“ဗေဒင်နှင့် ကံတရား”


ဆရာတော် အရှင်ဇ၀န မတ္တာရှင်(ရွှေပြည်သာ)ရဲ့  ဗေဒင်နှင့် ကံတရားတရားတော်ဖြစ်ပါတယ်။ တရားတော်ထဲမှာ မှတ်သားနာယူစရာများ တော်တော်များများ ပါပါတယ်။ ကံတရားသည် လူကို ဦးဆောင်နေကြောင်းနဲ့  ကံကောင်းအောင် မိမိဖာသာ ပြုလုပ်နိုင်ကြောင်းများကို ဟောကြားထားပါတယ်။ လူတွေ အချိန်ကို အသုံးပြု ကုန်ဆုံးစေတဲ့ အကြောင်းလေးကို ခွဲခွဲခြားခြား သိအောင်ဖော်ပြထားပေးပါတယ်။

  • ပညာရှိများ အချိန်ကို အသုံးချပုံ
       ကိုသိုလ်ပြုရင်း အချိန်ကို ကုန်စေခြင်း။
       ပညာရှာရင်း အချိန်ကို ကုန်စေခြင်း။
       ဥစ္စာရှာရင်း အချိန်ကို ကုန်စေခြင်း။

  • လူမိုက်များ အချိန်ကို အသုံးချပုံ
       အိပ်ရင်း အချိန်ကို ကုန်စေခြင်း။
       မြူးတူးပျော်ပါး ကစားရင်း အချိန်ကို ကုန်စေခြင်း။ 
       ငြင်းခုန် စကားများရင်း အချိန်ကို ကုန်စေခြင်း။

နောက်တစ်ခုကတော့ အလှူဒါနပြုရာမှ အလွန်အရေးကြီးတဲ့ အကြောင်းပါ။ အလှူတစ်ခု ပြုလုပ်တဲ့ နေရာမှာ အသိဉာဏ်နဲ့  ယှဉ်ပြီး ဘုရားနဲ့ သာသနာအတွက် အမှန်တကယ် လိုအပ်တဲ့ နေရာမှာ လှူသင့်ကြောင်း၊ အလှူစိတ်ရင်း အမှန်နဲ့  ပါရမီထိုက်တဲ့ အလှူဖြစ်အောင် လှူသင့်ကြောင်းများကို ဟောကြားပြသထားပါတယ်။ နောက်ဆုံးမှာတော့ အသက်ရှည်သော ကုသိုလ် ၆ မျိုးကို ဟောကြားပါတယ်။ 

  • အသက်ရှည်သော ကုသိုလ် ၆ မျိုး
       ရေစစ် အလှူ။ 
       ဆေး အလှူ။
       ကျောင်းအလှူ၊ ကျောင်းအဟောင်း အသစ်ပြန်လည် ပြုပြင်ပေးသော အလှူ။
       ၅ ပါးသီလ စောင့်ထိန်းသော အလှူ။
       ၈ ပါးသီလ စောင့်ထိနိးသော အလှူ။ တို့  ဖြစ်ပါတယ်။ 


လောကီ၊ လောကုတ္တရာ အကျိုးများကို ဆထက်တပိုး ထမ်းဆောင်နိုင်ကြပါစေလို့  ဆန္ဒပြုလျှက်။

0 comments:

 

‘တရားတော်များ’

Powered by Blogger.