မိဘမေတ္တာနဲ့  မိဘတွေ သားသမီးတွေ အပေါ်ထားတဲ့ စိတ်ခံစားမှု ရသများကို ဖော်ကြူးထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ အချိန်တန် အတောင်စုံလို့  မိဘဆီကနေ ခွဲခွာထွက်သွားတဲ့ခါ ရင်ထဲမှာ ဟာပြီး ကျန်ခဲ့တဲ့ မိဘများရဲ့  စိတ်ခံစားမှုနဲ့  အသက်ကြီးလာရင် သားသမီးနားမှာ အတူတကွ နေချင်ကြတဲ့ မိဘတွေရဲ့  အတွေးစိတ်ကူးများကို ဖော်ပြထားပါတယ်။ ကျွန်တော်တို့  အရွှယ်ရောက်လာရင် မိဘနေရာကို ရောက်လာကြမှာပါ။ မိဘမဖြစ်ခင် အခိုက်အတန့် လေးမှာ မိဘတွေရဲ့  စိတ်ခံစားမှု၊ ရင်ထားမှာ ရှိတဲ့ မေတ္တာတွေကို မြင်အောင်ကြည့်ပေးကြပါ။ သင် မိဘဖြစ်မှ မိဘတွေရဲ့  ခံစားချက်ကို နားလည်မယ်ဆိုရင် သင့် အချိန် နောက်ကျသွားပါလိမ့်မယ်။ ဇာတ်သိမ်းခန်းမှာ ဦးကျော်ဟိန်းပြောတဲ့ မိဘတွေရဲ့  စိတ်ထားနဲ့  ခံစားချက်လေးကို သေချာနားထောင်ကြည့်ပါ။ အားလုံး မိဘကို ကျေးဇူးဆပ်နိုင်တဲ့ သားသမီး အလိမ္မာများ ဖြစ်နိုင်ကြပါစေလို့  ဆန္ဒပြုလျှက် .....။
- အပိုင်း ၁
- အပိုင်း ၂
- အပိုင်း ၃
- အပိုင်း ၎
- အပိုင်း ၅
- အပိုင်း ၆
- အပိုင်း ၇
- အပိုင်း ၈
- အပိုင်း ၉
- အပိုင်း ၁၀
- အပိုင်း ၁၁
- အပိုင်း ၁၂
- အပိုင်း ၁၃
- အပိုင်း ၁၄
- အပိုင်း ၁၅
သက်ရှိထင်ရှား၊ မြတ်ဘုရားလား၊
တုနှိုင်းမမှီ၊ ဘယ်ပန်းချီလား၊
မြင့်မိုရ်ထက်သာ၊ ကောင်းကင်မှာလား၊
သင်၏ အချစ်၊ ထုဆစ်မရ၊
သင်၏ ဂုဏ်ရည်၊ စာခွေမရ၊
သင်၏ အလှကား ဘာသာပြန်မရ၊
ပင်လယ်မှင်ရည်၊ ကုန်စင်စေလည်း၊
ပေလွှာကောင်းကင်၊ ဆုံးမထင်ဘူး၊
မိဘကျေးဇူး၊ အံ့ချီးကူးလှ၊
သေသော် ထိ မှ
သြော် ..... ချစ်ကြ။
0 comments:
Post a Comment