတက်ကြီးပွားမည်ကို လိုလားသူ၊
  • မိတ်ဆွေဖြစ်သူ၏ ကျေးဇူးမဲ့ကို ပြောလာလျှင် တားမြတ်သူ၊
  • မိတ်ဆွေဖြစ်သူ၏ ကျေးဇူးကို ပြောလာလျှင် ချီးမွမ်းသူ၊
ကျမ်းကိုး။ ။ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု လက်စွဲ စာအုပ်။
"Flash သီချင်းများ (၁)"
Pulpit rock
၁။ အရမ်းပဲချစ်နေပြီ ရိန်မိုး                                             နားဆင်ရန်
၂။ အလွမ်းဝင်္ကပါ အစ္စဏီ                                             နားဆင်ရန်
၃။ မလှည့်စားနဲ့  နောနော်                                             နားဆင်ရန်
၎။ ပြီးခဲ့သော ဒီဇင်ဘာ ထွန်းထွန်း၊ ကြိုးကြာ                         နားဆင်ရန်
၅။ ငါ့ရင်ခွင်ကို ဇော်ဝင်းထွဋ်                                           နားဆင်ရန်
၆။ ကိုယ့်အနားရှိစေချင် R ဇာနည်                                     နားဆင်ရန်
၇။ ဒို့ နှစ်ယောက်အကြောင်း ရဲလေး                                  နားဆင်ရန်
၈။ သီချင်းမဲ့ဂီတာ Y ၀ိုင်း                                               နားဆင်ရန်
၉။ မင်းတစ်ယောက်သာ နေမျိုး                                        နားဆင်ရန်
၁၀။ အကြည့်တစ်ချက် ဆင်ပေါက်                                    နားဆင်ရန်
"၀စီကံ"
မိခင်ကို သူတောင်းစားသွားလုပ်ပါလားဟု ပြောပေမယ့် ဖြစ်သွားသူကတစ်ယောက်
ဟိုတစ်လောလေးကပဲ ပဲခူးဘူတာရုံမှာ ကြားလိုက်ရသေးတယ်။ သမီးဖြစ်သူက သူ့အမေကို အလုပ်မရှိတဲ့အတွက်ကြောင့် ရှာဖွေကျွေးမွေးပြုစုစောင့်ရှောက်ရတယ်။ ဒီလိုနဲ့ သမီးဖြစ်သူအလုပ်က ပြန်လာချိန်မှာ ထမင်းမကျက်သေးလို့ ထမင်းအိုးကိုလည်း ခြေနဲ့ကန် လွတ်ပစ်လိုက်ပါတော့တယ်။ နောက်ပြီး သူ့အမေကို “အလကားမိန်းမကြီး” အိမ်နဲ့မတန်ဘူး၊ လမ်းမှာထွက်ပြီး ခွက်ဆွဲတောင်းစားနေတာပဲ ကောင်းတယ်လို့ ပြောဆိုပါတော့တယ်။ အဲဒီ့နောက် သူမလည်းအလုပ်ကပြန်လာ ရေချိုးဦးမယ်ဆိုကာ တဘက်ပုခုံးပေါ်တင်ပြီး လုံချည်ရင်ရှားနှင့် ရေချိုးဖလားယူကာ ရေတွင်းရှိရာသို့ ထွက်ခွာသွားပါတော့တယ်။
မိဘအပေါ်မိုက်ရိုင်းစော်ကား ကြမ်းတမ်းတဲ့ သမီးမိုက်ဟာ အဲ့ဒီ့အချိန်မှစပြီး အိမ်ပြန်ရောက်မလာတော့ပါ။ ဒီလိုနဲ့ သူ့အရပ်ထဲက လူတွေလည်း ၀ိုင်းဝန်းပြီးလိုက်ရှာကြပါသေးတယ်။ သို့သော်လည်း ဘယ်လိုပင်ရှာရှာ မတွေ့တော့ပါ။ တစ်လလောက်ကြာသောအခါကျမှ ပဲခူးဘူတာရုံမှာ ထွက်သွားတုန်းက လုံချည်ရင်ရှားတဘက်နဲ့ ဆံပင်မွေးဖားလျားချကာ ရုပ်ပျက် ဆင်းပျက် ရူးသွပ်လျက် ရေချိုးဖလားခွက်နဲ့ပဲ သူတောင်းစားမကြီးတစ်ယောက်လို ပေးပါ ကျွေးကြပါဟု တောင်းစားနေပါတယ်။ မိဘအပေါ်ရိုင်းစိုင်းကြမ်းတမ်းခဲ့တဲ့ နှုတ်ဝစီဟာ (၀စီဘေဒထိတိုင်းရှ)ဆိုတဲ့အတိုင်း အလွန်တရာမှ ကြောက်မက်ဖွယ် ကောင်းလှပါတယ်။
သားသမီးတွေဟာ မိဘနဲ့ပတ်သက်လာရင် နည်းနည်းမသိတတ်လျှင် နည်းနည်းပြန်ခံစားကြရပြီး များများမိုက်ရိုင်းလျှင် ရက်ရက်စက်စက်ကို ကြောက်မက်ဖွယ်ရာ ကောင်းလှအောင် ၀ဋ်လည်တော့တာပါပဲ။ စာရှု့နေကြကုန်သော မိတ်ဆွေတို့ရဲ့ ပတ်ဝန်းကျင်းမှာ အထက်က တင်ပြခဲ့တဲ့ ဖြစ်ရပ်မျိုးစုံတွေ အနည်းနှင့်အများတွေ့ဖူးကြပါလိမ့်မယ်။ မိမိတို့သည်လည်း မိဘရဲ့သားသမီးများဖြစ်ခဲ့ဖူးကြလို့ ဒီအကျိုးဆက် အရိပ်ကလေးတွေကတော့ ကောင်းရင်ကောင်းခဲ့သလို ဆိုးရင်ဆိုးခဲ့သလို အနည်းနှင့်အများရှိကြလိမ့်မည်မှာလည်း အမှန်ပါပဲ။ ဒါကြောင့် သားသမီးတွေဟာ ကျေးဇူးတရားကြီးမားလှတဲ့ မိဘနှစ်ပါးရဲ့ အပေါ်မှာ အရာရာကို ခွင့်လွှတ်တတ်တဲ့စိတ်နဲ့ နားလည်ပေးကြရပါလိမ့်မည်။ တစ်ခုတော့ရှိပါတယ်။ လူဆိုတာမှားတတ်တဲ့ သဘောရှိတတ်ကြတဲ့အတွက်ကြောင့် တစ်ခါတစ်ရံမှာ အမှားမကင်းတတ်ကြပါဘူး။ ဒါကို ခွင့်လွှတ်နားလည်ပေးပါ။
လောကမှာ မိဘဆိုတာ တန်ဖိုးမဖြတ်နိုင်သော၊တုနှိုင်း၍ မရနိုင်သော အရာဖြစ်ပါတယ်။မိဘကျေးဇူး ဆိုတာ ဘယ်လောက်တန်ဖိုးကြီးမားသလဲဆိုတာကို အားလုံး သိနားလည်ပြီးဖြစ်ပါတယ်။ မိဘကျေးဇူး ကိုမဆပ်နိုင်ရင်နေပါစေ၊ဘယ်တော့ အခါမှ မပြစ်မှားမိပါစေနဲ့ လို့စေတနာဖြင့် တင်ပြလိုက်ရပါသည်။
မှတ်ချက်။ ။ FOREVER FRIENDS ထာဝရသူငယ်ချင်းများ မှပြန်လည် ကူးယူ ဖော်ပြပါသည်။
"ကြီးပွားခြင်း (၅)မျိုး"
သဒ္ဒါတရား နှင့်ပြည့်စုံသော အမျိုးသားကောင်းကို အမှီပြု၍ အိမ်သူအိမ်သား (မိတ်ဆွေသူငယ်ချင်းအပေါင်း ပတ်ဝန်းကျင်ပုဂ္ဂိုလ်အပေါင်း တိုင်းသူပြည်သားအပေါင်း နိုင်ငံသူနိုင်ငံသားအပေါင်း ကမ္ဘာသူကမ္ဘာသား အပေါင်း သတ္တ၀ါအပေါင်း)တို့သည် ကြီးပွားခြင်းငါးမျိုးတို့ဖြင့် ကြီးပွားနေကြသည်ဟု ဘုရားရှင်က မိန့်ကြားတော်မူသည်။
    ကြီးပွားခြင်း(၅)မျိုးဟူသည်မှာ-
    (၁) သဒ္ဒါတရားဖြင့် ကြီးပွားခြင်း။
    (၂) သီလတရားဖြင့် ကြီးပွားခြင်း။
    (၃) သုတတရားဖြင့် ကြီးပွားခြင်။
    (၄) စာဂတရားဖြင့် ကြီးပွားခြင်း။
