"ပဲခူးမြို့အလှူတော်"

ရွှေတောင်ကျောင်း၊ ဇိုင်းဂနိုင်း မြောက်ပိုင်း၊ ပဲခူးမြို့ သို့ စစ်တက္ကသိုလ် အမှတ်စဉ်(၄၉) သင်တန်းဆင်းအရာရှိများ၏ အလှူတော်အား ထေရဝါဒဗုဒ္ဓဘာသာ လူငယ်များအသင်းမှ အကျိုးဆောင်အဖွဲ့နှင့် တဆတ ကျောင်းဝန်းရှိ (သိမ်းကုန်းကျောင်း)မှ ဦးပဉ္စင်း ဦးဝိစာရတို့သည် (၂၃-၄-၂၀၁၁) ရက်နေ့တွင် ကျောင်းအုပ် ဆရာတော်ဦးဝိလာသအား န၀ကမ္မ၀တ္ထုငွေ ၃၄၄၀၀၀/ိ-ကျပ် လှူ ဒါန်းဆက်ကပ်ခဲ့ပြီး ခရီးအသုံးစရိတ် အဖြစ် လေးထောင်ကျပ် အသုံးပြုခဲ့သည်။ အလှူနေ့တွင် ကျောင်း၌ “စတုတ္ထအကြိမ်” ယဉ်ကျေးလိမ္မာသင်တန်း ဆောင်ရွက် လျက်ရှိရာ ကလေးများကို “ဖန်ဆင်းရှင်သုံးဦးကဗျာ”ကို ကိုထွန်းထွန်းလှိုင်မှ သင်ကြားပို့ချပေးခဲ့သည်။ လှူဒါန်းမှုမှတ်တမ်း အစုစုတို့ကို သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ပါကြောင်း။

Pulpit rock

"ဧရာဝတီတိုင်းဒေသကြီး အလှူတော်"

တူးမြောင်းကျေးရွာ၊ ဒေးဒရဲမြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီး သို့ စစ်တက္ကသိုလ် အမှတ်စဉ်(၄၉) သင်တန်းဆင်း အရာရှိများ၏ လှူဒါန်းမှုအား (၂၂-၄-၂၀၁၁) ရက်နေ့ တွင် ထေရဝါဒဗုဒ္ဓဘာသာလူငယ်များ အသင်းမှ အကျိုးဆောင်၍ အလှူငွေ (၁၇၄၀၀၀၀)ကျပ် အားအလှူနေရာသို့ သွားရောက်လှူဒါန်းခဲ့သည်။ လှူဒါန်းမှုမှတ်တမ်း အစုစုတို့ကို သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန် အတွက် အလှူရှင်တွေ အားလုံးနှင့် ဓမ္မမိတ်ဆွေ အပေါင်းတို့အား ဖော်ပြပေးလိုက်ပါတယ်။ ကုသိုလ်ကောင်းမှု အစုစုတို့အား ၀မ်းမြောက်ဝမ်းသာ သာဓုခေါ် ဆိုနိုင်ကြပါစေ။ ဓမ္မမိတ်ဆွေအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ညီညွတ် ချမ်းသာကြပြီး သာသနာတော်အား အစဉ်ထောက်ပံ့နိုင်ကြပါစေ။

Pulpit rock

"ကျောင်းတိုက်အလှူတော်"

ပုဂံတောရကျောင်း၊ ပြည်မြို့၊ ဂန္ဓကုဋီကျောင်းတိုက် သို့ စစ်တက္ကသိုလ် အမှတ်စဉ်(၄၉) သင်တန်းဆင်း အရာရှိများ၏ အလှူတော်အား ထေရဝါဒဗုဒ္ဓဘာသာ လူငယ်များအသင်းမှ အကျိုးဆောင်၍ (၁၇-၄-၂၀၁၁) ရက်နေ့တွင် အလှူငွေ ၁၇၄၀၀၀/ိ-ကျပ်ကို သွားရောက်လှူဒါန်းခဲ့သည်။ လှူဒါန်းမှုမှတ်တမ်း အစုစုတို့ကို သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန်အတွက် အလှူရှင်တွေအားလုံးနှင့် ဓမ္မမိတ်ဆွေအပေါင်းတို့အား ဖော်ပြပေးလိုက်ပါတယ်။ ကုသိုလ်ကောင်းမှု အစုစုတို့အား ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ကြပါစေ။ ဓမ္မမိတ်ဆွေအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ညီညွတ်ချမ်းသာကြပြီး သာသနာတော်အား အစဉ်ထောက်ပံ့နိုင်ကြပါစေ။

