"ပါရမီ"

ပါရမီဆိုသည်မှာ "မြင့်မြတ်သူတို့ ၏ လုပ်ငန်း" ဖြစ်ပါသည်။ "မြင့်မြတ်သူတို့ ၏ လုပ်ငန်း" ဆိုသည်မှာ ကိုယ်ကျိုးကို ပဓာနမထားဘဲ သူတစ်ပါးကောင်းကျိုးကို လည်းကောင်း၊ သံသရာမှ လွတ်မြောက်ဖို့ ကို လည်းကောင်း ရည်ရွယ်၍ လုပ်ကိုင်ပြုလုပ်သောအလုပ်များကို ခေါ်ဆိုသည်။ ထိုကဲ့ သို့ သော အလုပ်များကို လုပ်ကိုင်နိုင်သူများသည်လည်း "မြင့်မြတ်သူများ" ပင်ဖြစ်ကြပါသည်။ လောကကို မိမိဘ၀အတွက် အသုံးမချဘဲ မိမိဘ၀ကိုသာ လောကအတွက် အသုံးချသူများ ဖြစ်ကြပါသည်။ မြင့်မြတ်သော သူတို့ ၏ လုပ်ငန်းများကို "ပါရမီ" ဟူ၍ ခေါ်ဆိုသည်။ ကျွန်တော်တို့  ဗုဒ္ဓမြတ်စွာဘုရားသည် မြင့်မြတ်သူများထဲတွင် အမြင့်မြတ်ဆုံး ဖြစ်ပါသည်။ ထို့ ကြောင့် မြတ်စွာဘုရား၏ ဆောင်ရွက်ချက်များသည် ပါရမီ မြောက်သောဆောင်ရွက်ချက်များချည်းသာ ဖြစ်သည်။

ပါရမီမြောက်သော ကျင့်ကြံဆောင်ရွက်ချက် ဟုတ် မဟုတ် သိနိုင်ရန်အတွက် ပဓာနကျသော အင်္ဂါနှစ်ရပ်ရှိပါသည်။ ယင်းအင်္ဂါနှစ်ရပ်မှာ သူတစ်ပါးအပေါ် ကရုဏာရှိခြင်းနှင့် သံသရာမှ လွတ်မြောက်နိုင်ရန် အတွက် ရည်မှန်းချက် ရှိခြင်းပင် ဖြစ်ပါသည်။ ထိုအင်္ဂါနှစ်ရပ်အပေါ် အခြေခံ၍ ဒါနစသော လုပ်ငန်းများကို လုပ်မှသာ ပါရမီ မြောက်သောလုပ်ငန်းများ ဖြစ်ပါသည်။
သာမန်လူသည် သာမန်ကိုသာ မြင်ပြီး သာမန်လိုတွေး၍ သာမန်သာ သဘောပေါက်မည်ဖြစ်သည်။ ပါရမီ ဟူသည်မှာ သာမန်လူများအတွက် မဟုတ်၊ မြင့်မြတ်သူများ အတွက်သာ ဖြစ်ပါသည်။ အမှန်အားဖြင့် ဘ၀ဟူသည်မှာ အနှစ်သာရ မရှိသဖြင့် အနတ္တ၊ မမြဲသဖြင့် အနိစ္စ၊ ဆင်းရဲ အတိဖြစ်သဖြင့် ဒုက္ခလည်း ဖြစ်ပါသည်။ ဤသို့  အနိစ္စ၊ဒုက္ခ၊အနတ္တ ဖြစ်သော ဘ၀ကို ရင်နှီးပြီး ယခု စာဖတ်သူများလည်း အတိုင်းမသိသော သုခများကို ခံစားနိုင်ကြပါစေ.........
 

Ditulis Oleh : ကိုငယ် // 02:20
Kategori:

0 comments:

 

‘တရားတော်များ’

Powered by Blogger.