    (၅) ပညာတရားဖြင့် ကြီးပွားခြင်း။ တို့ဖြစ်ကြသည်။
    ''ခင်ပွန်းကြီးဆယ်ပါး ဘုရားရှိခိုး''
    ဘုရားတပည့်တော်သည် သံသရာအစမှ စ၍ ယနေ့ တိုင်အောင်
    ၁။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးတို့ ၏အပေါ်၌ လည်းကောင်း။
    ၂။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါ အရှင်ကိုယ်တော်မြတ်ကြီးတို့ ၏ အပေါ်၌ လည်းကောင်း။
    ၃။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာဝက-မဟာသာဝက ရဟန္တာ အရှင်မြတ်ကြီးတို့ ၏ အပေါ်၌ လည်းကောင်း။
    ၄။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့ ၏ အပေါ်၌ လည်းကောင်း။
    ၅။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်တို့ ၏ အပေါ်၌ လည်းကောင်း။
    ၆။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင်တို့ ၏ အပေါ်၌ လည်းကောင်း။
    ရ။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန်ကျိုးကြောင်းပြ၍ ဆုံးမတတ်သော ဆရာသမားတို့ ၏ အပေါ်၌ လည်းကောင်း။
    ၈။ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ ကို ဆည်းပူးဖြည့်ကြံလျှက်ရှိကြကုန်သော လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊ အရိယာ ပုဂ္ဂိုလ်တို့ ၏ အပေါ်၌ လည်းကောင်း။
    ၉။ တရား ဓမ္မကို ဟောပြောပြသ ဆုံးမတတ်သော ဆရာသမားတို့ ၏ အပေါ်၌ လည်းကောင်း။
    ၁၀။ ထမင်းတစ်လုတ်၊ ရေတစ်မုတ် စသည်ဖြင့် ပေးကမ်းချီးမြှင့်ဖူးသော ကျေးဇူးရှင် ပုဂ္ဂိုလ်တို့  ၏ အပေါ်၌ လည်းကောင်း။
    ကာယကံ၊၀စီကံ၊မနောကံ သုံးပါးသောကံတို့ ဖြင့် ပြစ်မှားမိသည်ရှိသော် ထိုအပြစ်တို့ သည် ပျောက်ပါစေခြင်း အကျိုးငှာ ရိုသေမြတ်နိုးလက်ဆုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။
    ဤသို့ ကန်တော့ရသော အကျိုးအားကြောင့် အလုံးစုံသောအန္တရာယ်ပေါင်းမှ ကင်းဝေးပြီးလျှင် မြတ်စွာဘုရားရှင်ဟောကြားတော်မူသော သစ္စာတရားလေးပါး မြတ်တရားကို ကောင်းစွာသိမြင်၍ နိဗ္ဗါန်သို့ စံဝင်နိုင်သောကိုယ် ဖြစ်ရပါစေသား အရှင်ဘုရား။
    "ဒဏ်ဆယ်ပါး"
    သွေးအန်ဖြစ်လွယ်၊ ရောင်းဝယ်ရှုံးခြင်း၊ ချို့ယွင်းအင်္ဂါ၊ နူနာကုဋ္ဌ၊
    ရူးကြဖောက်ပြန်၊ မင်းဒဏ်သင့်ခဏ်း၊
    ကြမ်းတမ်းစွပ်စွဲ၊ သေကွဲသားချင်း၊
    ပျက်ခြင်းစည်းစိမ်၊ နေအိမ်မီးလောင်၊ ဒုက္ခကောင်သည်၊ လူ့ဘောင်ဒိဋ္ဌ၊
    တွေ့ကြုံရ၍၊ သေကငရဲ၊ ကမာစွဲ၏။
    ဤဒဏ်ဆယ်ပါးအပြင် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကိုလည်း တားနိုင်ပါသည်။
    ''သရဏဂုံတည်ခြင်းအကျိုး''
    ပဒုမုတ္တရ မြတ်စွာဘုရားရှင် ပွင့်တော်မူစဉ်ကာလက ဖြစ်သည်။ ရှေးလွန်ခဲ့သော ကမ္ဘာတစ်သိန်း ထက်၌
    ဆန္ဒ၀တီပြည်တွင်မိအို၊ ဖအိုတို့ကို ပြုစုလုပ်ကျွေးနေသောအမျိုးကောင်းသားတစ်ဦးရှိသည်။ ထိုအမျိုးကောင်းသားသည် တစ်နေ့သောအခါ ပဒုမုတ္တရမြတ်စွာဘုရား၏ လက်ယာတော်ရံ အဂ္ဂသာဝက အရှင်နိဿာမထေရ်ထံသို့ ရိုသေစွာ သွားရောက်ကာ॥ "ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမံ္မသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ " ဟု ရွတ်ဆို၍ သရဏဂုံဆောက်တည်၏။ ထိုအမျိုးသားကောင်းသည် အနှစ်တစ်သိန်းကာလပတ်လုံး သရဏဂုံကို ထိန်းသိမ်းဆောက်တည်ခဲ့၏။ ထိုဆောက်တည်ခဲ့သော အကျိုးကြောင့် သေလွန်သောအခါ နတ်ပြည်သို့ ရောက်၍ (၈)ပါးသော အကျိုးတို့ကို ခံစားရ၏။ ထိုအကျိုး (၈)ပါးတို့မှာ-
    (၁)နေရာမရွေး အပူဇော်ခံရခြင်း။
    (၂)ဥာဏ်ပညာ လွန်စွာထက်မြက်ခြင်း။
    (၃)များစွာသော စည်းစိမ်းချမ်းသာ ရှိခြင်း။
    (၄)အားလုံး၏ ကြည်ညိုချစ်ခင်မှုကို ခံရခြင်း။
    (၅)အသားအရောင်ရွှေအဆင်းကဲ့သို့တောက်ပခြင်း။
    (၆)အရာရာ မိမိအလိုကျဖြစ်ခြင်း။
    (၇)မိတ်ပျက်ခြင်းမရှိ၊မိတ်ဆွေပေါခြင်း။
    (၈)ဂုဏ်သတင်းမွှေးပျံ့ကျော်စောခြင်း -တို့ဖြစ်သည်။ ထိုဘဝမှစုတေပြီးသောအခါ သိကြားမင်းအဖြစ်အကြိမ်(၈၀)၊ စကြာမင်းအဖြစ်(၇၅)ကြိမ်၊ ပဒေသရာဇ်မင်းအဖြစ် မရေမတွက်နိုင်အောင် ဖြစ်ခဲ့သည်။ နောက်ဆုံး ဂေါတမ မြတ်စွာဘုရားလက်ထက်တွင် သာဝတ္တိပြည်၌ ချမ်းသာကြွယ်ဝသော သူဌေးအိမ်တွင် လူအဖြစ် ရရှိခဲ့သည်။ ထို့နောက် (၇)နှစ်သားအရွယ်၌ ရဟန္တာတစ်ပါးထံ သရဏဂုံ ဆောက်တည်စဉ် မိမိကမ္ဘာတစ်သိန်းက ဆောက်တည်ခဲ့သော သရဏဂုံကို သတိရပြီးပီတိသဒ္ဓါဖြစ်ကာ ၀ိပဿနာဥာဏ်စဉ်ရ၍ ရဟန္တာအဖြစ်သို့ ရောက်ရှိလေသည်။ ဂေါတမမြတ်စွာဘုရားသည် ထိုသူငယ်ကို ခေါ်၍ ရဟန်းပြုပေးတော်မူသည်။ သရဏဂုံတည်ခြင်း အကျိုးကြောင့် ရဟန္တာဖြစ်ခြင်းကို အကြောင်း ပြု၍ ထိုရဟန္တာအရှင်ကို "တိသရဏဂမနိယထေရ်" ဟု ဘွဲ့မည်ပေးခဲ့သည်။ (အပဒါနပါဠိ၊ ပ-၃၊ သု ဘူတိဝဂ်။) 
    ''ငရဲမကျနိုင်သော ကုသိုလ်(၇)မျိုး''
    (၁) ဘုရား တရား သံဃာ သံရဏဂုံသုံးပါး စွဲမြဲသော ပုဂ္ဂိုလ်။
    (၂) ငါးပါးသီလမြဲသော ပုဂ္ဂိုလ်။