အလှူမှတ်တမ်းဓာတ်ပုံများ
Pulpit rock
Pulpit rock


"အနှိုင်းမဲ့အလှူ - ၂"

Pulpit rock

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
uncomparable donation 2

"ကံ"

ကံဆိုသည်မှာ ရုပ်နမ်ဓမ္မ သမူဟသာဖြစ်သော လူသား၏ ကာယ၊ ၀ါစာ၊ မန အမူအရာ လုပ်အား ဖြစ်ပေသည်။
ကျွန်ုပ်တို့ သည် သက်ရှိလူသား တစ်ဦးစီအား စူးစူးစိုက်စိုက်ဥာဏ်ဖြင့် နှိုက်၍ ကြည့်ရှုဆင်ခြင်ပါမူ သူသည် သူ၏ ကိုယ်ကာယဖြင့်လည်း အလုပ်လုပ်နေသည်။ နှုတ်ဝစီဖြင့်လည်း ပြောဆိုနေသည်။ ကိုယ်လက်အမူအရာနှင့် ခံတွင်းမှ ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း အတွင်းစိတ်နှင့် ကျိတ်မှိတ်ကာ စိတ်သက်သက်ဖြင့်လည်း ကြံစည်လုပ်ကိုင်နေတတ်သည်။ ဤသို့ သော မူမှန်သဘာဝတို့ ကို အမှန်အတိုင်း သိမြင်ကြရပေမည်။ ထို ကာယ၊ ၀ါစာ၊ မန အမူအရာများကို ဖယ်ရှားကြည့်လျှင် လူသားတို့ ကို "အသုဘ" အနေဖြင့်သာ တွေ့ ရပေမည်။

ထို ကာယ၊ ၀ါစာ၊ မန အမူအရာ အလုပ်တို့ ကို ပါဠိဘာသာအားဖြင့် ဝေါဟာရတပ်ဆင်သောအခါ-
*ကာယ ကမ္မ= ကာယကံ= ကိုယ်အမူအရာဖြင့် ပြုလုပ်မှု။
*၀စီ ကမ္မ= ၀စီကံ= စကားဖြင့် ပြုလုပ်ဆောင်ရွက်မှု။
*မနော ကမ္မ= မနောကံ= အတွင်းစိတ်သက်သက်ဖြင့် အတွင်းကျိတ် ကြံစည်ပြုလုပ်မှု။

ကံနှင့် လူသားသည် တခြားစီ မဟုတ်၊ ကံဟူသည် လူသား၏ စွမ်းရည်တစ်မျိုးသာ ဖြစ်ကြောင်း သဘောပေါက်ရပေမည်။ အချို့ သော သူများသည် ကံကြမ္မာသည် သီးသီးသန့် သန့်  ရှိနေသလို အထင်အမှတ်မှားနေကြသည်။ "အတ္တ" ရှိသည်ဟု ထင်သကဲ့ သို့  ဖြစ်ပါသည်။ ကံသည် တစ်နည်းအားဖြင့် ဆိုလျှင် စေတနာသာ ဖြစ်ပါသည်။ 'ကမ္မသတ္တိ၏ စွမ်းရည်သည် မည်သည့်အဆင့်ရောက်မှ အကျိုးဖြစ်ထွန်းလာသည်။ မိမိတွင် ဘယ်သို့ သော ကမ္မသတ္တိရှိနေသည်' ကို အတပ်မသိရှိဘဲ ' ရှေးအတိတ်ကံကို ယုံပြီး စောင်ခြုံအိပ်နေမည်၊ ပျော့စိစိ ဆုတ်ဆုတ် နစ်နစ် ဖြစ်နေမည်' ဆိုပါက ရှေူးအကြောင်းကံရှိမှ ချမ်းသာမည်ဟု ကံတစ်ခုတည်း စွဲယူမှုမျိုး ဖြစ်၍ ကျွန်တော်တို့ ၏ ဗုဒ္ဓလမ်းစဉ်မှ သွေဖည်နေပြီဟု နားလည်ရပေမည်။ ဖြစ်သမျှ ရှေးအတိတ်ကံလက်ချက်ဟု ပုံမချရ၊ အတိတ်နှင့် ပစ္စုပ္ပန် ပေါင်းစပ်ယူရသည်။ အတိတ်ကံ နှင့် ပစ္စုပ္ပန်ကံ တို့ ကို ပေါင်းစပ်ယူရသည်။ အတိတ်ကံနှင့် ပစ္စုပ္ပန်ကံပေါင်းစပ်ပြီး လက်ရှိဘ၀ ကောင်းကျိုးကို ရှာရမည် ဖြစ်သည်။ အနာဂတ်ကောင်းကျိုးကို ထူထောင်ရမည် ဖြစ်ပါသည်။

