"ပရိယတ္တိစာသင်တိုက် အလှူတော် "

စစ်တက္ကသိုလ် အမှတ်စဉ်(၄၉) ကျောင်းဆင်းအရာရှိများ၏ ရာထူးတိုးမြှင့်ခြင်း အထိမ်းအမှတ် လှူဒါန်းပွဲ အခမ်းအနားကို အသင်းမှအကျိုးဆောင်၍ ၃.၄.၂၀၁၁ (တနင်္ဂနွေ)နေ့၊ ပြင်ဦးလွင်မြို့နယ်၊ ရေချမ်းအိုးကျေးရွာ၊ မေတ္တာ ရေချမ်း ပရိယတ္တိစာသင်တိုက် တွင် ပြုလုပ်ဖြစ်ခဲ့တယ်။ ပထမဦးစွာ နံနက် ၆း၁၅ တွင် ထိုကျောင်တိုက်အတွင်း သီတင်းသုံးနေထိုင်လျှက်ရှိသော သံဃာတော်အရှင် သူမြတ်တို့အား အာရုံဆွမ်း (မုန့်ဟင်းခါး) ဆပ်ကပ်လှူဒါန်းခဲ့ကြပါတယ်။ ထို့နောက် ဆွမ်းပဒေသာပင် အလှူငွေ ၆၀၉၀၀၀ိ/ (ခြောက်သိန်းကိုးထောင်ကျပ်တိတိ) ကို ကျောင်းထိုင်ဆရာတော်အား လှူဒါန်းခဲ့ကြတယ်။ ဆက်လက်၍ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ဆွမ်းအနုမောဒနာ တရားတော်ကို နာယူခဲ့ကြပါတယ်။ ထို့နောက် ကုသိုလ်ကောင်းမှု အစုစုတို့အား ရေစက်ချ အမျှပေးဝေခဲ့ပါတယ်။ဆရာတော်မှ တရားနာယူကြသော အလှူရှင်များအား ဆရာတော်ကိုယ်တိုင် ရေးသားသော “လူ့ဘ၀ တစ်ခဏတာ” စာအုပ်ကို စွန့်လှူခဲ့ပါတယ်။ အလှူတော်ကို ဗိုလ်ကြီးမျိုးဝင်း၊ ဗိုလ်ကြီးရဲထွဋ်အောင်၊ ဗိုလ်ကြီးမျိုးတင့်၊ ဗိုလ်ကြီးရဲလင်းထွန်း၊ ဗိုလ်ကြီးအောင်ဆွေဦး၊ ဗိုလ်ကြီးယဉ်မင်းထွန်း နှင့် ဗိုလ်ကြီးတေဇာထိန်ဝင်း တို့ သွားရောက်လှူဒါန်းခဲ့ကြခြင်း ဖြစ်ပါတယ်။ လှူဒါန်းမှု မှတ်တမ်းအစုစုတို့အား ပတ္တာနုမောဒနာ ဖြစ်နိုင်ပါစေရန်နှင့် အပရစေတနာ ပွားများနိုင်စေရန် အလို့ငှာ မှတ်တမ်းပုံများဖေါ်ပြလိုက်ပါတယ်။

Pulpit rock
Pulpit rock

0 comments:

 

‘တရားတော်များ’

Powered by Blogger.