    (၃) အာရုံဆွမ်း နေဆွမ်း နေ့စဉ် လှူဒါန်းသော ပုဂ္ဂိုလ်။
    (၄) စာရေးတံမဲ လှူဒါန်းသော ပုဂ္ဂိုလ်။
    (၅) ၀ါဆိုသင်္ကန်းလှူဒါန်းသော ပုဂ္ဂိုလ်။
    (၆) ရေတွင်းရေကန် လှူဒါန်းသော ပုဂ္ဂိုလ်။
    (၇) ကျောင်းဆောင်လှူဒါန်းသော ပုဂ္ဂိုလ်။
    '' ဘုရားဂုဏ်တော်ကိုးပါး''
    ၁။အရဟံ -ကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရား။
    ပူဇော်အထူးကိုခံယူတော်မူထိုက်သောမြတ်စွာဘုရား။
    မကောင်းမှုကိုစိတ်ကွယ်ရာအရပ်တွင်ပင်ပြုတော်မမူသောမြတ်စွာဘုရား။
    ၂။သမ္မာသမ္ဗုဒ္ဓေါ-သိစရာအားလုံးတို့ကိုအမှန်အတိုင်းကိုယ်ပိုင်ဥာဏ်ဖြင့်သိတော်မူသောမြတ်စွာဘုရား။
    ၃။၊၀ိဇ္ဇာစရဏသမ္ပန္နော-အသိဥာဏ်ရောအကျင့်ပါပြည့်စုံတော်မူသောမြတ်စွာဘုရား။
    ၄။သုဂတော-ကောင်းသောစကားကိုဆိုတော်မူတတ်သောမြတ်စွာဘုရား။
    ၅။လောက၀ိဒူ-သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောက ၊လောကသုံးပါးကိုသိတော်မူသောမြတ်စွာဘုရား။
    ၆။အနုတ္တရောပူရိသဓမ္မသာရထိ-ဆုံးမထိုက်သောသတ္တ၀ါတို့ကိုအတုမရှိဆုံးမတော်မူတတ်သောမြတ်စွာဘုရား။
    ၇။သတ္ထာဒေ၀မနုဿာနံ- နတ်လူသတ္တ၀ါအားလုံးတို့၏ပူဇော်အထူးကိုခံယူတော်မူထိုက်သောမြတ်စွာဘုရား။
    ၈။ဗုဒ္ဓေါ-သစ္စာလေးပါးကိုကိုယ်တိုင်လည်းသိတော်မူ သူတစ်ပါးကိုလည်းသိအောင် ဟောတော်မူတတ်သော မြတ်စွာဘုရား။
    ၉။ဘဂ၀ါ-ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား။
    "လောဘ"
    ဖြစ်သင့်တဲ့လောဘ
    ကြီးပွားတိုးတက်ချင်သော ဆန္ဒဖြင့် စီးပွားရေးလုပ်ခြင်းကြောင့် လောဘဖြစ်သည်မှာ မှန်ပေ၏။ သို့သော် လောဘဖြစ်တိုင်း ဒုစရိုက်ဟု ပြောလို့မရပေ။ လောဘသည် ၂-မျိုးရှိပေသည်။ တရားသောလောဘနှင့် မတရား သော လောဘတို့တည်း။ အများအတွက် (မိသားစု၊ ရပ်ရွာ၊ အမျိုး၊ ဘာသာ၊ သာသနာအတွက်) ရည်ရွယ်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်လျှင် ``တရားသောလောဘ´´ ဖြစ်၏။ (သေ၀ိတဗ္ဗတဏှာ-ဟုခေါ်၏)။ ဆိုလို သည်ကား ယင်းတရားသောလောဘကြောင့် ကုသိုလ်ကောင်းမှုများ တပွေ့တပိုက်ကြီး ရနိုင်ခြင်းပင်။ ထို့ကြောင့် တရားသောလောဘသည် ဖြစ်သင့်သောလောဘတည်း။
    မိမိမှာ ပစ္စည်းဥစ္စာ များများရှိလျှင် စာသင်ကျောင်းပဲ ဆောက်ဆောက်၊ ရေတွင်းရေကန်ပဲ တူးတူး၊ မိဘဆွေမျိုးတွေကိုပဲ ထောက်ပံ့ထောက်ပံ့၊ ဆေးရုံကိုပဲလှူလှူ မိမိကြိုက်သည့်ကုသိုလ်ကို လုပ်နိုင်ပေသည်။ မိမိလုပ်ချင်သည့် ဘာသာရေး လူမှုရေးလုပ်ငန်းမှန်သမျှကိုလည်း လုပ်နိုင်၏။ အူမတောင့်မှ သီလ စောင့်နိုင် သည် မဟုတ်ပါလော။
    ကျောင်းဒကာကြီး အနာထပိဏ် ကျောင်းအမကြီး ၀ိသာခါတို့ ကျောင်းတိုက်ကြီးဆောက်လုပ်ပြီး သာသနာပြုနိုင်ခြင်းသည် ဓနဥစ္စာကြွယ်ဝသောကြောင့်ပင်တည်း။ ဘုရင်မင်းမြတ်အနော်ရထာသည်သည် နိုင်ငံ တော်ကြီးကို ပြုပြင်ပြောင်းလဲခဲ့၏။ ဘုရားပုထိုးများတည်ခဲ့၏။ ဆည်မြောင်းတာတမံများကို ဆောက်လုပ်၏။ ရှေး အခေါ် ပိဋကတ်တိုက် ၊ ယခုခေတ်အခေါ် စာကြည့်တိုက်များကိုလည်း တည်ဆောက်ခဲ့၏။ ထို့ကြောင့် ``စာကြည့်တိုက်အစ ပိဋကတ်တိုက်က´´ဟုပင် ပြောနိုင်ပါ၏။ ယင်းသို့ တိုင်းကျိုးပြည်ပြုအလုပ်များကို လုပ်နိုင် ခြင်းသည် တန်ခိုးသြဇာ ကြီးမားသောကြောင့်ပင်တည်း။
    ယင်းတန်ခိုးသြဇာ၊ ဓနဥစ္စာတို့သည်ကား တန်ဖိုးရှိရှိ အသုံးချတတ်လျှင် နိဗ္ဗာန်ဆိပ်ကူးတံတားပင် တည်း။ ဦးအနာထပိဏ်၊ ဒေါ်ဝိသာခါ၊ ဘုရင်အနော်ရထာတို့ကား တန်ခိုးသြဇာ၊ ဓနဥစ္စာတို့ဖြင့် နတ်ရွာ နိဗ္ဗာန်သို့ တက်လှမ်း သွားကြကုန်ပြီ။ ထို့ကြောင့် တန်ခိုးသြဇာ၊ ဓနဥစ္စာတို့ကို ရရှိအောင် ကြိုးစားသင့်လှပါသည်။ တတ်နိုင်သူများအနေဖြင့် တိုက် ၁-လုံးကနေ တိုက် ၁၀-လုံး ၁၅-လုံးဖြစ်အောင်၊ ကား ၁-စီးကနေ ကား ၁၀-စီး ၁၅-စီးပိုင်အောင် စီးပွားရေးလုပ်ကြစမ်းပါ။ မိမိတို့ ဗုဒ္ဓဘာသာဝင်တစ်ယောက် သန်းပေါင်းများစွာ ချမ်းသာသော သူဋ္ဌေးသူကြွယ်ဖြစ်နေလျှင် မြန်မာလူမျိုးတို့အနေဖြင့် အင်မတန် ဂုဏ်ယူသင့်ပေသည်။
    မြွေပွေး၏ ပါးစပ်ထဲသို့ရောက်သွားသည့် မိုးရေစက်သည် အဆိပ်ဖြစ်သွားသော်လည်း မုတ်ကောင်၏ ပါးစပ်ထဲသို့ ရောက်သွားသော မိုးရေစက်သည်ကား ပုလဲဖြစ်သွားပေသည်။ မိုးရေစက်ခြင်းတူသော်လည်း တန်ဖိုးခြင်း မတူတော့။
    လောကကြီးသည် ခြွေမှ ရံ၏။ မခြွေလျှင် မရံပေ။ မှန်၏။ တချို့ဆင်းရဲသောဗုဒ္ဓဘာသာဝင်များသည် ဘာသာခြားတို့က ဓနဥစ္စာများဖြင့် ထောက်ပံ့ကြသောကြောင့် ဗုဒ္ဓဘာသာကို ကျောခိုင်းသွားတော့သည်။ အဘယ်သို့ ကာကွယ်မည်နည်း။ တန်ခိုးသြဇာ၊ ဓနဥစ္စာတို့သာရှိလျှင် ယင်းမိသားစုများကို စားနပ်ရိက္ခာ တို့ဖြင့်ထောက်ပံ့ပြီး ဗုဒ္ဓဘာသာဝင်ထဲသို့ရောက်အောင် ပြန်ပြီးစည်းရုံးနိုင်ပေမည်။ ထို့ကြောင့် အရင်းအနှီး တောင့်တင်းသော ဗုဒ္ဓဘာသာဝင်တို့သည် စက်ရုံအလုပ်ရုံ၊ ကုန်တိုက်စသည်များကို တည်ထောင်နိုင်အောင် ကြိုးစားသင့်လှပေသည်။ ဓနဥစ္စာတို့ရှိမှသာလျှင် ကိုယ့်လူမျိုးများကို ထောက်ပံ့နိုင်မည်မဟုတ်ပါလော။