လူတိုင်း၌ "ကံ၊ ဥာဏ်၊ ၀ီရိယ" သုံးမျိုးရှိသည်။ "ဥာဏ်၊ ၀ီရိယ" တို့ နှင့်ပတ်သက်၍ ပြဿနာ မပေါ်သေးချေ။ လူတိုင်းက လက်ခံကြသည်။ "ကံ" နှင့် စပ်လျဉ်း လာလျှင် ကံ မရှိဟု ဆိုသူကဆို၊ ကံ ကိုမယုံဟု ပြောသူကပြော အမျိုးမျိုးပင်တွေ့ ရပေမည်။
ကံမရှိဘူးဟု သတ်မှတ်ကြသူ၊ ကံကိုမယုံသူ များသည် မိမိအခြေအနေ မိမိ၏အပြုအမူကို မသုံးသပ် မဆင်ခြင်မိကြသဖြင့် မိမိကိုယ်ကို ပြန်လည်ဆန့် ကျင်မိကြသူများသာ ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုသူများသည် မိမိတို့  မယုံဘူးဆိုသည့် ကံကိုပင် နေ့ စဉ် နေ့ တိုင်း ပြုလုပ်နေကြသောကြောင့် ဖြစ်ပါသည်။
ပါဠိဘာသာ 'ကမ္မ' မှ 'ကံ' ဟူသော မြန်မာဝေါဟာရ ဖြစ်လာသည်။ အဓိပ္ပါယ်မှာ အလုပ် ဖြစ်ပါသည်။ မိမိလုပ်နေသော အလုပ်သည်ပင် မိမိ၏ ကံ ဖြစ်ပါသည်။ နေ့ စဉ်လုပ်ရှားနေကြသော လောက လူသားတိုင်းသည် မည်သူမဆို အလုပ်နှင့် ကင်းနိုင်ကြမည် မဟုတ်ပါ။ စားဝတ်နေရေး ပြေလည်မှုအတွက် နေထွက်သည်မှ နေ၀င်သည်အထိ ရုန်းကန်လှုပ်ရှားနေကြရသူများချည်း သာ ဖြစ်ကြသည်။

"ပါရမီ"

ပါရမီဆိုသည်မှာ "မြင့်မြတ်သူတို့ ၏ လုပ်ငန်း" ဖြစ်ပါသည်။ "မြင့်မြတ်သူတို့ ၏ လုပ်ငန်း" ဆိုသည်မှာ ကိုယ်ကျိုးကို ပဓာနမထားဘဲ သူတစ်ပါးကောင်းကျိုးကို လည်းကောင်း၊ သံသရာမှ လွတ်မြောက်ဖို့ ကို လည်းကောင်း ရည်ရွယ်၍ လုပ်ကိုင်ပြုလုပ်သောအလုပ်များကို ခေါ်ဆိုသည်။ ထိုကဲ့ သို့ သော အလုပ်များကို လုပ်ကိုင်နိုင်သူများသည်လည်း "မြင့်မြတ်သူများ" ပင်ဖြစ်ကြပါသည်။ လောကကို မိမိဘ၀အတွက် အသုံးမချဘဲ မိမိဘ၀ကိုသာ လောကအတွက် အသုံးချသူများ ဖြစ်ကြပါသည်။ မြင့်မြတ်သော သူတို့ ၏ လုပ်ငန်းများကို "ပါရမီ" ဟူ၍ ခေါ်ဆိုသည်။ ကျွန်တော်တို့  ဗုဒ္ဓမြတ်စွာဘုရားသည် မြင့်မြတ်သူများထဲတွင် အမြင့်မြတ်ဆုံး ဖြစ်ပါသည်။ ထို့ ကြောင့် မြတ်စွာဘုရား၏ ဆောင်ရွက်ချက်များသည် ပါရမီ မြောက်သောဆောင်ရွက်ချက်များချည်းသာ ဖြစ်သည်။

