''ငါအိုသွားသောအခါ''

ငါအိုသွားသောအခါ ငါဟာ အရင်လို မဟုတ်တော့ဘူး။ ငါ့ကိုနားလည်ပေးပါ။ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။ ချည့်နဲ့ နဲ့ လက်တွေနဲ့  ထမင်းဟင်းတွေ အင်္ကျီပေါ်ဖိတ်စင်သွားတဲ့ အခါ အင်္ကျီ၊ လုံချည် ဖိုသီဖတ်သီဖြစ်နေတဲ့ အခါ င့ါကိုမရွံပါနဲ့ ၊ ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့ တာတွေကို ကျေးဇူးပြုပြီး ပြန်သတိရပေးပါ။ အပ်ကြောင်းထပ်မက ပြောဖူးတဲ့  စကားတွေ ပြန်ပြောမိတဲ့ အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ။ ဇာတ်ကြီးဆယ်ဘွဲ့ တွေ စတဲ့ ပုံပြင်တွေ မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေ၊ ငါးရာ့ငါးဆယ်နိပါတ်တော်တွေ၊ တာတွေကို သတိရပေးပါ။ မလှုပ်ရှားနိုင်လို့  ရေချိုးဖို့  အကူအညီ လိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့ ။ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်လှည့် ရေချိုးပေးခဲ့ ဖူးတဲ့  ပုံရိပ်လေးတွေကို မြင်ယောင်ပေးပါ။ ခေတ်သစ်၊ နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ ရင် မလှောင်ပါနဲ့ ။ ငယ်ငယ်တုန်းက ဘာကြောင့်ဆိုတဲ့မေးခွန်းတိုင်းကို စိတ်ရှည်စွာငါပြန်ဖြေခဲ့တာကို သတိရပေးပါ။ စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့ အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကို ကူတွဲပေးကြပါ။ လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လမ်းလျှောက် လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ။
တစ်နေ့ ထက်တစ်နေ့  အိုစာသွားတဲ့  ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့ ။ နားလည်ပေးပါ။ အားပေးပါ။ အရန်တုန်းက လူ့ ဘ၀သက်လမ်းအတွက် ငါလမ်းညွန်ခဲ့ သလို အခုအချိန်မှာ ငါ့ဘ၀ နောက်ဆုံး အချိန်အတွက် ဖော်ပြုပေးပါ။ ချစ်ခြင်း မေတ္တာနဲ့  အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။အဲ့ဒီအပြုံးတွေထဲ မှာမဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ ရမှာပါ။ အပေါ်က ဗီဒီယို လေးကို ကြည့်ပြီး စာဖတ်သူများလည်း မိဘတွေကို ကျေးဇူးဆပ်နိုင်သော၊ အလုပ်ကျွေးပြုနိုင်သော သားသမီးများ ဖြစ်နိုင်ကြပါစေ လို့  ဆန္ဒပြုလိုက်ပါတယ်။

0 comments:

 

‘တရားတော်များ’

Powered by Blogger.