    မတရားလောဘ
    မတရားလောဘဆိုသည်မှာ အတင်းအဓမ္မလိုချင်သော စိတ်၊ သူများဆီက ငွေကို အချောင်လိုချင်သော စိတ်၊ လုယက်တိုက်ခိုက်ပြီး လိုချင်သောစိတ်များပင်တည်း။ ကမ္ဘာမှာ အစဆုံးဖြစ်သော မကောင်းမှုဒုစရိုက်မှာ အဒိန္နာဒါန ( ခိုးယူခြင်း)ပင် ဖြစ်၏။ မတရားလောဘကို အခြေခံ၍ဖြစ်သော ဒုစရိုက်တည်း။
    ကမ္ဘာဦးလူများသည် စားနပ်ရိက္ခာအတွက် ကိုယ့်လယ်နှင့်ကိုယ် အသီးသီး စပါးစိုက်ပျိုးကြ၏။ အစပိုင်း မှာ မည်သည့်ပြဿနာမှ မဖြစ်။ နောက်ပိုင်းရောက်လာသည့်အခါ အချောင်သမားများက စပါးများကို ခိုးကြ တော့၏။ ယင်းလောဘကား မတရားလောဘတည်း။ သို့နှင့် လူအများသည် သမာသမတ်ကျသော လူ တစ်ယောက်ကို ခေါင်းဆောင်ခန့်ပြီး ``မင်း´´ဟု သမုတ်ကာ ရပ်ရွာနယ်ပယ်ကို ငြိမ်းချမ်းဖို့အတွက် အုပ်ချုပ် ခိုင်း၏။ သူခိုးဓားပြများကို တိုက်ခိုက်ချေမှုန်းဖို့အတွက် (သို့မဟုတ်) မတရားလောဘသမားများကို ထိန်းချုပ် ပေးဖို့အတွက် မင်းဆိုသည်မှာ ပေါ်ပေါက်လာခြင်းဖြစ်ပေသည်။
    တလွဲဆံပင်ကောင်း
    ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည် `` ဒီလောက်ရှိရင် တော်ပါပြီ၊ ကိုယ့်မိသားစု တစ်သက်စားလို့ မကုန်ဘူး၊ ဒီထက်ပိုပြီးတော့ ချမ်းသာတော့ကော ဘာလုပ်မှာလဲ၊ သေရင် ကိုယ့်နောက်မပါဘူး´´ဟု စသဖြင့် လောဘနည်းသလိုလို၊ ရောင့်ရဲသလိုလိုနဲ့ ပြောတတ်ကြ၏။ တလွဲဆန်ပင်ကောင်းခြင်းပင်တည်း။ အမှန်ကား ဤကဲ့သို့ပြောခြင်းသည် လောဘနည်းခြင်းကြောင့်မဟုတ်၊ အမျိုး ဘာသာကို အားမပေးလိုခြင်း၊ ဇွဲမရှိခြင်း တို့ကြောင့် ဖြစ်ပေသည်။ ကိုယ့်မိသားစုတစ်သက် စားမကုန်လောက်အောင် ချမ်းသာနေလျှင် ကိုယ့်ဆွေမျိုး သားချင်းများကို ပေးကမ်းနိုင်သည် မဟုတ်ပါလော။ ထိုထက်မက ချမ်းသာနေလျှင် တိုင်းပြည်နှင့်လူမျိုးကို ထောက်ပံ နိုင်သည် မဟုတ်ပါလော။
    ဘုရားမြတ်စွာက ``ရောင့်ရဲရမည်၊ တင်းတိမ်ရမည်´´ဟု ဟောခြင်းသည် ပစ္စည်းဥစ္စာများကို မရှာရဟု ပြောလိုသည်မဟုတ်ပေ။ တခါတရံ မတရားလောဘကြီးသည့်အခါ ``တုတ်နှင့်ပစ်လို့ရရ၊ ခဲနှင့်ပစ်လို့ရရ၊ ရဖို့သာအဓိက´´ဟု ဆိုပြီး ဒုစရိုက်မျိုးစုံ လုပ်တော့၏။ လုယက်ခြင်း၊ ခိုးဝှက်ခြင်း၊ ချောက်တွန်းခြင်း၊ တစ်ပတ် ရိုက်ခြင်းစသည်တို့ကား မတရား လောဘကြောင့်ဖြစ်၏။
    ယင်းကဲ့သို့သော မတရားလောဘများကို ထိန်းပေးဖို့အတွက် ဘုရားမြတ်စွာက ``ရှိတာလေးနှင့် ကျေနပ်ရမယ်၊ ရောင့်ရဲတင်းတိမ်ခြင်းဟာ အကောင်းဆုံးဥစ္စာပါပဲ´´ဟု ဟောတော်မူခြင်းဖြစ် ပေသည်။ စီးပွားရေး လုပ်ငန်း များကို မလုပ်ဖို့အတွက် ဟောတော်မူခြင်းမဟုတ်။
    တချို့လူပုဂ္ဂိုလ်များကား လူ့ဘ၀ကြီးကို ငြီးငွေ့သည့်အတွက် စီးပွားရေးလုပ်ငန်းတွေကို မလုပ်ချင် သယောင်ယောင်၊ ၃၁-ဘုံလုံးသည် ဒုက္ခသစ္စာဖြစ်သည့်အတွက် နိဗ္ဗာန်တစ်ဘက်ကမ်းကိုပဲ အခုချက်ချင်း ကူးတော့မည့်ယောင်ယောင် သံဝေဂတရားရနေသည့် ယောဂီသူတော်စင်ကဲ့သို့ ပြောတတ်ကြသေး၏။ ထို ပုဂ္ဂိုလ်များ တရားရိပ်သာကိုသွားပြီး တရားအားထုတ်သောအခါ ၂-ရက်လောက် အားထုတ်ပြီး အိမ်ပြန်လာ တော့၏။ အိမ်ပြန်ရောက်သောအခါ ``ကျန်းမာရေးကလည်း မကောင်းဘူး၊ ဒီတော့ စိတ်သွားတိုင်း ကိုယ် မပါတော့ ဘယ် အားထုတ်လို့ ကောင်းတော့မှာလဲ၊ တရားပြဆရာကလဲ အတွေ့အကြုံနုသေးတော့ တရား နာရတာက အားမရပါဘူးပေါ့ကွာ´´ဟု စသဖြင့် ဆင်ခြေအမျိုးမျိုးပေးပြီး ကိုယ့်အပြစ်ကို သူများပေါ်ပုံချ လေ တော့သတည်း။
    အမှန်ကား အပေါ်ယံအသိလေးကို တကယ့်``သံဝေဂတရား´´ဟု ထင်နေခြင်းပင်တည်း။ ယင်းသို့ ထင်ခြင်းသည်လည်း ကိုယ့်ကိုယ်ကို လိမ်နေခြင်းပင် ဖြစ်၏။ သူများအလိမ်မခံရဖို့ထက် ကိုယ့်ကိုယ်ကို အလိမ် မခံရအောင် သတိပြုသင့်၏။
    ကျောင်းဒကာကြီးအနာထပိဏ်၊ ကျောင်းအမကြီး ၀ိသာခါတို့သည် သောတာပန် အရိယာပုဂ္ဂိုလ်များ ဖြစ်ကြ၏။ သို့သော် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ရှိကြပေသည်သာ။ ထို့ကြောင့် လောကီလူသားမှန်သမျှ စီးပွားရေးလုပ်ငန်းကို မဖြစ်မနေ ပြုလုပ်သင့်ပေသည်။
    တစ်ယောက်အားထက် ဆယ်ယောက်အားက ပိုထိရောက်
    စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်သည့်အခါမှာလည်း ကိုယ့်ဗုဒ္ဓဘာသာဝင်များကို ကူညီ စောင့်ရှောက်ဖို့ အထူးလိုအပ်လှ၏။ ဘာသာခြားများသည် သူတို့ဘာသာဝင်တို့ကိုသာလျှင် အထူးဦးစား ပေးကြ၏။ ထမင်းဆိုင်ခြင်းအတူတူ သူတို့ဘာသာဝင်တို့၏ ထမင်းဆိုင်ကိုသာ အားပေးကြ၏။ လုပ်ပိုင်ခွင့်ရှိ၏။ အပြစ်မဆိုသာပေ။ မိမိတို့ ဗုဒ္ဓဘာသာဝင်များ အတုယူရမည်ဆိုသည်ကို သိရှိနားလည်ဖို့ ပြောရခြင်းဖြစ်သည်။