ပါရမီမြောက်သော ကျင့်ကြံဆောင်ရွက်ချက် ဟုတ် မဟုတ် သိနိုင်ရန်အတွက် ပဓာနကျသော အင်္ဂါနှစ်ရပ်ရှိပါသည်။ ယင်းအင်္ဂါနှစ်ရပ်မှာ သူတစ်ပါးအပေါ် ကရုဏာရှိခြင်းနှင့် သံသရာမှ လွတ်မြောက်နိုင်ရန် အတွက် ရည်မှန်းချက် ရှိခြင်းပင် ဖြစ်ပါသည်။ ထိုအင်္ဂါနှစ်ရပ်အပေါ် အခြေခံ၍ ဒါနစသော လုပ်ငန်းများကို လုပ်မှသာ ပါရမီ မြောက်သောလုပ်ငန်းများ ဖြစ်ပါသည်။
သာမန်လူသည် သာမန်ကိုသာ မြင်ပြီး သာမန်လိုတွေး၍ သာမန်သာ သဘောပေါက်မည်ဖြစ်သည်။ ပါရမီ ဟူသည်မှာ သာမန်လူများအတွက် မဟုတ်၊ မြင့်မြတ်သူများ အတွက်သာ ဖြစ်ပါသည်။ အမှန်အားဖြင့် ဘ၀ဟူသည်မှာ အနှစ်သာရ မရှိသဖြင့် အနတ္တ၊ မမြဲသဖြင့် အနိစ္စ၊ ဆင်းရဲ အတိဖြစ်သဖြင့် ဒုက္ခလည်း ဖြစ်ပါသည်။ ဤသို့  အနိစ္စ၊ဒုက္ခ၊အနတ္တ ဖြစ်သော ဘ၀ကို ရင်နှီးပြီး ယခု စာဖတ်သူများလည်း အတိုင်းမသိသော သုခများကို ခံစားနိုင်ကြပါစေ.........
 

"U Know"

ခေါင်းစဉ်လေးက "U Know" တဲ့။ကျွန်တော်တို့ အကုန်လုံး သိကြပါတယ်။ဒါပေမဲ့ သိတာလေးကို မသိချင်ယောင် ဆောင်ပြီး အမှုမဲ့ အမှတ်မဲ့နေနေ ကြတာကြီးပါပဲ။လောကမှာ ကိုယ့်ဘ၀သာယာ ဖြောင့်ဖြူးဖို့ အတွက်ကောင်းတာကို ဆောင်၊မကောင်းတာ ကိုရှောင် ကြရမှာပါ။အခု ကျွန်တော် တင်ပြတဲ့ ပို့စ်ကို ကြည့်ပြီး သင့်အတွက် တခုခု ကျန်မယ်ဆိုလျှင် ကျွန်တော် ကျေနပ်ပါသည်။

(1)The most selfish one-letter word is' I' . Avoid it.
အက္ခရာတစ်လုံးတည်းရှိတဲ့ တကိုယ်ကောင်းအဆန်ဆုံးစကားလုံးကတော့`ငါ´ ပါ။ အဲဒါကိုရှောင်ကျဉ်ပါ ... တဲ့။

(2)The most satisfying two-letters word is' We ' . Use it.
အက္ခရာ နှစ်လုံးပါတဲ့ စိတ်ကျေနပ်စရာအကောင်းဆုံးစကားလုံးကတော့ `ငါတို့´ပါ။ အဲဒါကိုအသုံးပြုပါ တဲ့။

(3)The most poisonous three-letters word is 'Ego' . Kill it.
အက္ခရာသုံးလုံးနဲ့ဖွဲ့စည်းထားတဲ့ အဆိပ်အပြင်းဆုံးစကားလုံးဟာ `အတ္တ´ ပါ။ အဲဒါကိုသတ်ပစ်ပါ။

(4)The most used four-letters word is ' Love ' . Value it.
အက္ခရာလေးလုံးပါတဲ့ လူသုံးအများဆုံးစကားလုံးကတော့ `ချစ်ခြင်းမေတ္တာ´ပါ။ အဲဒါကိုတန်ဖိုးထားပါ။

(5)The most pleasing five-letters word is ' Smile '. Keep it.
အက္ခရာငါးလုံးပါတဲ့ ကြည်နူးစရာအကောင်းဆုံးစကားလုံးကတော့ `အပြုံး´ ပါ။အဲဒါကိုဆောင်ထားပါ တဲ့။

(6)The fastest spreading six-letters word is ' Rumour '. Ignore it.
အက္ခရာခြောက်လုံးပါပြီးအလျင်မြန်ဆုံးပျံ့နှံ့လွယ်တဲ့စကားလုံးကတော့`ကောလဟာလ´ပါ။အဲဒါကိုလျစ်လျှူရှုပါ တဲ့။

(7)The hardest working seven-letters word is ' Success'. Achieve it.
အက္ခရာခုနှစ်လုံးနဲ့ဖွဲ့စည်းထားပြီး အပြင်းထန်ဆုံး ကြိုးစားရယူရတဲ့ စကားလုံးကတော့ `အောင်မြင်မှု´ ပါ။ အဲဒါကို အရယူပါ တဲ့။

(8)The most troublesome eight-letters word is ' Jealousy'. Distance it.
အက္ခရာရှစ်လုံးနဲ့ဖွဲ့စည်းထားတဲ့ ဒုက္ခအပေးဆုံးစကားလုံးကတော့`မနာလိုဝန်တိုမှု´ ပါ။ အဲဒါကို ဝေးဝေးရှောင်ပါ တဲ့။

(9)The most powerful nine-letters word is ' Knowledge'. Acquire it.
အက္ခရာကိုးလုံးနဲ့တည်ဆောက်ထားတဲ့ အင်အားအရှိဆုံး စကားလုံးကတော့`အသိပညာဗဟုသုတ´ ပါ။ အဲဒါကို ကြိုးစားရယူပါ တဲ့။

(10)The most essential ten-letters word is ' Confidence'. Build it.
အက္ခရာဆယ်လုံးနဲ့ဖွဲ့စည်းထားတဲ့ မရှိမဖြစ်အလိုအပ်ဆုံး စကားလုံးကတော့`ယုံကြည်မှု´ ပါ။ အဲဒါကိုတည်ဆောက်ယူပါ တဲ့။

"၀ဋ် အမြဲ ငရဲ အပ"

ကျွန်တော်ကတော့အဲ့ ဒီ စကားကိုအရင်က စိုင်းထီးဆိုင် သီချင်းထဲမှာရယ်၊ မြန်မာစကားပုံထဲမှာရယ် ကြားဖူးပါတယ်။ ဘယ်လောက်လေးနက်တယ်ဆိုတာကိုတော့ မတွေးမိခဲ့ ပါဘူး။ အဲ့ ဒီစကားဟာ ကျွန်တော်တို့ မြတ်ဗုဒ္ဓ၏ တရားဓမ္မနှင့် ဆက်စပ်နေပြီး သဘောအဓိပ္ပါယ် တော်တော် လေးနက်တဲ့  စကားဖြစ်ပါတယ်။