    တိပိဋက မင်းကွန်းဆရာတော်ကြီးသည်ပင်လျှင် ကိုယ့်အချင်းချင်း အားပေးကြဖို့ ကူညီကြဖို့ မိန့်မှာ တော်မူခဲ့ဖူးပါသည်။ ``သမဂ္ဂါနံ တပေါ သုခေါ- ကိုယ့်အချင်းချင်း စည်းလုံးမှ အခက်အခဲမှန်သမျှ ကျော်လွှားနိုင် မည်´´ဟူသော ဘုရားမြတ်စွာ၏ အဆိုအမိန့်ကို လိုက်နာကြမည်ဆိုလျှင် ဗုဒ္ဓဘာသာဝင်များသည် အထက် တန်းကျကျ မျက်နှာပန်းလှလှဖြင့် နေနိုင်သည်ဆိုသည်ကို မည်သည့်ဗေဒင်ဆရာကိုမျှ မေးစရာ မလိုပေ။
    မည်သည့်အလုပ်ကိုပဲလုပ်လုပ် ``တစ်ယောက်အား´´နှင့် လုပ်ကိုင်ဆောင်ရွက်ခြင်းထက် ``ဆယ် ယောက်အား´´ နှင့် လုပ်ကိုင်ဆောင်ရွက်ခြင်းက ပို၍ထိရောက်၏။ ယနေ့ခေတ်၌ နိုင်ငံရပ်ခြားတိုင်းပြည်များသို့ သွားရောက်ပြီး အလုပ်လုပ်နေကြသည့် မြန်မာပြည်သားတိုင်းရင်းသားများကို မြောက်မြားစွာ တွေ့ရှိရပေသည်။ စည်းလုံးမှု ညီညွတ်မှုသည် ယင်းကဲ့သို့တိုင်းတစ်ပါးမှာနေကြသည့်သူများမှာ ပို၍ အရေးကြီး၏။ တိုင်းတစ်ပါးတို့၌ ``အလုပ်အကိုင်၊ နေရာတိုက်ခန်း၊ အစိုးရရုံး´´စသည်တို့နှင့် ပတ်သက်ပြီး အခက်အခဲပေါင်းများစွာကို တွေ့ ရှိနိုင်ပေသည်။ ယင်းအခက်အခက်များကို စုပေါင်းပြီးဖြေရှင်းမှ ပို၍ အဆင်ပြေနိုင်ပါ၏။
    လူတစ်ရာအတူနေသော်လည်း ``သူတစ်လူငါတစ်မင်း´´ ဖြစ်နေကြလျှင် ``တစ်ရာအား´´ မရှိတော့။ တချို့ရွာ၊ ရပ်ကွက်တို့၌ ဘာသာခြားလူဦးရေထက် ဗုဒ္ဓဘာသာဝင်လူဦးရေက အဆမတန် ပို၍များ၏။ သို့သော် ဘာသာခြားတို့ကား စည်းလုံးမှုရှိရကား စီးပွားရေး၊ လူမှုရေးစသည်တို့၌ ဘာသာခြားတို့ကပဲ ရှေ့ကဦးဆောင် နေပါတော့သည်။ မနာလို၍ ပြောခြင်းမဟုတ်ပါ။ အတုယူလိုသောကြောင့် ပြောရခြင်းဖြစ်၏။
    ထိုအကြောင်းများကြောင့် ``အများအတွက်´´ဆိုသည့် ရည်ရွယ်ချက်ဖြင့် စီးပွားရေး လုပ်ငန်းများကို တစ်ခုပြီးတစ်ခု တိုးချဲ့ပြီး ညီညီညွတ်ညွတ်နှင့် လုပ်ကိုင်ဆောင်ရွက်ကြဖို့ အထူးလိုအပ်နေပါပြီ။ အမျိုး ဘာသာ သာသနာအတွက် တက်ကုန်ရွက်ကုန်လွှင့်ပြီး စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ကြလျှင် မြန်မာ့တိုင်းရင်းသားများ မကြီးပွားစရာ အကြောင်းမရှိပေ။ ထိုကဲ့သို့လုပ်ကိုင်ဆောင်ရွက်ခြင်းသည် သမ္မာသမ္ဗုဒ္ဓ ခေါ်တွင် မြတ်ဘုရားရှင်၏ အလိုဆန္ဒနှင့် ကိုက်ညီပါကြောင်း တင်ပြလိုက်ရပါသည်။
    -------------------------------
    သီတဂူ- အရှင်ဒေ၀ိန္ဒာဘိဝံသ(ashindevindabhivamsa@gmail.com)
    သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း
    "ကုသိုလ်စိတ်"
    လူတစ်ယောက်သည် ``ဘုရားဒကာဆိုတဲ့ နာမည်တစ်လုံးရရင်တော်ပါပြီ´´ ဟူသော စိတ်ဖြင့် ဘုရား တည်နေ၏။ အခြားလူတစ်ယောက်ကား ``သားလေးရှင်ပြုဖို့၊ လှူနိုင်တန်းနိုင်ဖို့´´ဟူသော စိတ်ဖြင့် စီးပွားရေး လုပ်ငန်းများကို ဇောက်ချပြီး ကြိုးစားပန်းစားလုပ်နေ၏။ ထိုနှစ်ယောက်တွင် ဘုရားတည်သောသူထက် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေသောသူက ပို၍မြင့်မြတ်၏။ အဘယ်ကြောင့်နည်း။ သူ၏ ရည်ရွယ်ချက်က မွန်မြတ်သောကြောင့်တည်း။
    တခါက အလွန်ရင်းနှီးသော တံငါသည် သူငယ်ချင်းနှစ်ယောက်ရှိ၏။ တစ်ရက်လုပ်မှ တစ်ရက်စားရ သောကြောင့် ဥပုသ်နေ့မှာ ဥပုသ်စောင့်ချင်သော်လည်း ဥပုသ်မစောင့်နိုင်ကြ။ သို့နှင့် တစ်ယောက်တစ်လှည့်စီ ဥပုသ်စောင့်ဖို့ တိုင်ပင်ကြလေသည်။ လပြည့်နေ့ရောက်သောအခါ တစ်ယောက်က ကျောင်းသို့ သွားပြီး ဥပုသ်စောင့်၏။
    ကျန်ရစ်သူ ကိုတံငါသည်ကတော့ နှစ်ယောက်စာရဖို့အတွက် လှေတစီးနဲ့ ချောင်းထဲမှာ ကြိုးစား ပန်းစားနှင့် ငါးများကို ဖမ်းရလေသည်။ ငါးများ နှစ်ယောက်စာရသောအခါ တံငါတဲထဲ၌ အနားယူရင်း ဥပုသ်စောင့်သွားသည့် သူငယ်ချင်းကို သတိရနေ၏။ ``အင်း ငါ့သူငယ်ချင်းကတော့ ဘုန်းကြီးထံကနေ သီလခံယူဆောက်တည် ပြီးရော့မယ်၊ အခုချိန်မှာ ဘုရားရိပ်မှာ နေပြီးတော့ ပုတီးစိပ်တရားထိုင်လုပ်နေရော့ပေါ့၊ အင်း ကုသိုလ်တွေ အများကြီး ရနေရော့မယ်၊ သိပ်အေးချမ်းမှာပဲ´´ဟု စဉ်းစားပြီး သာဓုခေါ်နေတော့၏။ လူက တံငါတဲ၌နေသော်လည်း စိတ်က ကျောင်းရောက်နေ၏။
    ကျောင်းသွားပြီး ဥပုသ်စောင့်သော တံငါသည်ကလည်း ပုတီးကုံးကိုင်ပြီး ကျန်ရစ်သူ သူငယ်ချင်းကို သတိရနေမိ၏။ ``အခုချိန်မှာ ငါ့သူငယ်ချင်း ပိုက်ကွန်နှင့် ငါးတွေ ဖမ်းနေရော့မယ်၊ ဒီနေ့ ငါ့အတွက် ဝေစုပေး ရမှာဆိုတော့ နှစ်ယောက်စာ ဖမ်းရမှာ၊ ဖမ်းမှဖမ်းပါ့မလား၊ နှစ်ယောက်စာ မရရင်တော့ ဒုက္ခပဲ´´ဟု တွေးပြီး လောဘနှင့် သောကဖြစ်နေတော့၏။ လူက ကျောင်းမှာနေသော်လည်း စိတ်က ပိုက်ကွန်ထဲမှ မထွက်။
    စိတ်ထားဖြူစင်အောင်နေထိုင်ခြင်းကို ``ဥပုသ်စောင့်သည်´´ဟုခေါ်၏။ ယင်းသို့ဆိုလျှင် ထိုတံငါသည် နှစ်ယောက်တွင် မည်သူက ဥပုသ်စောင့်သနည်း။ အဖြေကား လယ်ပြင်မှာ ဆင်သွားသလိုထင်ရှားလှပါသည်။ ``စိတ်သာရှင်စော ဘုရားဟော``ဆိုသည့်အတိုင်း အတွင်းစိတ်ဓာတ်က တင့်တယ်လျှင် အရာခပ်သိမ်း တင့် တယ်တော့သည်သာ။ ထို့ကြောင့် ဘုရားတည်တိုင်း ကုသိုလ်ရသည်ဟု ပြော၍ မရသကဲ့သို့ စီးပွားရေးလုပ်တိုင်း လည်း တရားနှင့်ဝေးသည်ဟု ပြော၍ မဖြစ်ပေ။
    .....................................