ဝဋ်
'၀ဋ် ' ဆိုသည်မှာ ' ၀ဋ'္ဋ ဟူသော ပါဠိစကားမှ ဆင်းသက်လာပါသည်။ သံသရာ လည်ပတ်ခြင်း၊ အကြောင်းပြီး အကျိုး - အကျိုးပြီးအကြောင်း ဆက်စပ်ဖြစ်ပျက်ခြင်း၊ မကောင်းမှုပြုသည့်အတွက် သံသရာဘ၀ခရီး၌ ဆိုးကျိုးတစုံတရာကို ခံစားရခြင်း စသော အဓိပ္ပါယ်များ ရှိပါသည်။ ၀ဋ် သုံးမျိုးရှိပါသည်-
(၁) ကိလေသ၀ဋ် (အ၀ိဇ္ဇာ) တဏှာ၊ ဥပါဒါန်သုံးပါး၊
(၂) ကမ္မ၀ဋ် (ကုသိုလ်ကံ၊ အကုသိုလ်ကံ)၊
(၃) ၀ိပါက၀ဋ် (အကျိုးတရားများ)၊
ဝဋ် သည် နောက်ဆုံးအချက် ၀ိပါက၀ဋ် (အကျိုးတရားများ) နှင့်သက်ဆိုင်နေပါသည်။ သို့ ဖြစ်၍ '၀ဋ်' နှင့် '၀ိပါက' သည် စကားလုံး ကွဲပြားသော်လည်း ဘဘောအဓိပ္ပါယ် မကွဲပြားပါ။ ထို့ ကြောင့် တစ်စုံတစ်ယောက်သည် ဒုက္ခကြီးစွာ ခံစားနေရလျှင် '၀ဋ်ခံနေရတယ်၊ ၀ဋ်ကြီးတယ်' ဟူ၍လည်းကောင်း 'သူတပါးကို မညှင်းဆဲနဲ့ ၊ ၀ဋ် လိုက်တတ်တယ်၊ ၀ဋ် မှာအမြဲ ငရဲမှာ အပတဲ့ ' ဟူ၍လည်းကောင်း အစဉ်အလာ ဆုံးမပြောဆိုကြခြင်း ဖြစ်ပါသည်။

ငရဲ
'ငရဲ' သည် 'နိရယ' ဟူသော ပါဠိစကားမှ ဆင်းသက်လာပါသည်။ {နိ+(ရ) အယ။ အယ=ချမ်းသာခြင်း+နိ =မရှိ} ချမ်းသာသုခကို ရခွင့်မရှိသောကြောင့် ငရဲဟုခေါ်ခြင်းဖြစ်ပါသည်။ ငရဲကြီး ရှစ်ထပ်ရှိသည်။ သိဥ္ဇိုဝ်း၊ ကာလသုတ်၊ သံဃာတ၊ ရောရုဝ၊ မဟာရောရုဝ၊ တာပန၊ မဟာတာပန၊ အ၀ီစိငရဲတို့ ဖြစ်ကြပါသည်။ ထို ဘုံရှစ်ဘုံကိုပေါင်း၍ ငရဲဘုံ ဟု သုံးနှုန်းခေါ်ဝေါ်ကြပါသည်။ ထို ငရဲ တစ်ထပ်တစ်ထပ်စီတွင်လည်း ဘင်(မစင်)ပုပ်ငရဲ၊ ပြာပူငရဲ၊ လက်ပံတောငရဲ၊ သံလျက်ရွတ်ငရဲ၊ ကြိမ်ပိုက်ချောင်းငရဲဟု ငါးထပ်စီ တံတိုင်းခတ်သလို ရံပတ်တည်ရှိနေကြပါသည်။ ထိုအားလုံးကို ငရဲ ဟု ခေါ်ခြင်းဖြစ်ပါသည်။