    သီတဂူ- အရှင်ဒေ၀ိန္ဒာဘိဝံသ(ashindevindabhivamsa@gmail.com)
    သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း
    ''ဘ၀ဆိုတဲ့ နေအိမ်''
    • I have no parents.
    • ငါ့မှာ မိဘမရှိပါဘူး။
    • I make the heavens and earth my parents.
    • ငါဟာ ကောင်းကင်နဲ့မြေကြီးကိုမိဘသဖွယ် လုပ်ထားပါတယ်။
    • I have no home.
    • ငါ့မှာ အိမ်မရှိပါဘူး။
    • I make awareness my home.
    • ငါဟာ သတိကို အိမ်လုပ်ပြီးတော့ နေပါတယ်။
    • I have no life or death.
    • ငါ့မှာ မွေးဖွားခြင်း-သေဆုံးခြင်းဆိုတာ မရှိပါဘူး။
    • I make the tides of breathing my life & death.
    • ထွက်လေ-၀င်လေကိုပဲ မွေးဖွားခြင်း-သေဆုံးခြင်းလို့ သဘောထားပါတယ်။
    • I have no divine power.
    • ငါ့မှာ တန်ခိုးဣဒ္ဓိပါဒ် မရှိပါဘူး။
    • I make honesty my divine power.
    • ငါဟာ ရိုးသားမှုကို ငါ့ရဲ့တန်ခိုးဣဒ္ဓိပါဒ်အဖြစ် လုပ်ထားပါတယ်။
    • I have no friend.
    • ငါ့မှာ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်း မရှိပါဘူး။
    • I make my mind my friend.
    • ငါဟာ ငါ့စိတ်ကို မိတ်ဆွေအဖြစ် လုပ်ထားပါတယ်။
    • I have no enemy.
    • ငါ့မှာ ရန်သူ မရှိပါဘူး။
    • I make carelessness my enemy.
    • ငါဟာသတိမပါ၊ဥာဏ်မပါ ပေါ့ပေါ့တန်တန်ဖြစ်သလိုနေတတ်
    • လုပ်တတ်တာကိုငါ့ရန်သူလိုသဘောထားပါတယ်။
    • I have no armour.
    • ငါ့မှာ သံချပ်ကာအင်္ကျီ မရှိပါဘူး။
    • I make benevolence my armour.
    • ငါဟာသူတစ်ပါးကောင်းကျိုးကို လိုလားတယ်ဆိုတဲ့ စိတ်ကိုပဲ သံချပ်ကာအင်္ကျီသဖွယ်လုပ်ထားပါတယ်။
    • I have no castle.
    • ငါ့မှာ ရဲတိုက်ကြီး မရှိပါဘူး။
    • I make immovable mind my castle.
    • ငါဟာ မလှုပ်ရှား မယိမ်းယိုင်တဲ့ စိတ်ကိုပဲ ရဲတိုက်အဖြစ် လုပ်ထားပါတယ်။
    • I have no sword.
    • ငါ့မှာ ဓားရှည် မရှိပါဘူး။
    • I make absence of self my sword.
    • ငါဟာ အတ္တမရှိခြင်းကိုပဲ လက်နက်ဖြစ်တဲ့ ဓားရှည်ကြီးအဖြစ် လုပ်ထားပါတယ်။
    "မေမေ"
    ဇမ္ဗူတိုင်းမှာ အဖြေညှိပြရရင်
    အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
    လူတိုင်းမှာ အမေ ရှိတယ်…။
    မရေမရာ ပဟေဠိတွေကြောင့်
    အသေအချာ အဖေမသိတောင်မှ
    အမေ ရှိတယ်။
    ချစ်သဒ္ဓါ ဝေကဲ
    ပြည့်တန်ဆာ အမေလည်း အမေ
    အကြွေးကြွယ်လှတဲ့
    ဈေးသည်မ အမေလည်း အမေ
    အကြောင်းတရား အခြေမွဲ
    သူတောင်းစား အမေလည်း အမေ
    သမီးသားတွေ ကြီးထွားစေရော့လို့
    စီးပွား အထွေထွေ
    စိန် ရွှေ ပတ္တမြား
    အိမ် မြေ ကားနဲ့
    ငွေသား အမွေ
    ပေးနိုင်မှ အမေ မဟုတ်။
    ယိုင်နဲ့နဲ့ တဲအတွင်း
    လှဲခင်း အိပ်နေစရာ တိုးဖယ်ပေးခဲ့
    အရိုးဟင်း တစ်ဖဲ့စီဝေ
    ထမင်းရည် အတူတူသောက်
    ဗိုက်မှောက်တော့ အတူတူ
    ခြင်ထောင်မရှိ ခြုံစောင်မရှိ
    ခင်းအိပ်စရာ ဖျာလည်းမရှိလို့
    ခြင်ကိုသွေးလှူ အတူတူ
    ကြမ်းပိုးသွေးလှူ အတူတူ
    အပူကို မျှဝေ
    ဒုက္ခကို ပိုမိုလေးနက်စေ
    ပညာအမွေ ရွှေအိုး
    ရိုးသားမှု ဂုဏ်သိက္ခာ
    မေတ္တာ အကြင်နာမှ တစ်ပါး
    အခြားပေးစရာ
    အထွေထွေမဲ့သော်လည်း
    အမေ ဟာ အမေ ပဲလေ…။ ။
    "ကလေးအတွေး"
    ကလေးနှစ်ယောက် ဆရာဝန်ထံရောက်လာသည်။ ဆရာဝန်က ဘာဖြစ်လို့လဲ သားတို့ ဟုမေးသောအခါ ကလေးငယ်တစ်ယောက်က ကျွန်တော် ဆယ်ပြားစေ့ကို မျိုချလိုက်မိတယ် ခင်ဗျ။ ထိုအခါ ဆရာဝန်က ဘေးမှပါလာသော အခြားကလေးငယ်ကို ကြည့်လိုက်သည်။ ထိုကလေးက အော်ဟစ်ငိုရှိုက်နေသည်။ နေစမ်းပါဦး၊မင်းကရော ဘာဖြစ်လို့ငိုနေတာလဲ။ ကျန်ကလေးငယ်က ရှိုက်သံကြားမှ ဖြေသည်။ သူမျိုချလိုက်တဲ့ ပိုက်ဆံက ကျွန်တော့်ပိုက်ဆံ ခင်ဗျ။ ကျွန်တော်တို့ လူကြီးတွေရော ဘာထူးလို့လဲဟုကျနော်တော်တွေးမိသည်။ သူတပါး၏ဒုက္ခကို စာနာဖို့ထက်
    ကိုယ့်ပိုင်ဆိုင်မှု ဆုံးရှုံးနစ်နာခြင်း ကိုသာ ပိုပြီး အဓိကကျသည်ဟု အောက်မေ့တတ်ကြသည် မဟုတ်လား။ တိုက်တန်းနစ် သင်္ဘောကြီးမြုပ်ပြီး လူပေါင်းများစွာ သေဆုံးသွားရသည်ဟူသည့်သတင်းကို ကြားရသည့်အခါ ကျွန်တော် ထွေထွေထူးထူး မခံစားရပါ။ ၀မ်းမနည်းမိပါ။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် ကျွန်တော်ခေါင်းကိုက်နေသောကြောင့်ဖြစ်သည်။ ဟူသော စားသားတစ်ပိုင်းတစ်စကို ကျွန်တော် ဖတ်ရဖူးပါသည်။ ဒီအတွက် ထူးခြားပြီး မအံ့သြမိတော့ပါ။ လူဆိုသည်မှာ ကိုယ့်ဒုက္ခသာလျှင် အကြီးကျယ်ဆုံး ဟု သဘောထားတတ်ကြသူများဖြစ်သည်။ အရေးကြီးသော လူနာတစ်ယောက်ကို မြောက်ဥက္ကလာဆေးရုံ ကြီးသို့ပို့ရန် တက္ကစီတစ်စီး လက်ပြပြီး တားခဲ့သည်။ တက္ကစီ ဒရိုင်ဘာက ညဥ့်နက်နေပြီဟုပြောကာ ၂၅၀၀ိ/ -တောင်းသည်။ လျှော့ပါဦးဗျာ၊ လူနာကစကားကို ဆုံးအောင်ပြောခွင့်မရလိုက်ပါ။ ကားဆရာက ဒေါသ တကြီးမောင်းထွက်သွားသည်။ သူ့ဆယ်ပြားစေ့ကို ကျွန်တော် မျိုချခဲ့မိပါသလား။ သူ့အတွက်တော့ လူတစ်ယောက်၏အသက်ထက် ငွေ၂၅၀၀ိ/က ပိုအရေးကြီးနေပေလိမ့်မည်။ ကျွန်တော်သူ့ကိုစိတ်မဆိုးမိပါ။ ရယ်မောနေချင်ပါတော့သည်။ ကျွန်တော်တို့သည် (အကယ်စင်စစ်) ကလေးများသာဖြစ်ကြပါသည်။
    မင်းခိုက်စိုးစန်
    "စာကြည့်တိုက် အလှူတော်"
    ကျွန်တော်တို့  ကာလုဂါ မြန်မာကျောင်းသားများ (BMSTU) မှ Village KD ၏ စတုတ္ထအကြိမ်အလှူအဖြစ် လှူဒါန်းခဲ့သော ရန်ကုန်တိုင်၊ လှည်းကူးမြို့နယ်၊ အင်ကြင်းတောင်ခြေ၊ စာဘူးတောင်းကျေးရွာရှိ မြန်မာ့စိမ်းလန်းမြေ လူငယ်ဖွံ့ဖြိုးရေးဂေဟာတွင် လိုအပ်နေသော စာကြည့်တိုက် အလှူအတွက် မြန်မာငွေ ၁ သိန်း ကျပ် (၁၀၀၀၀၀/ိ) ပေးပို့ လှူဒါန်းခဲ့ပါသည်။ မြန်မာနိုင်ငံသို့  ကိုးသောင်းကိုးထောင့် နှစ်ရာကျပ်(၉၉၂၀၀/ိ) ရောက်ရှိခဲ့ပါသည်။ ကျောင်းသားများ ထည့်ဝင်သော အလှူငွေ (၃၆၅၀)ရူဘယ်။ မြန်မာငွေလဲနှုန်း ၁ ဒေါ်လာ = ၈၈၀ ကျပ်။ ပိုငွေ ၁၃၀ ရူဘယ်။ အလှူငွေကို ဒေါ်မြသူဇာအေး (၇/လပတ(နိုင်)092688) သို့  ကမ္ဘောဇ ဘဏ်မှ တဆင့် လွဲပို့ လှူဒါန်းခဲ့ပါသည်။ ထိုစာကြည့်တိုက်သည် မိဘမဲ့ကလေးသုံးဆယ်ကျော်နှင့် ရွာနီးစပ်ချုပ်ရှိ ကလေးငယ်များ၊ ရွာသူရွာသားများပါ အသိဥာဏ်ဖွင့်ဖြိုးစေရန် ရည်ရွယ်ပြီး ဖွင့်လစ်မည်ဖြစ်သည်။ လှူဒါန်းမှုများအတွက် သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ပါကြောင်း…………………။
    "စာသင်ကျောင်းအလှူ"
    စစ်တက္ကသိုလ် အမှတ်စဉ်(၄၉) ကျောင်းဆင်းအရာရှိများ၏ အောင်ပရဟိတ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ အောင်ဆန်း(၃)ရပ်ကွက်၊ လှိုင်သာယာ မြိ့နယ်၊ ရန်ကုန်တိုင်းသို့ လှူဒါန်းမှုအား ထေရဝါဒဗုဒ္ဓဘာသာ လူငယ်များအသင်းမှ အကျိုးဆောင်၍ သွားရောက် လှူဒါန်းခဲ့ပါသည်။ အလှူငွေ (၃၄၂၀၀၀/ိ- ကျပ်) လှူဒါန်းခဲ့ပါသည်။ လှူဒါန်းမှု မှတ်တမ်းအစုစုတို့အား ပတ္တာနုမောဒနာ ဖြစ်နိုင်ပါစေရန်နှင့် အပရစေတနာ ပွားများနိုင်စေရန် အလို့ငှာ အလှူငွေမှတ်တမ်းပုံဖြင့် ဖေါ်ပြလိုက်ပါသည်။
    Pulpit rock
    ''အနှိုင်းမဲ့''
    * အနှိုင်းမဲ့လာဘ်-ကျန်းမာခြင်း။
    * အနှိုင်းမဲ့မီး-ရာဂမီး(သို့)အချစ်မီး။
    * အနှိုင်းမဲ့ဥစ္စာ-တင်းတိမ်ရောင့်ရဲခြင်း။
    * အနှိုင်းမဲ့အပြစ်-ဒေါသအပြစ်။
    * အနှိုင်းမဲ့ဆွေမျိုး-အကျွမ်းဝင်တဲ့ပုဂ္ဂိုလ်။
    * အနှိုင်းမဲ့ရောဂါ-ဆာလောင်မွတ်သိပ်ခြင်းရောဂါ။
    * အနှိုင်းမဲ့ချမ်းသာ-နိဗ္ဗာန်ချမ်းသာ။
    * အနှိုင်းမဲ့ဆင်းရဲ-ခန္ဓာဝန်ထမ်းရခြင်းဆင်းရဲ။
    * အနှိုင်းမဲ့လမ်း-မဂ္ဂင်ရှစ်ပါးလမ်း(သို့ )သတိပဌာန်လမ်း။
    * အနှိုင်းမဲ့ပိုက်ကွန်-မောဟပိုက်ကွန်။
    ''ငရဲမကျနိုင်သော ကုသိုလ်(၇)မျိုး''
    (၁) ဘုရား တရား သံဃာ သံရဏဂုံသုံးပါး စွဲမြဲသော ပုဂ္ဂိုလ်။
    (၂) ငါးပါးသီလမြဲသော ပုဂ္ဂိုလ်။
    (၃) အာရုံဆွမ်း နေဆွမ်း နေ့စဉ် လှူဒါန်းသော ပုဂ္ဂိုလ်။
    (၄) စာရေးတံမဲ လှူဒါန်းသော ပုဂ္ဂိုလ်။
    (၅) ၀ါဆိုသင်္ကန်းလှူဒါန်းသော ပုဂ္ဂိုလ်။
    (၆) ရေတွင်းရေကန် လှူဒါန်းသော ပုဂ္ဂိုလ်။
    (၇) ကျောင်းဆောင်လှူဒါန်းသော ပုဂ္ဂိုလ်။
    ''ဒိဋ္ဌိဖြစ်ခြင်းအကြောင်း(၈)ပါး''
    ၁။ ခန္ဓာ၏သဘောကို မသိခြင်းကြောင့် ဒိဋ္ဌိဖြစ်သည်။
    ၂။အ၀ိဇ္ဇာကြောင့်လည်း ဒိဋ္ဌိဖြစ်သည်။
    ၃။ ဖဿကြောင့်လည်း ဒိဋ္ဌိဖြစ်သည်။ (ဖဿ=ထိတွေ့မှု)
    ၄။ သညာအမှတ်မှားလို့လည်း ဒိဋ္ဌိဖြစ်သည်။
    ၅။ ၀ိတက်ကြောင့်လည်း ဒိဋ္ဌိဖြစ်သည်။ (၀ိတက်=အတွေးအကြံ)
    ၆။ နှလုံးသွင်းမှားသောကြောင့်လည်း ဒိဋ္ဌိဖြစ်သည်။
    ၇။ မိတ်ဆွေမှားနှင့် ပေါင်းသင်းမိ၍လည်း ဒိဋ္ဌိဖြစ်သည်။
    ၈။ မှားယွင်းသောတရားကို နာရသောကြာင့်လည်း ဒိဋ္ဌိဖြစ်သည်။
    ဒိဋ္ဌိ (၃)မျိုး
    ဒိဋ္ဌိသည် သမ္မာဒိဋ္ဌိ နှင့် မိစ္ဆာဒိဋ္ဌိ ဟူ၍နှစ်မျိုးရှိသည်။
    သမ္မာ=မှန်ကန်သော၊ ဒိဋ္ဌိ=အမြင်၊ မိစ္ဆာ=မှားယွင်းသော၊ ဒိဋ္ဌိ=အမြင် ဟူ၍ ဖွင့်ဆိုထားပါသည်။