ဝဋ် မြဲခြင်း
တစုံတယောက်သည် တစုံတစ်ယောက်အား ပြစ်မှားမိပါက ထိုသူသည် ငရဲ၌ ဆင်းရဲဒုက္ခ ခံစားနေရမည်ဖြစ်ပါသည်။ ငရဲမှ လွတ်လျှင်လည်း ဆင်းရဲဒုက္ခတစ်မျိုးမျိုး ကို ပြုမိခဲ့ သော အကုသိုလ်အားလျော်စွာ ခံစားရတတ်ပြန်သည်။ ထိုကဲ့ သို့  ခံစားရခြင်းကိုပင် ၀ဋ် ဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။ ထို ၀ဋ် ခေါ် မကောင်းမှုအကျိုးကို မည်သူမှ ရှောင်လွဲ၍ မရနိုင်ပါ။ မိမိပြုခဲ့ သော အကုသိုလ်ကံကြောင့် ငရဲသို့  ကျရောက်ရုံမျှဖြင့် မပြီးသေး။ အခွင့်သင့်သော ဘ၀တွင်လည်း ၀ဋ် ခေါ် ဆင်းရဲဒုက္ခတစ်မျိုးမျိုးကို ဆက်လက်ခံစားရသေးသည်။ မခံစားရအောင် မည်သူမျှ မရှောင်လွှဲနိုင်ကြပေ။ သို့ ဖြစ်၍ "၀ဋ်မှာ အမြဲ ငရဲမှာ အပ" ဟုဆိုထုံးပြုခဲ့ ကြခြင်း ဖြစ်ပါသည်။

ငရဲပခြင်း
ငရဲကား ၀ဋ် ကဲ့ သို့ မဟုတ်၊ မကောင်းမှု အကုသိုလ်ကို ပြုလုပ်လျှင် ငရဲသို့  ကျရောက်တတ်၏ဟု ဆိုသော်လည်း အကုသိုလ်ပြုမိတိုင်း ငရဲသို့ ရောက်ကြရသည်မဟုတ်၊ အကုသိုလ်ကို အမှန်တကယ် ပြုပါလျက် ငရဲနှင့် လွဲချင်လွဲတတ်ပါသည်။ မိမိပြုသော ကုသိုလ်ကံများဖြင့်လည်း ငရဲကို အပ ပြုနိုင်ပါသည်။ လတ်တလော ကုသိုလ်ကံကြောင့် နတ်ပြည်တို့  ရောက်နိုင်သော်လည်း ကုသိုလ်ကံ အရှိန်ကုန်လျှင် (အပါယ်တံခါးပိတ်နိုင်သော မဂ်ကုသိုလ်တစ်မျိုးမျိုးကို မရသေးလျှင်) ငရဲသို့  ရောက်နိုင်ပေသေးသည်။ ယခုစာဖတ်သူများလည်း ငရဲကို ယာယီ အပ ပြုနိုင်ခြင်းမဟုတ်ဘဲ၊ အလွန်အားကောင်းသော ကုသိုလ်ကံအဆင့်များမှ အကုသိုလ်ကံများကို ဘယ်တော့မှ အကျိုးပေးခွင့်မရအောင် ချေဖျက်ပစ်နိုင်သော အဆုံးသတ် အပ ပြုနိုင်သော၊ အကုသိုလ်ကံများအားလုံးသည် အဟောသိကံ(အချည်းနှီးကံ၊ အလကားကံ) များ ဖြစ်နိုင်သော၊ အကုသိုလ်ကံမှန်သမျှ ပျက်စီးသွားပြီဖြစ်၍ အပါယ်အကျိုး၊ ငရဲ အကျိုးကို ဘယ်သောကာလမှ မပေးနိုင်သော ပုဂ္ဂိုလ်များ ဖြစ်နိုင်ကြပါစေ.................။

လေးစားလျှက်
ကိုငယ်

"စိတ်ထား"