    မြတ်စွာဘုရားရှင်ကမိစ္ဆာဒိဋ္ဌိ အမျိုးအစား(၆၂)ပါးရှိသည်ဟုဟောကြားခဲ့ပါသည်။ယင်း(၆၂)ပါးကိုအကျဉ်းချုံးလိုက်လျှင်သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိ (၃)မျိုးရှိပါသည်။
    ၁။ သဿတဒိဋ္ဌိ =ခိုင်သည်မြဲသည်ဟု ယူဆသော ဒိဋ္ဌိ။
    ၂၊ ဥစ္ဆေဒဒိဋ္ဌိ = ပျက်စီးပြီးလျှင် လုံးဝ ပြတ်သည်ဟု ယူဆသော ဒိဋ္ဌိ။
    ၃။ သက္ကာယဒိဋ္ဌိ = အစစ်အမှန် ရှိသော သက္ကာယ (ခန္ဓာငါးပါး)အပေါ်၌ အစစ်အမှန်မရှိသော ပညတ်များတင်စား၍ ထင်မှားနေသော ဒိဋ္ဌိ။
    "ပရိတ်ရွတ်ဖတ်မည့်သူ ပြည့်စုံရမည့်အချက်များ"
    (၁) ပရိတ်တော်ကို ရိုသေလေးစားသည့် အနေအထားရှိခြင်း။
    (၂) ပရိတ်တော်၏ အနက်အဓိပ္ပါယ်ကို သိရှိနားလည်ခြင်း။
    (၃) ပရိတ်တရားတော်၌ ယုံကြည်မှု အပြည့်အ၀ရှိခြင်း။
    (၄) လာဘ်လာဘကို မငဲ့ကွက်၊ မမျှော်လင့်ခြင်း။
    (၅) ပရိတ်တရားတော် နာယူသူတို့ အပေါ်၌ သန့် ရှင်းသော မေတ္တာစိတ်၊ သနားစိတ်၊ ကရုဏာစိတ် ရှိခြင်း။
    (၆) အသံထွက်၍ ရွတ်ဆိုခြင်း။
    (၇) ပုဒ်ပါဌ် အက္ခရာ ပီသမှန်ကန်အောင် ရွတ်ဆိုခြင်း။
    ပရိတ်နာယူသူများ ပြည့်စုံရမည့်အချက်များ
    (၁) ပရိတ်တော်ကို ထက်သန်သော သဒ္ဓါတရားယုံကြည်မှု အပြည့်အ၀ဖြင့် ရိုသေလေးစားစွာ နာယူခြင်း။
    (၂) အမိအဖကို သတ်ခြင်း စသော ကြီးစွားသော ပဉ္စနန္တရိယကံကြီး ငါးပါးမှ လွတ်ကင်းသူဖြစ်ခြင်း။
    (၃) ဖောက်ပြန်စွဲလမ်းသော နိယတ မိစ္ဆာဒိဋ္ဌိ အယူ မရှိသူဖြစ်ခြင်း။
    ''ပါရမီ (၁၀)ပါး''
    ၁။ ဒါနပါရမီ= ပေးလှူခြင်း ။
    ၂။ သီလပါရမီ= ကိုယ်နှုတ်စောင့်ထိန်းခြင်း ။
    ၃။ နေက္ခမ္မပါရမီ= ကိလေသာတောမှထွက်ခြင်း ။
    ၄။ ပညာပါရမီ= အကြောင်းအကျိုး ဆင်ခြင်ထိုးထွင်းသိခြင်း ။
    ၅။ ၀ီရိယပါရမီ= အားစိုက်ကြိုးစား လုံ့လရှိခြင်း ။
    ၆။ ခန္တီပါရမီ= သည်းခံခြင်း ။
    ၇။ သစ္စာပါရမီ= ဖြောင့်မတ်/မှန်ကန်ခြင်း ။
    ၈။ အဓိဋ္ဌာန်ပါရမီ= အဓိဋ္ဌာန်တည်ဆောက်ခြင်း၊ ပြတ်သားသောဆန္ဒ ။
    ၉။ မေတ္တာပါရမီ= စင်ကြယ်သောချစ်ခြင်း ။
    ၁၀။ ဥပေက္ခာပါရမီ= လစ်လျူရှုခြင်း/အသင့်အားဖြင့် ။
    ''ပဌာန်း ၂၄ ပစ္စည်း''
    ၁။ဟေတုပစ္စယော-အကုသိုလ်ကင်း၍ ကုသိုလ်နှင့်ယှဉ်တွဲရပါစေသား။
    ၂။အာရမ္မဏပစ္စယော-မျက်စိနှင့်နားသည် နိဗ္ဗါန်သို့မျက်မှောက်ပြုရပါစေသား။
    ၃။ အဓိပတိပစ္စယော-ရုပ်နှင့်နာမ်နှစ်ပါးကိုစောင့်ရှောက်ထိန်းသိမ်းနိုင်ရပါစေသား။
    ၄။အနန္တရပစ္စယော-များလှစွာသော ကုသိုလ်တရားများကို မျက်မှောက်ပြုရပါစေသား။
    ၅။သမနန္တရပစ္စယော-ရုပ်နှင့်နာမ်အတူရှိသော တရားတို့ ကို မျက်မှောက်ပြုရပါစေသား။
    ၆။သဟဇာတပစ္စယော-ရုပ် ရုပ်ခြင်း ၊ နာမ် နာမ်ခြင်း၊ ထင်ရှားစွာ သိရပါစေသား။
    ၇။အညမညပစ္စယော-ရုပ်မှနာမ်သို့ ၊ နာမ်မှရုပ်သို့ ပြောင်းလဲ၍ သိရပါစေသား။
    ၈။နိဿယပစ္စယော-ရုပ်နာမ်နှစ်ပါးတို့ ၏တည်ရာကို သိရပါစေသား။
    ၉။ဥပနိဿယပစ္စယော-ရတနာသုံးပါးကို ဦးထိပ်ထားရပါစေသား။
    ၁၀။ပုရေဇာတပစ္စယော-ရှေ့ ကဖြစ်သောအကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။
    ၁၁။ပစ္ဆာဇာတပစ္စယော-နောက်၌်ဖြစ်သောကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။
    ၁၂။အာသေ၀နပစ္စယော-လိုအင်ဆန္ဒမရှိအောင်ပြည့်စုံရပါစေသား။
    ၁၃။ကမ္မပစ္စယော-ကံသုံးပါးကို ထိန်းသိမ်းနိုင်ရပါစေသား။
    ၁၄။ဝိပါကပစ္စယော-ဝဋ်ကြွေးသုံးသွယ်ကို ပယ်ဖျက်ရပါစေသား။
    ၁၅။အာဟာရပစ္စယော-လိုရာ ဆန္ဒ ပြည့်စုံစွာ ထောက်ပံ့နိုင်ကြပါစေသား။
    ၁၆။ဣန္ဒြိယပစ္စယော-နာမ်ရုပ်ကို ထိန်းသိမ်းတတ်သော ပညာနှင့် ပြည့်စုံရပါစေသား။
    ၁၇။ဈာနပစ္စယော-သူတော်ကောင်းတရား(၇)ပါးနှင့်၊ ဥာဏ်စဉ်(၅) ပါးတို့ နှင့် ပြည့်စုံရပါစေသား။
    ၁၈။မဂ္ဂပစ္စယော-ဘာဝနာ(၂ ) ပါးအပေါင်းကို အာရုံပြု၍ အထွတ်အထိပ်ပညာကို ရပါစေသား။
    ၁၉။သမ္ပယုတ္တပစ္စယော-သူတော်ကောင်းတို့ နှင့်ပေါင်း၍ (၇ )ဖြာသောတရားနှင့် ယှဉ်တွဲရပါစေသား။
    ၂၀။ဝိပ္ပယုတ္တပစ္စယော-သူယုတ်မာနှင့်ဝေး၍ အကုသိုလ်နှင့် ကင်းရှင်းရပါစေသား။
    ၂၁။အတ္ထိပစ္စယော-သမုတိနယ်၏ အရှိကို ဟုတ်မှန်စွာ သိရပါစေသား။
    ၂၂။နတ္ထိပစ္စယော-ပရမတ္ထ္တမရှိတရား၏ အသိကိုမျက်မှောက်ပြုရပါစေသား။
    ၂၃။ဝိဂတပစ္စယော-ရှေ့ ၌ ပွင့်ကုန်ပြီးဖြစ်သော ဘုရားတို့ ကိုရှိခိုးပါရစေသား။
    ၂၄။အ၀ိဂတပစ္စယောတိ-ပွင့်လတ္တံ့ သောဘုရားတို့ ကို ရှိခိုးပါရစေသား။
    ''ပန်ကြားချက်''
    ‘တရားတော်များ’
    Powered by Blogger.