မူကြိုကျောင်းတစ်ကျောင်းမှာရှိ တဲ့ ဆရာမတစ်ယောက်ဟာ သူ့အတန်းထဲက ကလေးတွေနဲ့ ဂိမ်းတစ်ခုဆော့ဖို့ စီစဉ်ခဲ့တယ်။ အတန်းထဲမှာရှိတဲ့ ကလေးတိုင်းဟာကျောင်းကိုလာတိုင်း အာလူးထည့်ထားတဲ့ အိတ်တစ်လုံးစီ ယူလာရမယ်လို့ ဆရာမကပြောတယ်။ အာလူးတစ်လုံးစီမှာ သူတို့သိပ်မုန်းတယ်ဆိုတဲ့လူရဲ့ နာမည်ကိုရေးရမယ်။ ဒါကြောင့် သူတို့တစ်ယောက်စီရဲ့အိတ်မှာပါမယ့် အာလူးအရေအတွက်ဟာသူတို့ လူဘယ်နှယ်ယောက်လောက် မုန်းသလဲ ဆိုတာပေါ်မှာမူတည်နေတယ်။ နောက်နေ့မှာ ကလေးတိုင်းဟာ နာမည်ရေးထားတဲ့ အားလူးတွေ ကိုယ်စီသယ်လာကြတယ်။တချို့က(၂)လုံး၊ တချို့ကျ (၃)လုံး၊(၅)လုံးထိယူလာတဲ့လူတောင် ရှိတယ်။ဆရာမက အဲဒီအာလူးအိတ်ကို သူတို့ ဘယ်သွားသွား ကိုယ်နဲ့မကွာ ယူသွားရမယ်လို့မှာတယ်။ အိမ်သာတက်ရင်လည်း မချန်ခဲ့ရဘူး။ တစ်ပတ်တိတိလုပ်ရမယ်တဲ့။ရက်အနည်းငယ်ကြာတော့ ကလေးတချို့က စပြီးစောဒကတက်လာတယ်။ အာလုံးအပုတ်တွေကနေအနံ့ထွက်လာပြီကိုး။တချို့ကျ အာလူး (၅)လုံးတောင်သယ်ရတာဆိုတော့ လေးလံနေကြတာပေါ့။တစ်ပတ်ပြည့်တော့ ဂိမ်းကပြီးပြီလေ။ ဒါကြောင့် ကလေးတွေလည်း စိတ်လက်ပေါ့ပါးသွားတာပေါ့။ ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံး အာလူးအိတ်ကြီး သယ်ပြီးလျှောက်သွားနေတာဘယ်လိုခံစားရလဲ လို့ ဆရာမကမေးတော့ သူတို့ရဲ့ စိတ်ပျက်စရာကောင်းတဲ့ အတွေ့အကြုံတွေကို ပြောပြကြတယ်။ဘယ်ကိုပဲသွားသွား အဲဒီ လေးလည်းလေး နံလည်းနံတဲ့
အားလူးအိတ်ကြီးကို ဘယ်သူက သယ်သွားချင်ကြမှာတုန်း။ ဒီတော့ ဆရာမက ဒီဂိမ်းကစားရခြင်းရဲ့ ရည်ရွယ်ချက်ကို ရှင်းပြတယ်။အခုမင်းတို့ ခံစားခဲ့ရတဲ့ အခြေအနေဟာ ဘာနဲ့တူသလဲဆိုတော့ လူတစ်ယောက်ပေါ်မှာထားတဲ့အာဃာတ အမုန်းတွေကို သားတို့ရဲ့နှလုံးသားထဲမှာထည့်ပြီး လျှောက်သွားနေတာနဲ့ တူတယ်။ အကယ်၍ အဲဒီ
အာလူးပုတ်ရဲ့ အနံ့အသက်ကို တစ်ပတ်လေးတောင်မှမခံနိုင်ဘူးဆိုရင် သားတို့စဉ်းစားကြည့်စမ်း။ အမုန်းအာဃာတတွေကို မင်းတို့ရဲ့ နှလုံးသားထဲမှာ ဘ၀တလျှောက်လုံး သယ်သွားမယ်ဆိုရင်ဘယ်လိုနေမလဲ။ လူတွေအပေါ်မှာထားတဲ့ အမုန်းတွေကို လွှင့်ပစ်လိုက်ပါ။ ဘ၀တလျှောက်လုံး အဲဒီဒုက္ခကို သယ်မသွားပါနဲ့။ ခွင့်လွတ်ခြင်းဆိုတာ အမြင့်မြတ်ဆုံး စိတ်ဓါတ်ပါ။ မင်းမကြိုက်ဘူးဆိုတဲ့လူကိုတောင် မေတ္တာထားပါ။ မေတ္တာစစ် မေတ္တာမှန်ဆိုတာ ပြီးပြည့်စုံတဲ့လူကိုချစ်တာမဟုတ်ပါဘူး။မပြည့်စုံတဲ့သူကို ပြည့်ပြည့်၀၀ ချစ်တာပါ။  ။

 

‘တရားတော်များ’

Powered by Blogger.